Channel Avatar

Phyu Phyu Kyaw Thein @UCy8todw3WsE2Gg1Ei-8748Q@youtube.com

388K subscribers - no pronouns :c

Phyu Phyu Kyaw Thein (ဖြူဖြူကျော်သိန်း), is a singer perform


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Phyu Phyu Kyaw Thein
Posted 5 days ago

တိုင်းပြည်နဲ့ လူမျိုးအတွက်မို့ ကိုယ်မြတ်နိုးတဲ့အလုပ်တွေကို စွန့်ခဲ့ရတာပါ ဒါလင်ရေ😜🤭။
အဲ့နေ့က ကိုယ်အရမ်းလှနေခဲ့လို့ ပုံလေးလာတင်တာ😁။ ဓါတ်ပုံသက်တမ်းကတော့ လေးငါးနှစ်။
မှတ်ချက်။ ။ အလုပ်ထဲက ဒါလင်ပါနော်။ ကိုရီးနဲ့ သွားမတိုင်ကြနဲ့အူး😝။

28K - 377

Phyu Phyu Kyaw Thein
Posted 1 week ago

မနေ့က ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့မှာ ပါရီကို တကြော့ပြန် ရောက်ခဲ့ပါတယ်။ ဒီတခါကတော့ တီချယ်ဖြူဖြူကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနားမှာ စကားပြောဖို့ ဖိတ်လို့ပါ😇။

Mr. Volker Türk (United Nations High Commissioner for Human Rights), Madame Isabelle Rome (Ambassador for Human Rights) တို့နဲ့လည်း တွေ့ခွင့်၊ သီးသန့်စကားပြောခွင့် ရခဲ့ပါတယ်။

UN High Commissioner ကိုလည်း မြန်မာပြည်တွင်းက ပဋိပက္ခဒေသတွေမှာ ဒီ ၃ နှစ်ကျော်အတွင်း ကာကွယ်ဆေးလုံးဝထိုးခွင့်မရသေးတဲ့ ကလေးတွေသန်းနဲ့ချီရှိကြောင်း ပြောပြခဲ့ပါတယ်။ သူကလည်း မြန်မာ့အရေးကို နိုင်ငံတကာမြင်ကွင်းမှာ အာရုံစိုက်မှုပိုရဖို့ကြိုးစားကြမယ့်အကြောင်း ပြောပါတယ်။

ဓာတ်ပုံတွေကတော့ တချို့အထူးဧည့်သည်တွေရဲ့လုံခြုံရေးအရ အနီးကပ်ရိုက်ခွင့်မရှိတာမို့ တီချယ်ဖြူဖြူ့ပုံလေးတွေပဲ များများထည့်ထားတာ၊သည်းခံကြည့်ကြနော်😁။

စင်ပေါ်တက်ပြောရတဲ့ ၅ မိနစ်စာ စပိချ်လေးကတော့ ပြင်သစ်လိုမို့ နောက်မှ video တင်ပေးပါမယ်လို့🥰

22K - 385

Phyu Phyu Kyaw Thein
Posted 1 week ago

နောက်က Louvre ပြတိုက်ကြီးထဲမှာ မိုနာလီဇာ ပန်းချီကားရှိတယ်တဲ့။
ဝင်မကြည့်လိုက်တော့ဘူး၊ ကိုရီး အပြုံးလောက် အသက်မဝင်ဘူး ထင်လို့🤭😝။

16K - 232

Phyu Phyu Kyaw Thein
Posted 2 weeks ago

ပရိသတ်တွေ ပို့ပေးတဲ့ ပါရီပွဲက ပုံလေးတွေ စုပြီး တင်လိုက်ပါတယ်။
Stage costume ကတော့ ထုံးစံအတိုင်း မြန်မာပြည်က ပရိသတ်တွေ မြင်ဖူးပြီးသားလေးပဲ ဝတ်ပါတယ်။ လွန်ခဲ့တဲ့ ၁၃-၁၄ နှစ်လောက်က ဝတ်ဖူးတဲ့ ဝတ်စုံလေးပါပဲ။
ဟုတ်ကဲ့…အညတရတိုင်းပြည်ကဆိုတော့ ဘယ်ဖက်ရှင်တိုက်ကမှ စပွန်စာမပေးပါဘူး 😝။
ဒါပေမယ့်…ကိုယ်လှတာကိုယ်သိပါတယ်နော် 😁😝။

16K - 274

Phyu Phyu Kyaw Thein
Posted 2 weeks ago

ပဲရစ်မြို့ကိုရမယ်ဆိုတောင် မင်းနဲ့မလဲနိုင်ဘူး😜

ဖြူဖြူက အီဖယ်မျှော်စင်နဲ့ ဓါတ်ပုံမရိုက်ဖူးလားတဲ့......

ပါရီ ဆိုတာက ဖြူဖြူကျော်သိန်း မြန်မာဆယ်လီဘဝက နှစ်တိုင်းနီးပါး ရောက်ဖြစ်တဲ့မြို့။
၂၀၀၈/၂၀၀၉ လောက်တည်းက စရောက်ဖူးတာပါ။ ဈေးဝယ်၊ လည်ပတ်၊ စားသောက်၊ သူငယ်ချင်းတွေနဲ့တွေ့၊ တခါတလေ တစ်လနီးပါးထိကို နေတာ။ print media ခေတ်တည်းက ဖြူဖြူ့ရဲ့ ဥရောပ ခရီးစဉ်တွေအကြောင်း ပါလေ့ရှိပါတယ်။

ခုတခါ ပြန်‌ရောက်တဲ့အချိန်မှာတော့…ဘဝက မတူတော့ဘူးလေ၊ အိမ်မဲ့ ယာမဲ့ဘဝနဲ့ ရောက်တာ။
ဘယ်မှလည်း မလည်ချင် မသွားချင်သလို၊ ဘာဓါတ်ပုံမှလည်း မရိုက်ချင် မတင်ချင်တော့လို့။ ခုကာလမှာ မကြာခဏ အလုပ်ကိစ္စ လူမှုရေးကိစ္စနဲ့ ရောက်ဖြစ်ပေမယ့်…အဲ့ဒီ အီဖယ်တာဝါကိုလည်း သွားကိုမသွားဖြစ်ဘူး။

အဲ…ဒီတခေါက်တော့ တီချယ်ဖလူဖလူ စကားကြီးစကားကျယ်တွေ ပြောရဖို့ အကြောင်းဖန်လာလို့ ပုံရိုက် ပို့စ်တင်လိုက်တာပါ😝။
နက်ဖြန်ညနေခင်းမှာ ပါရီမြို့ထဲက Théâtre de la Ville ဆိုတဲ့ ပြဇာတ်ရုံမှာ မြန်မာပြည်အကြောင်း မသိနားမလည်တဲ့ ပြင်သစ်သူပြင်သစ်သားတွေကို တည့်မတ်ပေးဖို့ စကားပြော၊ သီချင်းဆိုရမယ်ဆိုလို့ပါ😇😜😍။

ပြင်သစ်လိုပြောမှပဲ နားလည်မှာဆိုတော့ ပြင်သစ်လိုပဲ ပြောရမှာမို့၊ ကြိုးစားပြင်ဆင်လိုက်ပါဦးမယ်။

အဟဲ…ခုပို့စ်ဖတ်နေတဲ့သူတွေအတွက် အဓိက message ကတော့ ပထမဆုံးစာကြောင်းပါပဲ🤭။ မေ့သွားရင် ပြန်ဖတ်ပါလို့❤️😘။

20K - 377

Phyu Phyu Kyaw Thein
Posted 3 weeks ago

စနေနေ့ည ပါရီပွဲမှာ ဆိုမယ့် သီချင်းသုံးပုဒ်က
၁။ မြန်မာသီချင်း
၂။ အင်္ဂလိပ်သီချင်း
၃။ ပြင်သစ်သီချင်း

ပြင်သစ်သီချင်း ဆိုလို့ cover song လို့မထင်လိုက်နဲ့ ဦးနော်😜။ ဖြူဖြူဆိုဖို့ သီးသန့်ရေးပေးထားတဲ့ အသစ်စက်စက် ပြင်သစ်သီချင်း😉။
ပွဲလာမယ့်သူတွေ ဦးဦးဖျားဖျား နားဆင်ရမှာပါ။
မကြာခင်လည်း ဗားရှင်း နှစ်မျိုး (English and French) official release လုပ်ပါမယ်။
နံပါတ် ၁ နဲ့ ၂ ကတော့ သိပြီးသား သီချင်းလေးတွေပါ။

ပုံတွေကတော့ ဘားမဆိုင်ဘူး။ Click to fight-UK က အစ်ကိုတွေ ရိုက်ပေးထားတာ မကုန်သေးလို့ တင်လိုက်တာ🤭။

မှတ်ချက်။
လက်မှတ်ကတော့ မကျန်တော့ဘူး၊ fully booked၊ ကုန်သွားပါပြီ။

21K - 320

Phyu Phyu Kyaw Thein
Posted 3 weeks ago

ဆောင်းဦးရွက်ကြွေ ချစ်သက်သေ…ဘာညာ သာရကာ…ကိုးရီးယားကားရိုက်ပြီး ကြူးမယ်ဆို ပုံတွေရိုက်ထားလိုက်တာပဲ😝။
ကြူးစရာ ဗိုလ်ကြီးလည်း မရှိ၊ ကိုရီးလည်း မရှိ ဆိုတော့…ကိုယ့်ပရိသတ်တွေကိုပဲ ပုံတင်ပြီး ကြူးလိုက်ပါပြီနော်😁။
ချစ်တယ်ဘာညာတော့ လုပ်သွားပေးအူး🤭။

Location : Green Park, London.
Photographer : ပါပါးသက်

25K - 1.1K

Phyu Phyu Kyaw Thein
Posted 1 month ago

Phyu Phyu in Paris!
အရမ်း စိတ်မလှုပ်ရှားလိုက်နဲ့ဦးနော်😁။
၃ ပုဒ်ပဲဆိုမှာ😝။

ဘာဖြစ်လို့လဲ။
မြန်မာပွဲ သီးသန့်မဟုတ်လို့ပါ။

တီးဝိုင်းကရော။
တီးဝိုင်းလည်းငှားမပေးနိုင်ပါဘူး😁။ ကိုယ့်ဟာကိုယ်တီးပြီးဆိုမှာ။ ကိုယ်တီးမှ ကိုယ်ဆိုရတဲ့ဘဝဆိုတာဒါပဲ😁။

စကားတွေရောပြောဦးမှာလား။
ပြောရမှာပေါ့။ စကားပြောချင်လို့ကို ဒီလိုပွဲမျိုးတွေကို လက်ခံတာလေ။ ကိုယ့်နိုင်ငံ နာမည်ကိုတောင် မသိတဲ့သူတွေ အများကြီးရှိတဲ့ အရပ်မှာ ပြောကိုပြောရမှာပေါ့။
ခက်တာတစ်ခုကတော့ ပြင်သစ်လိုပြောရမှာ😁။ လာထား ပြောရဖို့လိုတယ်။ ကြိုးစားပြောမှာပဲ💪။

ပွဲနေရာကရော။
နေရာကတော့ အတော်ကောင်းတဲ့ Théâtre အစစ်ကြီးပါ။
ThÊâtre De La Ville - Sarah Bernhardt
2 place du Châtelet Paris.

အချိန်။
November 30, 2024
18:30hr - 20:00hr

လက်မှတ်ဝယ်ရလား။
မဝယ်ရပါဘူး။ ဒါပေမယ့် registration ကြိုလုပ်ရပါ့မယ် ( ကွန်မန့်မှာ ရေးထားပါမယ်)။ မဟုတ်ရင်ပေးမဝင်ပါဘူးတဲ့။

MC လို့ခေါ်တဲ့ အခမ်းအနားမှူးက ဘယ်သူလဲတဲ့။
Geneviève Garrigos.
Ancienne prÊsidente d'Amnesty International-France, Êlue conseillère de Paris dans le XXème arrondissement et prÊsidente de la commission "Associations - Sports - Relations internationales".

ပွဲခေါင်းစဉ်။
Asia under Influence, Asia in Resistance.

မှတ်ချက်။
ဒီလိုပွဲမျိုးတွေက ဖြူဖြူ ဒီမှာ မကြာခဏ ဆိုဖြစ်ပါတယ်။ ပါရီမှာတော့ ပထမဆုံးပေါ့။ ခရီးစားရိတ် နေထိုင်စားရိတ်တွေ များမှန်းသိလို့ ကိုယ့်မြန်မာ မိသားစုတွေ အနီးအနားမှာရှိမှ၊ အဆင်ပြေမှပဲ လာ ပါနော်။ အပို မကုန်စေချင်လို့ပါ။ အားလုံးသိပြီးသားအကြောင်းအရာတွေကိုပဲ မသိတဲ့သူတွေကိုပြောပြမှာပါ။ ကိုယ့်တွေ အချင်းချင်းအတွက် ဘာမှ အသစ်အဆန်းတွေ မဟုတ်လို့ပါ။ သီချင်းကလည်း ၃ ပုဒ်တည်း မလို့ပါ။

အဟဲ... မိုက်လိုက်တဲ့ပြင်သစ်တွေနော်။ ဖြူဖြူကျော်သိန်းတစ်ယောက်လုံး ရ ထားတာတောင် ၃ ပုဒ်ထက်ပိုဆိုအောင် မလုပ်နိုင်ဘူး😝။

27K - 480

Phyu Phyu Kyaw Thein
Posted 1 month ago

အားလုံးနဲ့လဲပေးခဲ့တဲ့ "သူမ" အတွက် ဖြူဖြူ ပြန်ပေးနိုင်တာဆိုလို့ သီချင်းလေးတစ်ပုဒ်ပဲရှိလို့ ရှက်ရပါတယ်…
အန်တီစုရဲ့မိသားစုကို အားနာ ကျေးဇူးတင် တောင်းပန်ရပါတယ်။

I deeply apologize Ko Htein Lin, his brother and the grand children of Aunty Su.

She chooses us but we have failed her…

36K - 539

Phyu Phyu Kyaw Thein
Posted 1 month ago

ဖြူဖြူ့ရဲ့ အနှစ်၂၀ stage life မှာ ပထမဦးဆုံး piano ကိုယ်တိုင်တီးပြီး သီဆိုဖျော်ဖြေဖြစ်တာပါ။ ပထမဆုံးလို့ ဆိုတဲ့ performance တွေကို မြင်ခွင့်ရဖို့အတွက် တစ်ပွဲမလွတ် series လိုက်အားပေးတတ်တဲ့ မြန်မာပြည်က အမာခံပရိသတ်တွေကို လွမ်းမိပါတယ်။

ဒီ အနက်ရောင်ဝတ်စုံလေးကတော့ မြန်မာပြည်ကပရိသတ်တချို့ မြင်ဖူးပြီးသားဖြစ်မှာပါ။ UK က ပရိသတ်တွေ မြင်ဖူးတယ်ရှိအောင် ခဏငှားပေးလိုက်တာပါတဲ့နော်😜။ မြန်မာမှာ Grace Point လို Theater ကြီးမရှိပေမယ့် ဖြူဖြူက ဖြူဖြူ့ရဲ့ မြန်မာပြည်တနှံ့တလျားက ပရိသတ်တွေအတွက် ဘယ်လို‌တွေ ပြင်ဆင်တင်ဆက်ခဲ့လဲဆိုတာ သိရအောင်လို့ပါတဲ့။

ပြန်ရောက်လာတဲ့အခါ ကံ့ကော်ပန်းတွေခေါင်းမှာ ပန်ပေးမတဲ့...
မငိုပါနဲ့.....ဖြူဖြူ တဲ့...

19K - 237