Channel Avatar

DR. AUNG @UCy0ubvD0RhXb8DYqA_7iPiQ@youtube.com

318K subscribers - no pronouns :c

ကျန်းမာရေးဗဟုသုတ အခမဲ့မျှဝေရာနေရာ


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

DR. AUNG
Posted 1 day ago

ခေါင်းမူးတဲ့ဝေဒနာ ခံစားနေရတဲ့သူတွေ ရှိပါသလား ⁉️

ခေါင်းမူးခြင်းနဲ့ပတ်သတ်ပြီး သက်သာစေမယ့်နည်းလမ်းတွေကို video လေးလုပ်ပြီး မျှဝေပေးချင်ပါတယ်

ဒါပေမယ့် ခေါင်းမူးစေတဲ့အကြောင်းအရင်းတွေက အများကြီးရှိတော့ ဘယ်ရောဂါကို အရင်ဦးစားပေးပြီးပြောရမလဲ စဉ်းစားရခက်နေပါတယ်၊ ဒါကြောင့် အဖြစ်အများဆုံး * ခေါင်းမူးစေတဲ့ အကြောင်းအရင်း/ ရောဂါ * ကို စပြီးပြောပါမယ်

ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ မိမိတို့ခံစားနေရတဲ့ ခေါင်းမူးခြင်းဝေဒနာ၊ ရောဂါလက္ခဏာနဲ့အတူ * ရောဂါနာမည် * ကိုပါ ကွန်းမန့်မှာ ရေးသွားပေးစေချင်ပါတယ်

ဒီအထဲကမှ အဖြစ်များတဲ့ * ခေါင်းမူးစေတဲ့ ရောဂါ * အကြောင်းနဲ့ သက်သာစေမယ့်နည်းလမ်းတွေကို အရင်ဆုံးပြောပြပေးပါမယ်

အားလုံးကို ကျေးဇူးတင်ပါတယ်

183 - 14

DR. AUNG
Posted 1 week ago

တပ်ရတော့မှာပါ၊ နှာခေါင်းစည်းတပ်ကြပါ ✅

ဒီရောဂါဟာ close contact လို့ခေါ်တဲ့ ရောဂါပိုးရှိတဲ့ လူအချင်းချင်း၊ တိရစ္ဆာန် စတာတွေနဲ့ အနီးကပ်ထိတွေ့မိခြင်း (အသားချင်းထိတာ)၊ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကို ဟင်းအဖြစ်ချက်ပြုတ်သုံးဆောင်တဲ့အခါ ကျက်အောင်မချက်တာ စတာတွေကနေကူးစက်နိုင်သလို စကားပြောရင်း၊ နှာချေ၊ ချောင်းဆိုးရင်းကနေ အသက်ရှူလမ်းကြောင်းထဲကနေထွက်လာတဲ့ respiratory droplets လို့ခေါ်တဲ့အမှုန်လေးတွေကို တိုက်ရိုက်ရှူသွင်းမိရာကနေလည်း ကူးစက်နိုင်တဲ့အတွက် နှာခေါင်းစည်းမဖြစ်မနေ တပ်ကြပါ၊ ကြိုတင်ကာကွယ်ကြပါ

ရောဂါက ဒီနေ့အထိသိရတဲ့သတင်းတွေအရတော့ လူအများစုမှာ အရမ်းကြီးမပြင်းထန်တဲ့အတွက် အရမ်းစိုးရိမ်ကြောက်လန့်နေတာမျိုးတော့ မဖြစ်စေချင်ပါဘူး၊ ဒါပေမယ့် ကြိုတင်ကာကွယ်ထားလို့ရတာလေးတွေကိုတော့ အခုတည်းက ဂရုစိုက်ပြီးလုပ်ထားစေချင်ပါတယ်၊ ဒါကြောင့် နှာခေါင်းစည်းတပ်ကြပါ

#မျောက်ကျောက်ရောဂါ #mpox #mpoxvirus #mpoxvirusawareness #monkeypox #monkeypoxvirus #draung

1.3K - 15

DR. AUNG
Posted 1 month ago

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အရေးကြီးဆုံးလုပ်ရမယ့် အချက် (၄) ချက်

ခုတလော လူတော်တော်များများ ဝမ်းပျက်ဝမ်းလျှောရောဂါ တွေ ဖြစ်နေကြပါတယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ လူတချို့မှာဆိုရင် ပြင်းပြင်းထန်ထန်မခံစားရဘဲ ပျောက်ကင်းသွားတတ်ပေမယ့် တချို့လူတွေမှာဆိုရင် အချိန်မီမကုသဘူးဆိုရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်၊ ဒီတော့ အရမ်းကြီးစိုးရိမ်ကြောက်လန့်နေစရာမလိုသလို ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး၊ ဒီ နေ့မှာတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အရေးကြီးဆုံးလုပ်ရမယ့် အချက် (၄) ချက် ကို ပြောပြပေးမှာဖြစ်ပါတယ်

(၁) ရေဓာတ်ခမ်းခြောက်ခြင်းမဖြစ်အောင် ဂရုစိုက်ပါ
ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် ကျွန်တော်တို့အကြောက်ဆုံးအရာက ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်ပါတယ်၊ ရေဆိုတာက တနည်းအားဖြင့်ဘာနဲ့တူလဲဆိုရင် ခန္ဓာကိုယ်ထဲမှာဆိုရင် သွေးနဲ့အတူတူပါပဲ၊ သဘောကတော့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ရင် သွေးပမာဏပါလျော့နည်းလာပါတယ်၊ သွေးပမာဏလျော့နည်းလာခြင်းကြောင့် သွေးပေါင်ချိန်တွေကျလာမယ်၊ အဲ့ဒီအခါ သွေးစီးဆင်းမှုလျော့နည်းလာပြီး ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အင်္ဂါတွေကို သွေးထောက်ပံ့မှုကျဆင်းလာမယ်၊ ဥပမာ ကျောက်ကပ်သွေးစီးဆင်းမှုလျော့နည်းလာရင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်၊ ဒီလိုပဲ သွေးပေါင်ချိန်တွေမတရားထိုးကျပြီး shock ရတဲ့အခြေအနေမှာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အင်္ဂါတွေပျက်စီးလာပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်

ဒီတော့ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့အတွက် အလွယ်ကူဆုံးလုပ်လို့ရတာကတော့ ဓာတ်ဆားရည်သောက်ဖို့ပါပဲ၊ ရိုးရှင်းသော ဓာတ်ဆားရည်လေးသောက်ခြင်းက ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက်ဆုံးရှုံးနိုင်ချေကို ရာခိုင်နှုန်းအများကြီး ကာကွယ်ပေးနိုင်ပါတယ်

ဒီတော့ ဓာတ်ဆားရည်ကို ဘယ်လောက်သောက်ရမလဲ၊ ဘယ်လိုဓာတ်ဆားရည်မျိုးကို သောက်ရမလဲ ?
ဓာတ်ဆားရည်ပမာဏဘယ်လောက်သောက်ရမလဲဆိုတာကို အလွယ်ကူဆုံးမှတ်ရမယ်ဆိုရင် ဝမ်းသွားသလောက်ပြန်သောက်ဖို့ဖြစ်ပါတယ်၊ ကိုယ်ဝမ်းသွားတဲ့ပမာဏများရင် များများသောက်ရပါမယ်၊ ပမာဏနည်းရင် တော့ နည်းနည်းသောက်ပါ

ဘယ်လိုဓာတ်ဆားရည်သောက်ရမလဲဆိုရင် WHO formula နဲ့ဖော်စပ်ထားတဲ့ မည်သည့်ဓာတ်ဆားရည်မဆို သောက်လို့ရပါတယ်၊ WHO formula ဆိုတာကတော့
- sodium chloride 3.5 g
- potassium chloride 1.5 g
- sodium citrate 2.9 g
- dextrose anhydrous 20 g
ဒီလိုမျိုးပါဝင်တဲ့ဓာတ်ဆားရည်မျိုးဖြစ်ပါတယ်

ဒီလို WHO formula နဲ့ထုတ်လုပ်ထားတဲ့ ဓာတ်ဆားတွေကတော့ BPI ဓာတ်ဆား, MPF ဓာတ်ဆား၊ electral forte, peditral စတဲ့ဓာတ်ဆားတွေဖြစ်ပါတယ်၊ ဒါကတော့ လက်လှမ်းမီသလောက် ဥပမာပေးတာပါ၊ နောက်ထပ်လည်းရှိပါသေးတယ်

ဓာတ်ဆားရည်တစ်ထုတ်ကို ရေ (၁) လီတာနဲ့ဖျော်ပါ၊ ရေသန့်နဲ့ဖျော်တာအကောင်းဆုံးပါ၊ ရေသန့်မရှိရင် ရေကိုကျိုချက် အရေးခံပြီးဖျော်ပါ၊ ဓာတ်ဆားဖျော်တဲ့ ရေဘူး သန့်ရှင်းဖို့တော့ လိုပါတယ်၊ ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ပါ၊ ၂၄ နာရီပြည့်လို့မကုန်ရင် သွန်ပစ်ပြီး အသစ်ဖျော်ပါ
ဓာတ်ဆားသောက်ရင် သတိထားရမှာကတော့ ဓာတ်ဆားထုတ်ကိုဖောက်လိုက်လို့ အထဲကအမှုန့်တွေက ခဲနေတာ၊ အစိုပြန်နေတာ၊ အဝါရောင်ပြောင်းနေတာဆိုရင် သောက်လို့မရပါဘူး

(၂) အာဟာရဓာတ်ပြည့်ဝအောင် အစာစားပါ
တချို့က ဝမ်းလျှောနေတဲ့သူကို ဘာမှမကျွေးဘဲ ဓာတ်ဆားရည်တစ်မျိုးပဲတိုက်ပြီး ဒီတိုင်းထားတတ်ကြပါတယ်၊ တကယ်က အဲ့လိုလုပ်လို့လုံးဝမရပါဘူး၊ လူနာက ပျို့တာအန်တာ၊ ဗိုက်အောင့်တာမရှိဘူး၊ ပါးစပ်ကလည်း စားနိုင်နေတယ်ဆိုရင် ပူပူနွေးနွေးချက်ထားတဲ့ အစာပျော့ပျော့ကျွေးလို့ရပါတယ်၊ ဥပမာ ထမင်းပျော့ပျော့၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ် တွေအပြင် အခြားသော အာဟာရရှိမယ့်အစားအစာတွေ ကျွေးလို့ရပါတယ်
ရှောင်ရမှာတွေကတော့ အပူအစပ်တွေ၊ အစာမာမာတွေ၊ အရက်ဘီယာ၊ ကဖိန်းပါတဲ့အစားအစာတွေရှောင်ပါ

(၃) သန့်ရှင်းရေးဂရုစိုက်ပါ
ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ဗိုင်းရပ်ပိုး၊ ဘတ်တီးရီးယားပိုးတွေကြောင့် အဖြစ်များပါတယ်၊ ဒီပိုးတွေဟာ သန့်ရှင်းမှုအားနည်းလို့အလွယ်တကူ ကူးစက်တာဖြစ်ပါတယ်၊ သန့်ရှင်းရေးဂရုစိုက်ခြင်းဟာ ဝမ်းမလျှောခင်ကာကွယ်ဖို့ရော၊ ဝမ်းလျှောနေစဥ် ပိုမဆိုးအောင်ရော၊ မိသားစုဝင်တွေကို မကူးစက်အောင်ရော အရေးပါပါတယ်
အစာသန့်ဖို့၊ လက်သန့်ဖို့၊ ရေသန့်ဖို့၊ အိမ်သာသန့်ဖို့လိုပါတယ်
ဝမ်းလျှောနေတဲ့သူအနေနဲ့ အစာမစားခင်တစ်ခါ၊ အစားစားပြီးရင်တစ်ခါလက်ဆေးပါ
ဝမ်းလျှောနေတဲ့သူရဲ့အညစ်အကြေး၊ အဝတ်အစား၊ အသုံးအဆောင်တွေကိုင်တွယ်ပြီးတိုင်း ဘယ်သူမဆိုလက်ဆေးပါ

(၄) အန္တရာယ်ပြလက္ခဏာများ စောင့်ကြည့်ပါ
ဝမ်းပျက်ဝမ်းလျှောလူနာမှာ ပြင်းထန်ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေပြရင်တော့ အန္တရာယ်ရှိပါတယ်၊ ဥပမာ
- ရေအရမ်းငတ်တာ
- အာခေါင်ခြောက်တာ၊ အရေပြားခြောက်သွေ့တာ
- ဆီးအရမ်းနည်းတာ/ ဆီးမထွက်တော့တာ
- နုန်းတာ၊ ခေါင်းမူးတာ
- ဆီးအရောင် မည်းမည်းတွေသွားတာ
- မှိန်းတာ
- အစားမဝင်တော့တာ စတဲ့လက္ခဏာတွေဖြစ်ရင်တော့ အရေးကြီးတဲ့အတွက် ဆေးရုံဆေးခန်းအမြန်ပြပါ
ဒါ့အပြင် ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေ၊ အဘိုးအဘွားတွေဖြစ်ရင်လည်း ဆေးရုံဆေးခန်းပြပါ

အခုလောက်ဆိုရင် ဝမ်းပျက်ဝမ်းလျှောခံစားရတဲ့အခါ သတိထားရမယ့် အရေးကြီးတဲ့အချက်တွေကို သိရှိသွားလောက်ပြီလို့ယူဆပါ
အားလုံးပဲ ရောဂါမျိုးစုံအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ

#အခြားသူများသိစေရန် share နိုင်ပါတယ်
#ကော်ပီကူး၍ပြန်တင်ခြင်းခွင့်မပြုပါ
#DrAung
#Dr Theikdi Aung
#Theikdi AUNG
#ဝမ်းပျက်ဝမ်းလျှော
#Diarrhea
#Loosemotion

510 - 18

DR. AUNG
Posted 4 months ago

❗️"99,000 ကျပ်" သာ ကျသင့်မဲ့ ‘အွန်လိုင်းဆေးဝါးသင်တန်း’ တက်ရောက်နိုင်မည့် အခွင့်အရေး❗️

🔷️‘Success Galaxy Training Center’ မှ လူတိုင်းအတွက် အကျိုးရှိတဲ့ ဆေးဝါးသင်တန်းကို ခုလို ကြပ်တည်းနေတဲ့ ကာလမှာ လူတိုင်း တက်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဘယ်မှာမှ မရနိုင်တဲ့ သင်တန်းကြေးနဲ့ တက်ရောက်ခွင့်ရဖို့အတွက် Discount လျှော့ချပေးမှာပဲ ဖြစ်ပါတယ်ရှင်။

🔷️ပုံမှန်သင်တန်းကြေး "320,000 ကျပ်" မှ "99,000 ကျပ်"အထိ Discount အခွင့်အရေး ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

🔷️"Success Galaxy အွန်လိုင်းဆေး၀ါးသင်တန်း" ဟာ ဆိုရင် သင်တန်းသားပေါင်း (၄၀၀ ၀န်းကျင်) သင်ကြားပေးထားပြီးပြီ ဖြစ်ပြီး တက်ရောက်ပြီးတဲ့ သင်တန်းသားဟောင်းများရဲ့ Review ကောင်း များစွာလဲ ရရှိထားပြီး ဖြစ်ပါတယ်ရှင်။

🔷️ဒီလို Review ကောင်းများစွာ ရရှိထားပြီး အရမ်းတန်တဲ့ သင်တန်းကြေးနဲ့ ဆရာဝန်နှစ်ယောက်ဆီက ပညာတွေ သင်ကြားနိုင်မဲ့ "Success Galaxy အွန်လိုင်း ဆေးဝါးသင်တန်း" ကို ဒီနေ့ 'May-1 / 2024' ရက်နေ့မှာ Batch(6) အတွက် သင်တန်းအပ် စတင်လက်ခံပါပြီရှင်။

👉🏻 သင်တန်းအကြောင်း 👈🏻

🔹 ဘယ်သူတွေသင်မှာလဲ ?
👉🏻 ဆေးကုသခြင်းနှင့်ဆေးဝါးဆိုင်ရာအတွေ့အကြုံ (၉) နှစ်ရှိပြီဖြစ်တဲ့ Dr Aung နဲ့ Dr Phyu တို့နှစ်ယောက်တွဲဖက်သင်ကြားပေးမှာဖြစ်ပါတယ်။

👉🏻 ဒါကလည်း ဒီသင်တန်းရဲ့အားသာချက်ဖြစ်ပါတယ်၊ သင်တန်းတစ်ခုတည်းတက်ရုံနဲ့ ဆရာဝန်နှစ်ယောက်ရဲ့အတွေ့အကြုံတွေကို တစ်နေရာတည်းကနေသင်ယူခွင့်ရမှာဖြစ်ပါတယ်။

🔹 ဘာတွေသင်ပေးမှာလဲ ?
👉🏻 ဆေးဆိုင်တစ်ဆိုင်ဖွင့်နိုင်လောက်တဲ့အထိ လိုအပ်တဲ့ဆေးဝါးပညာတွေ၊ ဆေးရောင်းသူကျင့်ဝတ်နဲ့အညီ ဆေးတွေရောင်းချတတ်အောင်၊ ဆေးမမှားအောင်၊ ဆေးဝယ်သူကိုဘေးဥပါဒ် မဖြစ်အောင် စတဲ့အခြေခံပညာရပ်တွေကစပြီး ဆေးဆိုင်ရောင်းအားကောင်းအောင် Marketing Skill တွေကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်။

👉🏻 Marketing Skill တိုးတက်ဖို့အတွက် စီးပွားရေးဆိုင်ရာ ဆရာမတစ်ဦးမှ Special Guest Teacher အနေနဲ့ လာရောက်သင်ကြားပေးမှာဖြစ်ပါတယ်။

👉🏻 ဒါ့အပြင် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ၊ အဖြစ်များသောရောဂါများအကြောင်း၊ ဆေးဝါးနှင့်ဆေးပညာဆိုင်ရာအယူအဆမှားတွေရဲ့အန္တရာယ်ကြီးပုံ စတာတွေကိုပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်တဲ့အတွက် ဆေးပညာဆိုင်ရာဗဟုသုတတွေ များစွာရရှိမှာဖြစ်ပြီး ၎င်းတို့၏အကျိုးကျေးဇူးတွေကိုပါ ရရှိခံစားရမှာဖြစ်ပါတယ်။

🔹 Batch-6 ဘယ်တော့စမှာလဲ ?
လာမယ့် July လ (၅) ရက်နေ့ (သောကြာနေ့) မှာ Batch-6 စမှာဖြစ်ပါတယ်။

🔹 သင်တန်းကာလ ?
👉🏻 သင်တန်းကာလကတော့ (၄)လတိတိ ကြာမြင့်မှာဖြစ်ပါတယ်။

🔹 စာသင်ကြားမည့် ပုံစံ
👉🏻 Facebook Private Group နဲ့ Telegram Group ထဲမှာ သင်ခန်းစာ Recorded Videos တွေ တင်ပေးထားမှာဖြစ်ပြီး အပတ်စဥ် ‘တနင်္ဂနွေနေ့’ (ည-၆နာရီခွဲ မှ ၈နာရီခွဲ အထိ) ဒေါက်တာတို့ Zoom နဲ့ တိုက်ရိုက် ဆွေးနွေးပေးမည့် စာသင်ချိန် ရှိပါမယ်ရှင်။

👉🏻အပတ်စဥ် တနင်္ဂနွေ Discussion နေ့တိုင်းမှာ ဆရာနဲ့သင်တန်းသားတွေ Face to Face အပြန်အလှန် ဆွေးနွေးလို့ရအောင် Zoom Live နဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ Zoom Discussion ကိုလဲ Facebook Private Group နဲ့ Telegram Group ထဲမှာ ပြန်လည်တင်ပေးထားမှာဖြစ်ပါတယ်။

👉🏻 Facebook group အပြင် messenger group, telegram channel များလည်းရှိတဲ့အတွက် သင်တန်းသားအချင်းချင်းလည်းရင်းနှီးမှုရရှိနိုင်မှာဖြစ်တဲ့အပြင် ဆရာ၊ဆရာမများကိုလည်းသိလိုသမျှတွေကို အချိန်မရွေးမေးမြန်းလို့ရနိုင်မှာဖြစ်ပါတယ်။

🔹 အလုပ်မအားလို့ Live မကြည့်နိုင်ရင်ရော ?
👉🏻 အလုပ်မအားလို့၊ အလုပ်ချိန်နဲ့တိုက်နေလို့ Live မကြည့်နိုင်တဲ့သူတွေအနေနဲ့ အလုပ်အားတဲ့အချိန်ပြန်ကြည့်လို့ရအောင် Live Videos တွေနဲ့ Recorded videos တွေကိုမဖျက်ဘဲ Facebook Group နဲ့ Telegram group ထဲမှာ တစ်နှစ်တိတိထားပေးမှာဖြစ်ပါတယ်။ မိမိအားတဲ့အချိန် အချိန်မရွေး သင်ယူလေ့လာလို့ ရပါတယ်ရှင်။

🔹စာမေးပွဲ စစ်မှာလား ?
👉🏻 သင်ခန်းစာကျေညက်မှုရှိအောင် စာမေးပွဲ (၂) ပတ်တစ်ခါစစ်ဆေးမှာဖြစ်ပါတယ်။

👉🏻 စာမေးပွဲဖြေရခြင်းကြောင့် မိမိရဲ့အတွေးအခေါ်ကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။

👉🏻 မိမိရဲ့အသိပညာ၊ ဗဟုသုတတိုးတက်ဖို့ အချိန်အား၊ ငွေအား ရင်းနှီးမြှုပ်နှံခြင်းက မိမိအတွက်၊ မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်ပါအကျိုးရှိစေမယ့် အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်ရှင်။

🔹 ဘယ်သူတွေတက်သင့်လဲ ?
👉🏻 ဆေးဆိုင်ဖွင့်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့သူတွေ၊
👉🏻 ဆေးဆိုင်မှာ အလုပ်လုပ်ချင်သူတွေ၊
👉🏻 ဆေးဝါးတွေအကြောင်းနားလည်ချင်သူ၊စိတ်ဝင်စားသူတွေ၊ မိသားစုကျန်းမာရေးကိုအနီးကပ်စောင့်ရှောက်ပေးချင်သူတွေ တက်သင့်ပါတယ်။

🔹 အသက်အရွယ်ကန့်သတ်ချက်ရှိလား ?
👉🏻 အသက်အရွယ်၊ လူမျိုး၊ ဘာသာ မည်သည့်ကန့်သန့်ချက်မျှမရှိပါဘူး၊ English စာရေးတတ်၊ဖတ်တတ်သူတိုင်း တက်လို့ရပါတယ်။

👉🏻 နိုင်ငံခြားရောက် မြန်မာတိုင်းရင်းသားပေါင်းစုံလည်းတက်လို့ရပါတယ်၊ လက်ရှိ Batch တွေမှာဆိုရင်လည်း Singapore, Thai, Korea, Malaysia, Japan, Sweden, Norway, Australia, UK, US စတဲ့နိုင်ငံများမှ မြန်မာများလည်း တက်ရောက်လျက်ရှိပါတယ်။

🔹 သင်တန်းအပ်လို့ရပြီလား ?
👉🏻 ယနေ့ May -1 ရက်နေ့ ကစပြီး သင်တန်းအပ်လို့ရပါပြီ။

🔹 သင်တန်းစာအုပ်ရောရနိုင်လား ? စာအုပ်ဖိုးကရောဘယ်လောက်လဲ ?
👉🏻 စာအုပ်နဲ့လိုက်မှတ်ချင်သူတွေအတွက် သင်တန်းစာအုပ်လည်း ဝယ်ယူရရှိနိုင်ပါတယ်။

👉🏻 စာအုပ်ဖိုးကတော့ Volume 4 ခုစာ (စာအုပ် - ၄ အုပ်) ကို "ငါးသောင်းကျပ်" ကျသင့်မှာဖြစ်ပါတယ်
(ကုန်ကြမ်းစျေးနှုန်းအပြောင်းအလဲရှိနိုင်သောကြောင့် စာအုပ်ဖိုးက စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်ရှင်)

🔹 စုံစမ်းရန်
👉🏻 သင်တန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက Success Galaxy Training Center page messenger
m.me/successgalaxytrainingcentre
(သို့)
09978401253
09979902423
09943484218
ဒီဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ရှင့်။

💠အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်💠

#SuccessGalaxy
#PharmacyAssistantTraining
#DrAung
#DrPhyu
#အွန်လိုင်းဆေးဝါးသင်တန်း
#ဆေးဆိုင်

99 - 3

DR. AUNG
Posted 4 months ago

အဖြေမှန်တစ်ခု ရွေးပါ

108 - 15

DR. AUNG
Posted 4 months ago

အဖြေမှန် တစ်ခုရွေးပါ ✅

227 - 73

DR. AUNG
Posted 4 months ago

အဖြေမှန် တစ်ခုရွေးပါ ✅

132 - 20

DR. AUNG
Posted 4 months ago

အဖြေမှန် ရွေးပါ ✅

127 - 29

DR. AUNG
Posted 4 months ago

အဖြေမှန် ရွေးပါ ✅

170 - 50

DR. AUNG
Posted 4 months ago

မိတ်ဆွေများအားလုံး ဒီနှစ်သစ်ကစလို့ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းတွေကိုပဲ ပိုင်ဆိုင်နိုင်ကြပါစေ

အခက်အခဲမှန်သမျှ အမြန်ဆုံးကျော်ဖြတ်နိုင်ကြပါစေ 💪💪💪

639 - 45