Channel Avatar

DVB TV News @UCuaRmKJLYaVMDHrnjhWUcHw@youtube.com

2.7M subscribers - no pronouns :c

The DVB (Democratic Voice of Burma) is a non-profit Burmese


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

DVB TV News
Posted 1 day ago

အနှစ်၂၀ကျော်မှာ ကြိုးဝိုင်းထဲ တကျော့ပြန်ဝင်လာတဲ့ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန်ဟာ ယူကျူဘာ လက်ဝှေ့သမား ဂျိတ်ပေါလ်ကို အမှတ်အရ ရှုံးခဲ့ပါတယ်။ ပြိုင်ပွဲမစခင် မိုက်တိုင်စန်က ဂျိတ်ပေါလ်မျက်နှာကို ရိုက်ခဲ့တာကိုလည်း လူပြောများခဲဲ့ပါတယ်။

#PHOTO credit: Kevin Jairaj-Imagn Images/USA Today Sports/Reuters

#boxing #miketyson #jakepaul #sports

1.6K - 19

DVB TV News
Posted 2 days ago

မီးပုံးပျံကျရာကနေ အင်းလေးဟိုတယ် မီးလောင်
#dvbtvnews #photo

မနေ့ ညပိုင်းက ရှမ်းပြည်တောင်ပိုင်း၊အင်းလေးဒေသ၊ မန်ကျည်းစင်ရွာမှာ မီးပုံးပျံ ပျက်ကျလို့ မီးလောင်ရာကနေ ဟိုတယ်တလုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရသိရပါတယ်။
မီးပုံးပျံ ပျက်ကျရာကနေ Inle Princess Resort စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဟိုတယ်တခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ချက်ချင်းဝိုင်းငြိမ်းပေမယ့် လူနည်းတော့ မနိုင်ကြောင်း ရှမ်းပြည်အခြေစိုက် မဲခေါင်သတင်းမှာဖော်ပြထားပါတယ်။ မီးသတ်ဦးစီးဌာနကတော့ မနေ့ည ၇နာရီခွဲလောက်က ညောင်ရွှေမြို့နယ်၊ မန်ကျီးစင်ရွာမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရလို့ ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ နဲ့ သွားရောက်မီးငြှိမ်းသတ်ရာမှာ မီးငြိမ်းသတ်ချိန် ၃နာရီလောက်အကြာ ည ၁၀နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားကြောင်း ထုတ်ပြန်ထားပါတယ်။
#inle #အင်းလေး #Myanmar

3.5K - 162

DVB TV News
Posted 2 days ago

ထိုင်းရိုးရာ လွိုင်ကထုံ မီးမျှောပွဲကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ပါဝင်ဆင်နွှဲနေကြသည့် မြင်ကွင်းများ

#PHOTO 📸 ဖိုးစီ

#loikrathong #thailand #dvbtvnews #Myanmar

📣 Support DVB - burmese.dvb.no/membership
📣 Subscribe - youtube.com/dvbtvnews
📣 Follow - t.me/dvbtvnews

2.5K - 8

DVB TV News
Posted 3 days ago

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်း

#PHOTO #shwedagonpagoda #Myanmar #တန်ဆောင်မုန်း
📣 Support DVB - burmese.dvb.no/membership
📣 Subscribe - youtube.com/dvbtvnews
📣 Follow - t.me/dvbtvnews

6.9K - 151

DVB TV News
Posted 4 days ago

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မြင်ကွင်း

တောင်ကြီးမြို့ မီးပုံးပျံပွဲကို စစ်ကောင်စီက နိုဝင်ဘာ (၁၁) ရက်နေ့ကနေ (၁၇) ရက်နေ့အထိ ကျင်းပနေပြီး ညဘက်လွှတ်မီးပုံးပျံ အကြီး ၄၇လုံး၊ နေ့လွှတ်မီးပုံပျံ အကြီး ၂၀၉လုံး ပါဝင်ကြောင်း ရှမ်းပြည်တောင်ပိုင်းရိုးရာ မီးပုံပျံပညာရှင်များအသင်း ထံမှ သိရပါတယ်။

#PhotoNews #တောင်ကြီး #တန်ဆောင်တိုင် #Myanmar

1.6K - 110

DVB TV News
Posted 4 days ago

အမေရိကန် သမ္မတဘိုင်ဒန် နဲ့ အရွေးကောက်ခံသမ္မတထရမ့်တို့ အိမ်ဖြူတော်မှာတွေ့ဆုံ

Photos - Reuters
#trump #biden #whitehouse

6.8K - 78

DVB TV News
Posted 4 days ago

အမေရိကန် အစိုးရဌာနသစ်ကို အီလွန်မက်စ်က ဦးဆောင်မယ်

အမေရိကန် ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရန့်ပ်က ဘီလျံနာ အီလွန်မက်စ်ဟာ "အစိုးရအကျိုးထိရောက်မှုရှိရေးဌာန" Department of Government Efficiency(DOGE) ကို ဦးဆောင်သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

DOGE အမည်ရ အသစ်ဖွဲ့စည်းထားတဲ့ ဌာနာကို မက်စ် နဲ့အတူ ရီပတ်ဘလီကန် သမ္မတလောင်းနေရာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Vivek Ramaswamy တို့က ပူးတွဲတာဝန်ယူသွားမှာပါ။ အဲ့ဒီဌာနဟာ အစိုးရအဖွဲ့ပြင်ပကနေသာ ထိန်းကျောင်းပေးမှာဖြစ်ပြီး အစိုးရရဲ့ ဗျူရိုကရေစီယန္တရားကို ပိုမိုထိရောက်စေဖို့ နဲ့ အသုံးစရိတ်လျှော့ချရာမှာ အကြံပေးအဖွဲ့အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မက်စ်ဟာ အစိုးရလုပ်ငန်းတွေ ပိုမိုထိရောက်စေရေးနဲ့ အသုံးစရိတ်လျှော့ချရေးကိစ္စရပ်တွေမှာ စိတ်ဝင်စားမှုရှိတဲ့အကြောင်း အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။

#READ - burmese.dvb.no/post/677514

#PHOTO #elonmusk #DonaldTrump #USElection2024 #InternationalNews
📣 Support DVB - burmese.dvb.no/membership
📣 Subscribe - youtube.com/dvbtvnews
📣 Follow - t.me/dvbtvnews

4.6K - 57

DVB TV News
Posted 5 days ago

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအဖြစ် တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း အဆင့်မြင့်ဒရုန်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကို သွားရောက်ခဲ့သလို ဒရုန်းအသုံးပြုမှုကို ပိုပြီးတွင်ကျယ်လာအောင် ကြိုးစားနေပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေကို တန်ပြန်အသုံးပြုဖို့အတွက် ကြိုးစားနေတာဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် စစ်သင်တန်းတွေမှာလည်း ဒရုန်းအသုံးပြုတာတွေကို ပိုပြီး သင်ကြားပေးနေတယ်လို တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

#READ burmese.dvb.no/post/677414
#WATCH https://youtu.be/KR-2pNewU8s

643 - 38

DVB TV News
Posted 1 week ago

ဒေါ်နယ်ထရမ့်ဟာ အရီဇိုးနားပြည်နယ်မှာပါ အနိုင်ရတဲ့အတွက် အဆုံးအဖြတ်ပြည်နယ် (၇)ခုစလုံးမှာ အနိုင်ရပြီး ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်စာရင်းချုပ်သွားပြီဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။

ရွေးကောက်ပွဲအပြီး နောက်တနေ့မှာကတည်းက ထရမ့်နိုင်တာ သေချာသွားပေမဲ့ ပြည်နယ်အချို့မှာ ဘယ်သူနိုင်သလဲဆိုတာကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့လောက်မှ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေနဲ့ သတင်းဌာနတွေက အတည်ပြုနိုင်တာဖြစ်ပါတယ်။ ထရမ့်ဟာ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်မဲ ၃၁၂ မဲ ရရှိခဲ့ပြီး ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်း ကာမာလာဟဲရစ်ကတော့ ၂၂၆ မဲ သာရခဲ့ပါတယ်။

ပုခက်လွှဲသလို ဘယ်ညာယိမ်းနေတဲ့ swing states လို့ခေါ်ကြတဲ့ ပြည်နယ်တွေ ဖြစ်တဲ့ အရီဇိုးနား၊ မီရှီဂန်၊ ပင်ဆီလ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ ဝစ္စကွန်ဆင်၊ နီဗားဒါးပြည်နယ် အားလုံးမှာ ထရမ့်က အနိုင်ရခဲ့တာဖြစ်ပါတယ်။

#USElection2024 #Trump2024 #InternationalNews #dvbtvnews

3.8K - 26

DVB TV News
Posted 1 week ago

စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတဲ့သဘော သက်ရောက်နေတဲ့အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း နိုဝင်ဘာ ၉ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တရုတ်အစိုးရရဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတကာရောက် မြန်မာတွေအားလုံး တရုတ်ထုတ်ကုန်ပစ္စည်းကို အသုံးမပြုဘဲ ဆန့်ကျင်ကြဖို့ ဆန္ဒပြပွဲဦးဆောင်သူတွေက တိုက်တွန်းပါတယ်။

#READ burmese.dvb.no/post/677059
#dvbtvnews #washington #China #Myanmar
📣 Support DVB - burmese.dvb.no/membership
📣 Subscribe - youtube.com/dvbtvnews
📣 Follow - t.me/dvbtvnews

7.1K - 265