Channel Avatar

Pig Tarot Myanmar @UCs-AmTIDNaS2hHE6buVYhSA@youtube.com

9.2K subscribers - no pronouns :c

˚ ༘♡ ⋆Intuition + Love + knowledge = Tarot 。˚ ꕥ


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Pig Tarot Myanmar
Posted 1 week ago

ဒီနေ့မနက် ကျိုက္ကဆံဘုရားသွားတော့ နည််းနည်းမသန်တဲ့သူလေးတယောက် ငုံးဥပြုတ် ရောင်းနေတာတွေ့တယ်
စကားပြောရတာ အခက်ခဲရှိပေမယ့်သူ ကြိုးစားပမ်းစားလေးရောင်းနေတယ်..
ကျမ သူ့ကိုပိုက်ဆံလှူဖို့ကြိုးစားတော့
သူကမယူပါဘူးတဲ့ ငုံးဥပဲဝယ်ပါတဲ့..

ကျမလည်း ငုံးဥဝယ်ပြီးသူ့ကို ၅ ထောင်တန်ပေးပြီးပိုတာပြန်မအမ်းဖို့ပြောတော့ သူက မယူပါဘူး..
မရရအောင် ပြန်အမ်းတယ်
သူအလကားမယူချင်ပါဘူးဆိုတဲ့ပုံစံလေး
ကျမလည်းငုံးဥလေးတွေယူလာပြီး ဘုရားရှိခိုးပြီးတော့ အဖိုးဖွားနှစ်ယောက်တွေ့တော့ ငုံးဥလေးနှစ်ထုပ်ကန်တော့လိုက်တယ်
အဖိုးနဲ့အဖွားက ဆုတွေတသီကြီးပေးတယ်

ငွေနည်းနည်းလေးနဲ့အလှူသေးသေးလေးပေမယ့် ဒီရက်ပိုင်းသောကတွေများနေတဲ့ကျမစိတ်လေးအနည်းငယ်အေးချမ်းသွားတယ်

ဒီလိုပြောပြရခြင်းဟာ ရည်ရွယ်ချက် ၃ မျိုးရှိပါတယ်

၁။ မသန်ပေမယ့်စွမ်းတဲ့ ငုံးဥသည်လေးကို
ကျိုက္ကဆံဘုရားသွားရင်း တွေ့ခဲ့ရင်အားပေးကြဖို့မေတ္တာရပ်ခံချင်တာလေးရယ်

၂။ ကျမရဲ့အလှူသေးသေးလေးကိုသာဓုခေါ်ပြီး ထပ်တူကုသိုလ်ရစေချင်တာရယ်

၃။ တဒင်္ဂလေးဖြစ်ဖြစ်အကြည်ဓာတ်ကလေးမျှဝေချင်တာလေးရယ်ပါ

အားလုံးပဲ စိတ်သောကမှန်သမျှကင်းဝေးပြီး ဘေးအန္တရာယ်မှန်သမျှပပျောက်ပါစေ

343 - 27

Pig Tarot Myanmar
Posted 2 months ago

ဒီနေ့ clients လေးတွေကိုကြည့်ပေးရင်းနဲ့ကိုယ့်အတွက်လည်းကြည့်ချင်စိတ်ပေါ်လာလို့ ဆွဲထုတ်လိုက်တာ ဒီကတ်လေးကျလာလို့ပျော်သွားတာပဲ 💜

255 - 3

Pig Tarot Myanmar
Posted 2 months ago

တားရော့ကတ်လေးတွေဘယ်ကဝယ်လဲမေးကြလို့ ဒီကနေပဲ sharing လုပ်ပေးလိုက်မယ်နော်
ကျမက ထိုင်း app လေးတွေ Temu တို့ Lazada တို့ကနေ supplier နဲ့ဝယ်တာပါ။ Amazon ကနေလည်း ဝယ်တယ်။ ဒီက online shop တွေကဝယ်တာထက်ပိုသက်သာတယ်။ တချို့ Authentic cards တွေဆို အများကြီးကိုသက်သာတယ်။ Supplier ကတော့အလိမ်ညာတွေလည်းရှိတတ်လို့ သေချာကြည့်ပြီးမှဝယ်ပါနော်
Tarot readers လေးတွေအားလုံး ကတ်အသစ် အစစ် အလှလေးတွေကို သက်သက်သာသာလေးကိုင်ရပါစေရှင် 🤍

85 - 7

Pig Tarot Myanmar
Posted 3 months ago

💫ဗေဒင်အတွက်ကုန်မယ့်ငွေဟာကိုယ့်တလဝင်ငွေရဲ့ 2% ထက်များနေမယ်ဆိုရင်မမေးသင့်ပါဘူး💫

ကျမ reader မဖြစ်ခင်က တားရော့ကိုအရမ်းစျေးကြီးတဲ့နေရာတခုမှာမေးဖူးပါတယ်။
မှန်လားဆို တချို့အချက်တွေမှန်တယ်
အကုန်တော့မမှန်ပါဘူး။ ကံဆိုတာကိုယ့်လုပ်ရပ်နဲ့စိတ်ထားပေါ်မူတည်ပြီးအမျိုးမျိုး energy ပြောင်းတတ်တယ်။ ဒါကလည်းအချိန်တခုကြာပြီးမှသိလာရတာ။ ကျမ ဘာသာရေးကြိုးစားတယ် အလုပ်ကြိုးစားတယ် အကုသိုလ်နည်းအောင်နေတယ် စိတ်ရှည်တယ်။ ဒါတွေကြောင့်ပဲအကုန်လုံးအချိန်တခုကြာတဲ့အခါပြန်အဆင်ပြေသွားခဲ့တယ်။

ဗေဒင်ဆိုတာလက်ရှိ energy ပေါ်မူတည်ပြီးကြည့်ပေးရတာမို့ ကိုယ်ပြောင်းလဲသလိုကံလည်းပြောင်းတယ်။ ဘယ်ဗေဒင် ဘယ်လောက်စျေးကြီးကြီး 100% ဘယ်သူမှမမှန်ပါဘူး။

ခုလိုအများစုပိုက်ဆံကြပ်တည်းကြတဲ့အချိန်မျိုးမှာပိုလို့တောင်နှမြောဖို့ကောင်းတယ်။
အဲ့တာကြောင့်လေ ဗေဒင်ကိုတအားစျေးကြီးပေးပြီးမမေးကြပါနဲ့လို့။
အဓိက ကံမကောင်းဘူးထင်ရင်ဘာသာရေးဖိလုပ်ပါ ကံတက်ကိုတက်လာပါလိမ့်မယ်။ ဗေဒင်အတွက်ကုန်မယ့်ငွေဟာကိုယ့်ဝင်ငွေရဲ့ 2% ထက်များနေမယ်ဆိုရင်မမေးသင့်ပါဘူး။
ဗေဒင်ဟာ အကြံညာဏ်ယူဖို့ သတိထားဖို့ပဲမေးကြပါ။
ကြိုးစားဖို့ ကံကြမ္မာကိုပြင်ဆင်ဖို့က
မိမိကိုယ်တိုင်ပဲလုပ်ရမှာပါ 🤍

378 - 15

Pig Tarot Myanmar
Posted 3 months ago

Edit >> တင််ထားပြီးပါပြီရှင်

၂၀၂၅ ထဲမှာဖြစ်လာစေချင်တဲ့ဆန္ဒလေး ၅ ခုဖြစ်လာနိုင်မလားဆိုတာလေးကြည့်ပေးချင်ပါတယ်
လာမယ့်အပတ် Saturday or
Sunday 7 pm pick a pile လေးတင်ပေးပါမယ်ရှင် 💫
အခုကစပြီး ဖြစ်ချင်တဲ့ဆန္ဒလေး ၅ ခုချရေးထားနော် 🤍

220 - 40

Pig Tarot Myanmar
Posted 4 months ago

Weekly Reading for 30th September to 6th October🍀

For Single : Single လေးတွေကတယောက်ထဲလည်းပြည့်ပြည့်ဝဝပျော်နေတာလေးတွေ့ရတယ်။ တယောက်ယောက်ဘဝထဲဝင်လာဖို့ထက် မိမိဘာသာ enjoy လုပ်ရတာပျော်နေတဲ့ vibe လေးခံစားရတယ်။ ကိုယ့်ကိုယ်ကိုအပြည့်ဝနားလည်ပြီးတော့ကိုယ်လိုချင်တဲ့ပုံစံရှိတဲ့လူတယောက်နဲ့ဆုံတွေ့ရဖို့မကြာခင်မှာတွေ့ဆုံရဖို့မြင်ရတယ်။ အဲ့ဒီလူဟာတော်တော်လေးဆွဲဆောင်မှုရှိတဲ့သူဖြစ်တယ် ❤️

For RS : ချစ်သူကပျော်အောင်ထားပေးလို့စိတ်ချမ်းသာနေမယ်။ ပျော်အောင်ထားပေးလို့ချစ်သူကိုကျေးဇူးတင်ပါတယ်ဆိုတဲ့ vibe လေး။သူရှိနေလို့ပြီးပြည့်စုံတယ် ပျော်ရွှင်တယ်။ ချစ်သူနဲ့ အဆင့်တက်ဖို့ next step ကိုသွားရဖို့မျှော်လင့်နေတယ်ဆိုရင်ပြည့်ဝလာဖို့ရှိပါတယ် ❤️

Career : အလုပ်နဲ့ပက်သက်ရင်လုပ်စရာရှိတာတွေကို လုပ်ပြီးပြီမို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ စိတ်ဓာတ်ရေးရာအရရော ရုပ်ပိုင်းဆိုင်ရာပါ ပြည့်စုံတယ်လို့ခံစားရစေမယ့် အလုပ်တစ်ခုရှာတာပဲဖြစ်ဖြစ်၊ အထူးသဖြင့် challenging ဖြစ်တဲ့ပရောဂျက်တစ်ခုကို ပြီးမြောက်စေတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းကို စတင်တာပဲဖြစ်ဖြစ်၊ အကုန်ကောင်းတာမို့အခုအချိန်မှာ မိမိကိုယ်ကိုဂုဏ်ပြုစရာတွေ အများကြီးရှိပါသေးတယ်။ ငွေကြေးနဲ့ပက်သက်ပြီးမျှော်လင့်ထားတဲ့အတိုင်းနောက်ထပ်ကောင်းသောအပြောင်းလဲလေးတွေကြုံရဦးမှာမို့အပြည့်ဝပျော်လို့ရပါပြီ🍀

98 - 6

Pig Tarot Myanmar
Posted 4 months ago

ဒီနေ့ည ၇ နာရီ Everything about You and Your Crush Reading လေးတင်ပေးဖို့ရှိပါတယ်ရှင် ✨

69 - 1

Pig Tarot Myanmar
Posted 4 months ago

Next week လောက် Crush Reading လေးတင်ပေးဖို့ရှိပါတယ်။ Crush Reading ကိုလည်း Future Spouse Reading လိုပဲ personal reading မေးတဲ့ clients လေးတွေဆီကမေးခွန်းလေးတွေ inspired ယူထားပါတယ်ရှင်။ မေးပေးတဲ့ clients လေးတွေကို ကျေးဇူးအများကြီးတင်ပါတယ် 🤍
ဒီအောက်ကအကြောင်းအရာတွေအပြင်ထပ်သိချင်တာရှိရင်လည်း comments လေးတွေရေးပေးကြပါဦးနော် Pile လေးတွေလည်းကြိုရွေးထားလို့ရပါပြီရှင် ✨💫

၁။ Crush ရဲ့ကိုယ့်အပေါ်ခံစားချက်
၂။ Crushက ကိုယ့်ကိုဘယ်လိုမြင်လဲ
၃။ Crushနဲ့အနာဂတ်မှာ လက်ရှိထက် ပိုကောင်းတဲ့အခြေအနေပြောင်းလဲလာဖို့ရှိိလား ပိုနီးစပ်လာနိုင်မလား
၄။ Crushက ကိုယ့်အပေါ် စိတ်ပြောင်းလဲလာဖို့ရှိလား
၅။ Crush စိတ်ထဲမှာ သူသဘောကျနေတဲ့တခြားသူရှိလား
၆။ ရှေ့လျှောက်ဘာတွေဆက်ဖြစ်လာနိုင်မလဲ
၇။ ကိုယ်နဲ့ပတ်သတ်ပြီးဖုံးကွယ်ထားတဲ့ ခံစားချက်နဲ့ မပြောဖြစ်တဲ့စကားတွေက ဘာတွေဖြစ်မလဲ အစရှိသဖြင့် ကျမမြင်တဲ့ အကြောင်းအရာလေးတွေအပြည့်အစုံအသေးစိတ်ပြောပေးဖို့စဉ်းစားထားပါတယ်

85 - 10

Pig Tarot Myanmar
Posted 4 months ago

Weekly Reading for 22nd September to 29th September 🍀

For Single : တက်ကြွဖျတ်လတ်တဲ့ energy ရှိတဲ့သူတယောက်ဘဝထဲကိုရောက်လာဖို့ရှိပါတယ်။ အဲ့ဒီသူက passionate ဖြစ်ပြီး attractive လည်းဖြစ်တယ်။ သူ့ကိုရေရှည်ရည်ရွယ်ပြီးချစ်ဖို့ကတော့စောင့်ကြည့်ရပါဦးမယ်နော် ❤️

For RS : ကိုယ့်ရဲ့ partner နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ moments လေးတွေကြုံရမယ်. သူနဲ့ခရီးတူတူသွားတာ မရောက်ဖူးတဲ့ဆိုင်မှာ Date တာ အဆန်းသစ်လေးတွေသူ့ရဲ့ဦးဆောင်မှုနဲ့သွားရဖို့ရှိတယ်။ သူက ကိုယ့်ကို excitement လေးတွေနဲ့ တူတူ chill ရဖို့ကြိုးစားနေမယ် ❤️

Career : new business or new job ကောင်းတယ်။ သတင်းကောင်းကြားရမယ်။ ကိုယ်တိုင်ကလည်းအလုပ်နဲ့ပတ်သက်ရင်fully engaged ဖြစ်နေမယ်။

72 - 2

Pig Tarot Myanmar
Posted 4 months ago

Facebook Page မှာ weekly reading လေးတင်ပေးထားပါတယ်ရှင် အပတ်စဉ်တင်ပေးသွားပါမယ်ရှင် 🤍
Edit : YouTube လည်းတင်ထားပါတယ်ရှင်

27 - 3