Channel Avatar

Luwa Sports @UCpYGqBlRbikJKYEFwYFZHWg@youtube.com

353 subscribers - no pronouns :c

Built by enthusiasts, for the community.


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Luwa Sports
Posted 17 hours ago

ယူနိုက်တက် နည်းပြသစ် ရူဘန် အမိုရင်မ်ရဲ့ ပထမဆုံးပွဲမှာ စောင့်ကြည့်ရမယ့် အချက် (၅) ချက်

Luwa Sports : နိုဝင်ဘာ ၂၄

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ အစ့်ဝှစ်ချ်အသင်းနဲ့ ကစားမယ့်ပွဲမှာ နည်းပြသစ် ရူဘန် အမိုရင်မ်ရဲ့ ပထမဆုံးပွဲကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ထူးခြားတာက အစ့်ဝှစ်ချ်အသင်းရဲ့ လက်ရှိ နည်းပြက ယူနိုက်တက်အသင်းရဲ့ ယခင်နည်းပြအဖွဲ့ဝင် ကီရန် မက်ကီနာ ဖြစ်နေပါတယ်။

အမိုရင်မ်အနေနဲ့ ပရီမီယားလိဂ်မှာ ပထမဆုံး ရင်ဆိုင်ရမယ့်ပွဲဖြစ်တာကြောင့် အားလုံးရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။ အထူးသဖြင့် အောက်ပါအချက် ၅ ချက်ကို စောင့်ကြည့်သင့်ပါတယ်။

ပထမဆုံးအချက်ကတော့ အသင်းရဲ့ ကစားပုံပါ။ စပို့တင်းအသင်းမှာ အမိုရင်မ်ရဲ့ ကစားပုံက ပရက်ဆင် မြင့်မြင့်နဲ့ တိုက်စစ်ကစားတဲ့ပုံစံဖြစ်ပြီး ဥရောပပွဲတွေမှာ ဘောလုံးပိုင်ဆိုင်မှု နည်းပါးပေမယ့် ထိရောက်မှုရှိခဲ့ပါတယ်။ မန်စီးတီးကို အနိုင်ကစားခဲ့တဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းပဲ ရခဲ့ပေမယ့် နိုင်ပွဲရခဲ့ပါတယ်။

ဒုတိယအချက်ကတော့ ကစားကွက်ပုံစံပါ။ အမိုရင်မ်က ခံစစ်သုံးဦးနဲ့ ကစားလေ့ရှိပြီး ယူနိုက်တက်မှာလည်း အဲဒီပုံစံကို လေ့ကျင့်နေကြပါတယ်။ ဘယ်ကစားသမားတွေကို ရွေးချယ်မလဲ၊ တိုက်စစ်အားသန်တဲ့ ဂါနာချိုနဲ့ အမက်ဒိုင်ယာလိုလူတွေကို တင့်ဘက်မှာ ထည့်သုံးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တတိယအချက်က ကွင်းလယ်ပိုင်းပါ။ ဘရူနို ဖာနန်ဒက်စ်ရဲ့ နေရာချထားမှု၊ ဥဂတေးကို အသုံးပြုပုံနဲ့ ကိုဘီ မိန်းနိုရဲ့ ပါဝင်နိုင်မှုတွေကို စောင့်ကြည့်ရမှာပါ။

စတုတ္ထအချက်ကတော့ ဒဏ်ရာက ပြန်လာတဲ့ကစားသမားတွေပါ။ ပေါင် ၅၂ သန်းနဲ့ ခေါ်ယူထားတဲ့ လီနီ ယိုရိုနဲ့ လူ့ခ်ရှော်း၊ တိုင်ရယ် မာလာစီယာတို့ ပါဝင်လာနိုင်ပါတယ်။
နောက်ဆုံးအချက်ကတော့ အစ့်ဝှစ်ချ်နည်းပြ မက်ကီနာရဲ့ အတွင်းလူအနေအထားပါ။ သူဟာ ယူနိုက်တက်မှာ မော်ရင်ညိုနဲ့ ဆိုးလ်ရှားတို့လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိကစားသမားတွေကို သိရှိနားလည်ထားပါတယ်။

အမိုရင်မ်ကိုယ်တိုင်ကလည်း ပရီမီယားလိဂ်မှာ "အရာရာကို နှစ်သက်တယ်" လို့ ပြောထားပြီး စပို့တင်းအသင်းကနေ ရာသီအလယ်မှာ ထွက်ခွာလာရတာ ခက်ခဲပေမယ့် ယူနိုက်တက်အသင်းက အခွင့်အရေးကို လက်လွှတ်မခံနိုင်ခဲ့ပါဘူး။ မော်ရင်ညိုကိုယ်တိုင်ကလည်း သူ့ကို မက်ဆေ့ချ်ပို့ပြီး "ကြီးကျယ်တဲ့အသင်း၊ လှပတဲ့အသင်းနဲ့ လှပတဲ့လူတွေရှိတဲ့နေရာ" လို့ ပြောထားပါတယ်။

#LuwaSports #PremierLeague #MUFC #RubenAmorim

4 - 0