in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c
@dhammamettā7
လောကမှာ မွေ့လျော်ခြင်း သုံးပါးရှိသည်။
၁။ ပေးကမ်းစွန့်ကြဲမှုဖြင့် မွေ့လျော်သူကို ဒါနဘိရတပုဂ္ဂိုလ်တဲ့။
၂။ သီလတရားနှင့် အမြဲမွေ့လျော်နေသူကို သီလဘိရတပုဂ္ဂိုလ်တဲ့။
၃။ တရားတွေကျင့်၍ အမြဲတမ်း မွေ့ပျော်နေသူကိုတော့ ဘာဝနာဘိရတပုဂ္ဂိုလ် ဟူ၍
မွေ့လျော်သူ ပုဂ္ဂိုလ် (၃)မျိုးမှာ သင်
ဘယ်ထဲပါနေသလဲ?
ဒါန သီလလောက်နှင့်တော့ ရပ်မနေနဲ့နော်။
ဘာဝနာဘိရတပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားအားထုတ်နေသူဖြစ်ပါစေ။
တရားတော်ကိုနာယူရန်👇👇👇👇
https://youtu.be/BkdTOXKFxxg
2 - 0
သေမင်းနဲ့ရင်ဆိုင်လာရပြီဆိုရင် ကိုယ်ကြိုတင်အားထုတ်ထားတဲ့ ဝိပဿနာတရားသည်သာ ကိုယ့်ဘဝအတွက်အဖော်ကောင်းပဲ
မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ
တစ်ရားတော်ကိုနာယူရန်👇
https://youtu.be/goOOcmJdQb0
87 - 2
တချို့ကပြောတယ်။ကိုယ် နဲ့ မ တန်တဲ့သူ ကို ဘယ် လို မှ မေတ္တာထားလို့ မရဘူးတဲ့။
ဒါဟာ “အမုန်းတရားကို အရှုံးပေးနေတာပါပဲ” လေ။
အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ဖြစ်မယ်။
လူတွေရဲ့မွေးရာပါသန္တာန်မှာ အကောင်းနဲ့ အဆိုး (၂) မျိုးပဲရှိတယ်။
သဘာဝ (၂) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓာတ်တွေ အားနည်းနေတာ ဖြစ်တယ်။
ဒါဆို ဘယ်လိုလုပ်ရမလဲဆိုရင် မေတ္တာ ဓာတ် တွေ ရလာ အောင် လို့ တစ်ဖြည်းဖြည်းနဲ့ လေ့ကျင့် ယူ ရမှာပေါ့။
မလေ့ကျင့်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ် ပါ ဘူး။
တောင်တက်သမားတွေ ဆိုရင်လည်း လေ့ကျင့် ရ တာပါပဲ။
ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့် ကြရ တာ ပါပဲ။
ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ။
လေ့ကျင့်တယ်ဆိုရင် စွမ်းရည် တတ်လာတာပါပဲ။
စိတ်ကိုလည်း လေ့ကျင့်ပေးရင် စွမ်းရည် တတ် လာ မှာ ပါပဲ။
အဲဒီ ပုဂ္ဂိုလ် ကို ပဲ ဦးတည်ပြီးတော့ မေတ္တာ ပွား ရုံနဲ့တော့ မလုံလောက်သေးပါဘူး။
အဲဒီတော့ မေတ္တာကို ထပ်ပြီးတော့ တိုးချဲ့ လိုက် ပါဦးတဲ့။
သတ္တဝါအားလုံးရဲ့ အပေါ်မှာ မေတ္တာ ပွားများ လိုက် ပါ။
မေတ္တာဓာတ် ကို ပိုပြီးတော့ ခိုင်မာအောင် တိုးချဲ့ လိုက်တာ။
ဘုရားဟောတဲ့ စိတ်ထားလေးတွေ ဘယ် လောက် ကောင်းလိုက် သလဲ နော်။
ပထမအချက်အနေနဲ့ ကိုယ့်အပေါ်မှာ မကောင်း သတင်း ပြောလာတဲ့ အခါမှာ မိမိစိတ်ကို ပြောင်း လဲ မသွားအောင် စိတ်ကို မဆိုးအောင် ထိန်း လိုက် ပါ။
တကယ်လို့ စိတ်ဆိုးမိပြီဆိုရင်လည်း ကြမ်းတမ်း တဲ့ စကားလုံးတွေ နဲ့ မတုံ့ပြန်မိပါစေနဲ့။
အဲဒီလို ပြောလာတဲ့သူအပေါ်မှာ ကောင်းကျိုးကို လိုလားတဲ့ မေတ္တာစိတ်ကလေးမွေးလိုက်ပါ။
နောက်ဆုံးမှာ မေတ္တာပွားများပေးပါ။
နောက်တစ်ခု အဲဒီလူအပေါ်ကနေ မေတ္တာစိတ် ကလေး ထား နေရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာ နဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့် ကျက် လိုက်ပါ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
https://youtu.be/gCPlK7edQXg
33 - 0
လောကမှာ လူတိုင်းလူတိုင်မသိလို့မဖြစ် သိထားရမည့်တရားလေးပါး
၁) ဆင်းရဲခြင်း (ဒုက္ခသစ္စာ)
၂) ဆင်းရဲဖြစ်ရခြင်း၏အကြောင်းတရား (သမုဒယသစ္စာ)
၃) ဆင်းရဲခြင်းချုပ်ငြိမ်းခြင်းတရား (နိရောဓသစ္စာ)
၄) ဆင်းရဲခြင်းချုပ်ငြိမ်းရာလမ်းစဥ် (မဂ္ဂသစ္စာ)
တရားတော်ကိုအပြည့်အဝနာယူကြည်ညိုရန် အောက်ပါ Link ကိုနှိပ်ပါ
https://youtu.be/fa1HyQ7hT4I
454 - 25
ကိုယ်ပြုသောကံ ကာယကံ ကိုယ့်ထံပြန်လာမည်
ကိုယ်ပြုသောကံ ဝစီကံ ကိုယ့်ထံပြန်လာမည်
ကိုယ်ပြုသောကံ မနောကံ ကိုယ့်ထံပြန်လာမည်
မြောက်ဥိးဆရာတော်ဘုရားကြီး
တရားတော်ကိုအပြည့်အစုံနာယူပူဇော်ရန်အောက်ပါ Linkကိုနှိပ်ပါ
https://youtu.be/ExlhnIw-X4o
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ
949 - 26
တရားဆိုတာ
အလေ့အကျင့်များမှ အသိဥာဏ်များတာ
အလေ့အကျင့်မရှိရင် အသိဥာဏ်မရှိနိုင်ဘူး
အလေ့အကျင့်နည်းရင် အသိဥာဏ်ပိုနည်းမယ်
မြောက်ဥိးဆရာတော်ဘုရားကြိး
တရားတော်ကိုအပြည်ဝနာယူရန်အောက်ပါLinkကိုနှိပ်ပါ
https://youtu.be/SFrOmJiXIuw
73 - 8
မိမိကိုယ်ကိုမိမိစောင့်ရှောက်မှုမရှိဘူးဆိုရင်
ကုသိုလ်စိတ်ဆိုတာဖြစ်ပေါ်လာမှာမဟုတ်ဘူး
ကုသိုလ်စိတ်တွေဖြစ်ပေါ်လာဖို့အတွက် မိမိကိုယ်ကိုမိမိစောင့်ရှောက်ရမယ်
တရားတော်ကိုအပြည့်ဝနာယူကြည်ညိုရန် အောက်ပါLinkကိုနှိပ်ပါ
https://youtu.be/VXu_19wc5UA
တရားအသိရင်ဝယ်ရှိနိုင်ကြပါစေ🙏🙏🙏
109 - 4
Dhamma Mettā Channel သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များကို အသိပညာ, အတွေးအခေါ်, ဗဟုသုတများ တိုးတက်စေရန်အလို့ ဌာ၎င်, စိတ်၏ငြိမ်းချမ်းချင်း, အေးမြခြင်းကိုရရန်၎င်, ဓမ္မမိတ်ဆွေများအတွက်ပြန်လည်မျှဝေသွားမည်ဖြစ်ပါသောကြောာင့် Like and Subscribe လုပ်ထားဖို့ တောင်းဆိုအပ်ပါသည်ခင်ဗျာ။