Channel Avatar

Wai Yan Moe - Official @UCkiCyxsL4cGIYSgixwmWbwg@youtube.com

386K subscribers

ကျွန်တော်ဝေယံပါ… ပြည်သူများ စစ်အာဏာရှင်စနစ်ဆိုးလက်အောက်က အမြ


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Wai Yan Moe - Official
Posted 2 days ago

ဒီည ဗိုလ်ပိုင်ချဲတို့အတွက် ကြံစည်ကမ်ပိန်းပါဝင်သူတွေကို လက်မလည်အောင်စာတွေပြန်နေရတဲ့အတွက်
သတင်းတင်ဆက်မှုနားလိုက်ရခြင်းဖြစ်ပါတယ်။
မနက်ဖြန်မနက်မှ သတင်းတင်ဆက်မှုပြန်စပါမယ်ခင်ဗျာ။

9.9K - 147

Wai Yan Moe - Official
Posted 3 weeks ago

ဒီည ဒီပွဲလေးရှိလို့

သတင်းတင်ဆက်မှု

ခွင့်တိုင်ပါတယ်ခင်ဗျာ။

5.9K - 89

Wai Yan Moe - Official
Posted 1 month ago

ရန်သူကသေစေချင်တဲ့အခါ ကျန်းမာရေးပိုကောင်းအောင်နေရမယ်

အစီအစဉ်ချမှရမယ်

စိတ်နောက် ခန္ဓာကိုယ်က သိပ်မပါချင်တော့ဘူး

ဆေးသောက် ခဏနား

ဒီညတော့ သတင်းမတင်ဆက်နိုင်သေးတာ ခွင့်လာတိုင်တာပါခင်ဗျာ။

12K - 623

Wai Yan Moe - Official
Posted 1 month ago

ကွမ်းယာရောင်းတဲ့ဦးလေးကြီး၊
ဆာရီလေးခြုံထားတဲ့ အစ်မ၊
ဆူဆူညံညံ စက်ရုံအသံတွေနဲ့ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်တွေနဲ့ အစ်ကို
ပွင့်ပွင့်လင်းလင်းပြောရရင် အစ်ကိုက ထိုင်းမှာ ပလုံကောက်တာကွတဲ့ တရက် ၂၀၀၊ ၃၀၀ ရတယ် အဲ့တာနောက်ရက် တစ်ထောင်ပြည့်တာနဲ့လွှဲမယ်ကွာဆိုတဲ့ အစ်ကို၊
ဒကာကြီးဦးဇင်းပါ တစ်သိန်းလွှဲမယ်နော့ မောင်ကျောင်းသား ငွေလွှဲဖို့မင်းတာဝန်ယူလိုက်ဆိုတဲ့ ဆရာတော်၊
အစ်ကိုက ကရင်ကွတဲ့ ကိုမိုက်ခဲတို့ ခက်ခက်ခဲခဲရုန်းကန်ပြီး ပြည်သူ့အတွက် ကျိုးစားနေကြတာ အစ်ကိုကူဉီးမယ်ဆိုတဲ့ အကျော့
သားလေးရေ အန်တီက CDM ဆရာမပါ အခုတော့ဈေးထဲမှာ ဈေးရောင်းနေတယ် ၊ ကျည်ဆံဆိုတာအတွက်ကူဉီးမယ်ဟယ်တဲ့
ငါ့တူရေ တို့ကလွတ်မြောက်နယ်မြေမှာပါ၊ တို့ရွာကတော့ မနှစ်တုန်းကတည်းက ပြာကျသွားလို့မရှိတော့ဘူးဟ မင်းလုပ်နေတဲ့ ကျည်ဆံလား အဲ့တာရှိသလောက်လေးကူဉီးမယ်ကွာတဲ့
အစ်ကို ကျွန်တော်လူလိုက်စုလိုက်တော့ သူငယ်ချင်းတွေကလည်း ပါမယ်တဲ့
အိမ်ကညီမလေးကလည်း သူမုန့်ဖိုးစုထားတဲ့အထဲက ပါဝင်လိုက်တယ် သုံးသိန်းပြည့်ပြီအစ်ကို လွှဲမယ်နော့တဲ့
အစ်မက အစ္စရေးကတဲ့ ကျွန်တော်သတင်းတွေထဲမှာပဲသိတဲ့နေရာကြီး ငါတို့မြန်မာပြည်သားရှိတာပါလားဆိုပြီး နည်းနည်းတော့ အံ့ဩသွားတယ်၊ အဲ့တာ ငွေလွှဲဦးမယ်တဲ့ ဗိုလ်မိုက်ခဲတို့ဆီကိုဆိုပြီး ဘတ် ၈၀၀၀ ကျော် လွှဲလာတယ်။
နည်းနည်းပဲလှူနိုင်လို့အားနာလိုက်တာငါ့မောင်ရယ်တဲ့ သနပ်ခါးပါးကွက်ကြီး နဲ့ လိုင်းတချက်တချက်ကောင်းရင်ရုပ်ကို မြင်တွေ့ရတဲ့ စိုက်ခင်းယာခင်းထဲက ကျုပ်တို့အစ်မ
အသံအတိုးတိုးလေး၊ ငါ့မောင်ရေ အစ်မက သူတို့အုပ်ချုပ်တဲ့လက်အောက်မှာဆိုတော့ အသံသိပ်ကျယ်ကျယ်ပြောလို့မရဘူးတဲ့ ဘေးနားအိမ်တွေကလည်း ဒလန်တွေများတယ်တဲ့ အဲ့တာ ငါ့မောင်ဝေယံအစစ်လားဆိုတာ အတည်ပြုတာတဲ့ အလုပ်တော့အဆင်မပြေပါဘူးဟယ် မနက်နားကပ်သွားရောင်မလို့ဟတဲ့
လေးငါးသိန်းတော့ ရမယ်ထင်တယ် ငါပြန်ဆက်သွယ်လိုက်မယ်နော့တဲ့
ဒါက ဒီရက် ကျွန်တော်လက်တွေ့ကြုံတွေ့ရတဲ့ တော်လှန်ရေးအပေါ် ပြည်သူထဲက ပြည်သူအချို့ရဲ့ စစ်မှန်တဲ့ စေတနာနဲ့ တာဝန်ယူစိတ်တွေ လုပ်ရပ်တွေ ပါဝင်မှုတွေဖြစ်ပါတယ်။
လေးစားချစ်ခင်အားကိုးပါတယ် ပြည်သူလူထုကြီးခင်ဗျာ
ပြည်သူလူထုရဲ့ ချွေးနှီးစာကို တပြားတချပ်မျှ အလေအလွင့်မရှိစေဖို့
ကျွန်တော်ဝေယံက တာဝန်ခံပါတယ်။

13K - 271

Wai Yan Moe - Official
Posted 1 month ago

မိသားစု ကျန်းမာရေးကိစ္စကြောင့် ဒီနေ့သတင်းမတင်ဆက်နိုင်ခြင်းဖြစ်ပါတယ်။
မနက်ဖြန်မနက်ခင်းမှာ သတင်းထူးတွေနဲ့အတူ ပြန်ဆုံကြပါမယ်ခင်ဗျာ။
ပြည်သူအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခင်ဗျာ။

8.2K - 175

Wai Yan Moe - Official
Posted 2 months ago

ကရင်နီစစ်ဒေသ အမှတ်တရ
လွန်ခဲ့သော ၂ နှစ်ခန့်က

12K - 111

Wai Yan Moe - Official
Posted 2 months ago

တော်လှန်ရေးမှာ
ကိုယ်ဘာလုပ်နိုင်လဲဆိုတာတွေကို
ဘယ်သူမှ ခိုင်းစရာမလိုပဲ
လုပ်ရတာမျိုး

ကိုမာဝီ

10K - 150

Wai Yan Moe - Official
Posted 2 months ago

၂၈
မွေးနေ့ကစပြီး
ချစ်ရသူတွေလွမ်းလောက်တဲ့လူ
ဖြစ်အောင်ကျိုးစားပါမယ်။
မွေးနေ့မှာ သတိတရ ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးပါ။

5.9K - 365

Wai Yan Moe - Official
Posted 2 months ago

မနက်ဖြန်မနက်ခင်းမှာ သတင်းတွေနဲ့ပြန်ဆုံတွေ့ပါမယ်ခင်ဗျာ။
ဒီညသတင်းတင်ဆက်မှုနားပါရစေ။ ကျန်းမာအဆင်ပြေကြပါစေခင်ဗျာ။

3.3K - 43

Wai Yan Moe - Official
Posted 2 months ago

နှစ်ပွင့်တခက်
____________

မိစ္ဆာတွေ အနှောင်ဖွဲ့ပါလည်း
မရှောင်ခဲ့ ကဝိနှစ်ဖြာ။

ဓမ္မဆိုတာ ဒါပါဟေ့လို့
ပြဆိုရာ အခါခါတွေ့
ရှေ့က မညာ။

ဘုန်းဘုရား ရွှေညဝါ
ဪ.....
ဖြေမရပါ ဆရာချို တဲ့ ။

နွေညလို
ကြွေကျပြိုတာက ပညာရှိတွေမို့
သင်္ခါသိပေမယ့် နှမျောတသစွာ
ဒေါမနဿမှာ ခွေးတွေကိုက်လို့နာတာအသိ
ဆွေးမပြေလှိုက်လို့ ဗျာပါမီးတွေက
အဆွေရယ် .....
ကြီးလှချေရဲ့။ ။

#သင့်သူ

______________________________
ရွှေညဝါဆရာတော်ကြီးပျံလွန်တော်မူခြင်းနှင့်
ဆရာမောင်သာချို ဆုံးပါးခြင်း ဝမ်းနည်းနေ့ရက်
ကဗျာမှတ်တမ်း။

#နှစ်ပွင့်တခက်
#ကဗျာ
#သင့်သူ

Photo : crd

4.9K - 112