Channel Avatar

Nyan Lin Aung -Unlock Your Future @UCjpQ5UeFM-cqskTMcbJ4DIA@youtube.com

441K subscribers - no pronouns :c

ကိုယ်ဟာ စိတ်ပျက် ငြီး​ငြူစရာကောင်းတဲ့ဘ၀ကိုပိုင်ဆိုင်ထားတယ်လိ


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Nyan Lin Aung -Unlock Your Future
Posted 3 months ago

Hi All

384 - 5

Nyan Lin Aung -Unlock Your Future
Posted 3 months ago

ဒီကာလမှာ...စာလေးတစ်ပိုဒ်
စကားလုံးတစ်လုံးလေးနဲ့

စိတ်အေးချမ်းမူ-စိတ်ထွက်ပေါက်တစ်ခု
ရသွားလဲမနည်းဘူးဆိုတဲ့..ခံယူချက်နဲ့
စာအုပ်လေးတစ်အုပ်ထုတ်ထားပါတယ်

ရည်ရွယ်ချက်နဲ့အညီ စာအုပ်အမည်ကို
“Calm Down” လို့ပေးထားပါတယ်

စာအုပ်စျေးတွေတော်တော်တက်လို့
မထုတ်ပဲပစ်ထားတာလဲကြာသွားတယ်

စာအုပ်သစ်ထွက်ဖို့..နေ့စဉ်လာပြောနေကြတဲ့
မိတ်ဆွေတွေနဲ့လူငယ်တွေရဲ့ တွန်းအားကြောင့်
ထုတ်ဖြစ်သွားတာပါ

ဝယ်နိုင်သူများအတွက် မူရင်းတန်ဖိုး
၁၉၅၀၀ ပါ

မဝယ်နိုင်သူများအတွက်တော့
မကြာခင် “E-Book” အနေနဲ့
လိုင်းပေါ်တင်ပေးဖို့ရှိပါတယ်

စာအုပ်က ၆လပိုင်းကုန်ထွက်မှာပါ
၇လပိုင်းလဆန်းဆို စပြီးပို့ပေးမှာပါခင်ဗျာ

မထွက်ခင် Pre – Order မှာချင်သူများအတွက်တော့
ထုံးစံအတိုင်း အထူးစျေးရှိပါတယ်

မှတ်ချက်။ ။ Pre-Order က အယောက် ၂၀၀ ပဲရမှာပါခင်ဗျာ
အခုတော့ အယောက် ၅၀ ကျော်မှာထားပြီးဖြစ်ပါတယ်

မှာချင်တယ်ဆိုရင်တော့ ကျနော့ရဲ့ Facebook messenger ကနေမှာယူနိုင်ပါတယ်။

454 - 2

Nyan Lin Aung -Unlock Your Future
Posted 3 months ago

ကျနော့ရဲ့ အသစ်ထွက်လာမယ့်စာအုပ်လေးလက်ဆောင်ရဖို့

👇👇

496 - 22

Nyan Lin Aung -Unlock Your Future
Posted 3 months ago

331 - 2

Nyan Lin Aung -Unlock Your Future
Posted 3 months ago

ရေတွေပတ်လည်ဝိုင်းနေလို့တော့

သင်္ဘောက မြုပ်မှာ မဟုတ်ဘူး၊

သင်္ဘောထဲကိုရေတွေဝင်မှသာ

နစ်မြုပ်တာပါ၊

အဲလိုပါပဲ ဘဝမှာလဲ ကိုယ့်ဘေးနားမှာ ဖြစ်ပျက်နေတဲ့

မကောင်းတဲ့ အကြောင်းအရာတွေရှိနေပေမယ့်

ကိုယ်ဘဝထဲကိုဝင်လာပြီး ကိုယ့်ကို ဆွဲနှစ်တာတော့မခံပါနဲ့။

ဥာဏ်လင်းအောင်
Unlock Your Future

1K - 6

Nyan Lin Aung -Unlock Your Future
Posted 5 months ago

သူဌေးတွေဟာ ဆင်းရဲသားတွေကို မုန်းတယ်

ဆင်းရဲသားတွေ…ဂိမ်းဆော့နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်

ဆင်းရဲသားတွေ....ဖုန်းသုံးနေချိန်မှာ..သူဌေးတွေ…အလုပ်လုပ်ခဲ့ရတယ်

ဆင်းရဲသားတွေ…အိပ်နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်.

ဆင်းရဲသားတွေ…ချစ်သူနဲ့ပျော်ရွှင်နေချိန်မှာ..သူဌေးတွေ…အချိန်မပေးနိုင်ခဲ့ကြဘူး

ဆင်းရဲသားတွေ….မဖြစ်နိုင်ဘူးလို့…ငြီးငြူနေတဲ့အရာတွေကို..သူဌေးတွေက.မဖြစ်ဖြစ်တဲ့နည်းရှာကြံပြီး… ကြိုးစားခဲ့ရတယ်..

ဆင်းရဲသားတွေ…တစ်ရက်စာ၊တစ်လစာအတွက်ပဲပူတဲ့အချိန်မှာ…သူဌေးတွေဟာ..၅နှစ်စာကနေ နှစ် ၁၀၀ စာလောက်ထိပူခဲ့ရတယ်...

ဒ့ါကြောင့်….သူဌေးတွေဟာ…ဘာမှမလုပ်ပဲ..ဇိမ်ကျနေတဲ့…ဆင်းရဲသားတွေမုန်းကြတာဖြစ်တယ်..

ဒီလိုနဲ့..အချိန်တစ်ခုရောက်တဲ့အချိန်မှာ…သူဌေးတွေကို..ဆင်းရဲသားတွေက.ပြန်.မုန်းလာကြတယ်

ဆင်းရဲသားတွေကထင်တယ်…သူဌေးတွေဆိုတာ..အချိန်ပြည့်..ဇိမ်နဲ့နေရတယ်..

ဆင်းရဲသားကထင်တယ်…သူဌေးဆိုတာ..ရေကန်အသင့်ကြာအသင့်..ချမ်းသာလာတာဖြစ်တယ်

ဆင်းရဲသားကထင်တယ်…သူဌေးတွေဟာ..ဆင်းရဲတဲ့ဘဝ…အကြောင်းနားမလည်ကြဘူး

ဆင်းရဲသားကထင်တယ်..သူဌေးတွေချမ်းသာခြင်းဟာ..အထောက်ပံ့ကောင်းတွေရှိလို့ပါ

ဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ…ခေါင်းပုံဖြတ်ကြတယ်

ဆင်းရဲသားကထင်တယ်…သူတို့ဘယ်လောက်ကြိုးစားကြိုး စား. .သူဌေးတွေလို..မချမ်းသာနိုင်ဘူး

ဆင်းရဲသားတွေကထင်တယ်…သူဌေးဆိုတာ..မဟုတ်တာတွေလုပ်လို့..ချမ်းသာလာတာ

ဆင်းရဲသားတွေကထင်တယ်…ရောင့်ရဲတင်းတိမ်ခြင်းဟာ..ဘဝကိုအေးချမ်းစေတယ်

ဆင်းရဲသားတွေကထင်တယ်…ချမ်းသာခြင်းဆိုတာ..ဖန်ဆင်းရှင်တစ်ယောက်ယောက်ဆီကလာတယ်.

ဆင်းရဲသားတွေကထင်တယ်…အခွင့်ရေးဆိုတာ ..သူ့အလိုလိုရောက်လာတတ်တယ်..

ဆင်းရဲသားကထင်တယ်..ဆင်းရဲသားဘဝကနေ..ချမ်းသာသွားသူတွေဟာ…ကံကောင်းလိုသာဖြစ်တယ်

ဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ..ဆင်းရဲသားတွေဆိုမကူညီချင်ဘူး

ဒ့ါကြောင့် ဆင်းရဲသားတွေဟာ..သူဌေးတွေကို မုန်းလာကြတာဖြစ်တယ်

တကယ်တော့…ကိုယ်တိုင်.ရိုးသားကြိုးစားပြီးတိုးတက်အောင်မြင်လာတဲ့ သူဌေးတွေဟာ..

ဘဝကိုဖြစ်သလိုနေတတ်တဲ့..ကံကိုပဲပုံချတတ်တဲ့.. ဆင်းရဲ ..သားတွေကို..ကူညီလေ့မရှိဘူး

သူတို့လို..ရိုးသားကြိုးစားလာတဲ့..ဆင်းရဲသားကိုတော့ ..လက်တွဲကူညီတတ်ကြတယ်…

ကိုယ်တိုင်..နေ့မအိပ်ညမအိပ်..အားထုတ်ကြိုးစားခဲ့လို့..ရလာတဲ့…စည်းစိမ်ချမ်းသာ တွေနဲ့..ဂိမ်းဆော့လိုက် ရည်းစားထားလိုက်..အိပ်လိုက်နဲ့အချိန်ကုန်တတ်တဲ့..ဆင်းရဲသားတွေကို..ဘယ်တော့မှ..ကူညီမှာမဟုတ်ပါဘူး

မှတ်ထားပါ..လူငယ်တစ်ယောက်..မဆုတ်မနစ်..ကြိုးစားနေပြီ…ဆိုရင်..သူဌေးလို့ခေါ်နိုင်ပါတယ်.

လူငယ်တစ်ယောက်..ဖြစ်သလိုနေနေပြီဆိုရင်..မိဘကချမ်းသာလဲ..ဆင်းရဲသားလို့ခေါ်ပါတယ်..

မှတ်ထားပါ..ချမ်းသာဖို့..အောင်မြင်ဖို့…ဆန္ဒပြင်းပြလွန်းတဲ့…လူငယ်အတွက်..မဖြစ်နိုင်ဘူးဆိုတဲ့အခက်ခဲ့ဟာအခွင့်ရေးအဖြစ်ပြောင်းသွားပါတယ်.

ဒါ့ကြောင့်..ဂိမ်းဆော့ရင်း..ဖုန်းကိုင်ရင်း..ရည်းစားနဲ့အချိန်ကုန်ရင်း..ကပ်ကြီးသုံးပါးကို…ထိုင်အပစ်ပြောရင်း..အချိန်ကုန်နေသ၍..လူငယ်ဆင်းရဲနေဦးမှာပါပဲ

ချစ်လို့ပြောတယ်မှတ်ပါ..လူငယ်

မှတ်ချက်။ ။ မူမမှန်တဲ့နည်းနဲ့ ချမ်းသာလာတဲ့သူဌေး နဲ့ ကြိုးစားရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိ အတိုက်ခိုက်ခံရလို့ မွဲသွားတဲ့ ဆင်းရဲသာများကို မဆိုလိုပါ.

Edit

ကျနော်ဟာ..စက်ဘီးတစ်စီးနဲ့..ဘဝကို..စပြီးရုန်းကန်ခဲ့ရတဲ့လူငယ်တစ်ယောက်မို့..ဘယ်တုံးကမှ..ဆင်းရဲသား..မဖြစ်ဖူးပါဘူးခင်ဗျာ

#nyanlinaung
#crd
#unlockyourfuture

1.2K - 39

Nyan Lin Aung -Unlock Your Future
Posted 5 months ago

ဟိုတစ်နေ့က အသက် ၈၅ နှစ်အရွယ်အဖိုးအို ကိုအင်တာဗျူးထားတဲ့ video တစ်ခု Social Media ပေါ်မှာကြည့်လိုက်ရတယ်။
အဖိုးအိုကသိပ်ကို သနားစရာကောင်းပါတယ်၊သူ့အမျိုးသမီးက လဲ အသက်၇၀ ကျော်ကျော်အရွယ်ပဲတဲ့ သားတွေသမီးတွေကလဲ မထောက်ပံ့ကြတော့ ကျူးကျော်တဲမှာ နေရ၊ စားစရာမရှိ သောက်စရာမရှိ၊ ကျန်းမာရေးကလဲမကောင်း စုထားဆောင်းထားတာလဲမရှိတော့ ၊အနှိမ်လဲခံရတယ်၊ တော်တော်ကို ဒုက္ခရောက်နေပါတယ်ဆိုပြီးတော့ ငိုပြီးတော့ပြောရှာတယ်။
သူ့ဘဝရဲ့ စိတ်ဆင်းရဲစရာ ကောင်းတဲ့အကြောင်းတွေကိုလဲတစ်ဖွဲ့တစ်နွဲ့ပြောတယ်။
ကျနော်လဲ အဲဒီအင်တာဗျူးကိုကြည့်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ် လှူဖို့လဲကြိုးစားလိုက်သေးတယ်။
ပြီးတော့ ကျနော် တစ်ဖက်က ပြန်ပြီးတော့စဥ်စားမိတာလေးတစ်ခုပေါ်မှာ အခြေခံပြီးတော့ မေးခွန်း လေးတစ်ခုပေါ်လာတယ် အဲဒီမေးခွန်းက “အသက် ၈၅ နှစ်ရှိတဲ့အရွယ်ထိအောင်ကိုယ့်ကို ကိုယ် ဆင်းရဲအောင် ၊ သားသမီးကမချစ်အောင် ၊မွဲအောင် ၊ကျန်းမာရေးမကောင်းအောင်၊လူရာမ၀င်အောင် ၊ဘယ်လိုများကြိုးစားပြီးနေထိုင်ခဲ့လဲမသိဘူး” ဆိုတာပါပဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် လွယ်လွယ်ကူကူနဲ့တော့ ဒီလိုဖြစ်လာစရာအကြောင်းတော့မရှိဘူး၊ ဒီလိုဘဝမျိုးမရောက်ပါဘူး။
ခိုင်လုံတဲ့ အထောက်အထားတွေအရ လူတစ်ယောက်ဟာ ဘ၀မှာ ၅ နှစ်ကနေ ၁၀ နှစ်လောက်သာ နေ့မနားညမနား ကြိုးစားလိုက်ရင် ဘယ်လိုမှဆင်းရဲစရာအကြောင်းမရှိပါဘူး။
ကျနော်ဆိုရင် ၇နှစ်လောက် တစ်ရက်ကို အလုပ်ချိန်၁၈ နာရီလောက်ကိုလုပ်ခဲ့ဘူးတယ် လုပ်ခဲ့တဲ့အတိုင်းလဲအရာထင်တယ် အခုလဲအသေအလဲကြိုးစားနေတုန်းပါပဲ။
ပြောရမယ်ဆိုရင် ငွေကြေးဥစ္စာတွေရှာဖွေရတာဟာ ဥာဏ်ရှိရှိ၊ နည်းလမ်းကျကျနဲ့ ကြိုးစားပန်းစားရှာဖွေမယ်ဆိုရင်လွယ်တယ်လို့တောင်ပြောလို့ရပါတယ်။
ကံကိုတော့ ရိုးမယ်မဖွဲ့နဲ့ပေါ့ဘာကြောင့်လဲဆိုတော့ ကံဆိုတာကိုယ်နေ့တိုင်းပြုနေတဲ့အကြောင်းအရာတွေပါပဲ၊ ကောင်းတာတွေလုပ်နေရင်တော့ ကံကောင်းမှာနေမှာပါပဲ၊ ဘ၀မှာ တော်ရုံတန်ရုံကြိုးစားရင်တောင်လူတန်းစိစိနေနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဆိုရင် ဗုဒ္ဓဖြစ်ဖို့ လေးအသင်င်္ချေနဲ့ ကမ္ဘ၁ သိန်း ကြိုးစားခဲ့ရတာပဲ၊ အကုန်စွှန့်လွှတ်ခဲ့ရတာ မျက်လုံးဆို မျက်လုံးဖောက်လှူ အသွေးအသားဆိုလဲလှူ စည်းစိမ် ထီးနန်း လဲစွှန့်လွှတ် သားသမီးလဲလှူတာပဲ။တစ်ဘဝချမ်းသာမှု့ကိုရဖို့ကြိုးစားရတာက ဗုဒ္ဓရဲ့ ကြိုးစားမှု့နဲ့စာရင် မြူမှုံလေးတစ်မှုံလောက်တောင်မကြီးကျယ်ပါဘူး။
ဒီတော့ ကျနော့လူငယ်တွေမိတ်ဆွေတွေကို ကျနော်က ဘာပြောချင်တာလဲဆိုတော့ ခုနာကအဖိုးလို အသက် တွေကြီးမှ မျက်ရည်စက်လက်နဲ့ မနေရအောင်လို့ အခုကတည်းက အသေအလဲကြိုးစားဖို့ လိုတယ်ဆိုတာပဲ။
ငွေကြေးဥစ္စာတွေအများကြီးရှိလာဖို့ဆိုရင်
၁. စိတ်ကောင်းထားပါ
၂. ကိုယ်အခုလုပ်နေတဲ့ အလုပ်အပေါ်မှာ
စေတနာ၁၀၀%ထားပါ
၃. လေ့လာသင်ယူမှု့တွေကို အစဥ်အဆက်မပြတ်လုပ်ပါ
၄. လေ့လာသင်ယူထားတာတွေကို အသုံးချပါ
၅. ရည်မှန်းချက်ပန်းတိုင်ချမှတ်ပါ
၆. မျက်ရည်ပြဇတ်တွေထဲမှာ ဘယ်တော့မှမနေပါနဲ့
၇. အလုပ်ကို အသေအလဲကြိုးစားလုပ်ပါ
၈. ၀ိသမလောဘကို ရှောင်ရှားပါ
၉. အပျော်အပါးတွေက အိမ်မက်တွေထက်မကြီးစေနဲ့
၁၀. အကောင်းမြင်တဲ့စိတ်ကိုမွေးမြူပါ
၁၁.ကိုယ့်အတွက် ငွေပြန်ရှာပေးနိုင်တဲ့ အရာတွေအပေါ်မှာရင်းနှီးမြုတ်နှံပါ။
ဒါတွေလုပ်ပြီဆို အသက်တွေကြီးလာတဲ့အခါမှာ ကျန်းမာရေးကောင်းမယ်၊ ချမ်းသာမယ်၊ လူရာ၀င်မယ်၊ လူတိုင်းကကိုယ့်ကိုလေးစားကြလိမ့်မယ်၊ ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်မယ်၊ ဘယ်သူ့ကိုမှအားကိုးပြီးနေစရာမလိုတော့ဘူးပေါ့။
ဆင်းရဲနွမ်းပါးတဲ့ အသက်ကြီးရွယ်အိုတွေကို ထောက်ပံ့ဖို့လဲမမေ့ကြပါနဲ့ ၊ ကိုယ်ကိုတိုင်လဲ အသက်ကြီးလာတဲ့အခါမှာ သူတို့လိုမဖြစ်ဖို့ ကြိုးစားရပါမယ်။
ကျနော့လူငယ်တွေ၊မိတ်ဆွေတွေကို ကြိုးစားချင်တဲ့စိတ်ရှိလာအောင်၊ အောင်မြင်တိုးတက်အောင် စေတနာနဲ့ ဒီအကြောင်းအရာလေးကို ရေးပေးလိုက်တာပါ။
ကျေးဇူးတင်ပါတယ်
ဥာဏ်လင်းအောင် ( Unlock Your Future)
#nyanlinaung
#စာပေ
#causeandeffect
#unlockyourfuture

522 - 15

Nyan Lin Aung -Unlock Your Future
Posted 8 months ago

အောင်မြင်မှုဆိုတာ အကန့်အသတ်ရှိတယ်...

လူတစ်ယောက်ရဲ့အောင်မြင်မှုဆိုတာ အဲ့တစ်ယောက်ရဲ့ စဉ်းစားနိုင်တဲ့အတွေးအခေါ်လောက်ပဲ အောင်မြင်နိုင်တာပါ

စီးပွါးရေး လုပ်ငန်းမှာလည်းတူတူပါပဲ
လုပ်ငန်းရှင်ရဲ့ အသိပညာဗဟုသုတ ရှိသလောက်ပဲ အောင်မြင်နိုင်တာပါ

မိတ်ဆွေတို့ရဲ့ဘဝတွေ လုပ်ငန်းတွေ အကန့်အသတ်မရှိအောင်မြင်ဖို့ မိတ်ဆွေကို ကန့်သတ်ထားတဲ့ limit တွေကို ချိုးဖြတ်ဖို့လိုပါတယ်

မိတ်ဆွေကိုကန့်သတ်ထားတဲ့အရာတွေက ဘာတွေလဲ ?

ဘယ်လိုတွေဖြတ်ကျော်ရမလဲဆိုတာနဲ့ပက်သတ်ပြီး 8.jan.24 (Mon day) ည 7.00 PM မှာ live တစ်ခုလုပ်ဖို့ရှိပါတယ်။

မိတ်ဆွေတို့ရဲ့ အလုပ်ငန်းတွေ အကန့်အသတ်မရှိ အောင်မြင်ဖို့ ဘယ်လိုနည်းလမ်းတွေ ကို မျှဝေ ပေးမှာလဲဆိုတာ မနက်ဖန် ည Live မှာ ဆုံတွေ့ပါမယ်ခင်ဗျာ။

905 - 6

Nyan Lin Aung -Unlock Your Future
Posted 8 months ago

ညမှာအားလုံးနဲ့တွေ့ချင်ပါတယ်
ဘယ်သူတွေရှိကြမလဲဗျ...

733 - 12

Nyan Lin Aung -Unlock Your Future
Posted 8 months ago

ဘာဘွဲ့မှမရတဲ့ဒီကောင်လေးဘာဆက်ဖြစ်သွားတယ်ထင်လဲ?

546 - 15