Channel Avatar

My American Dream @UCjW42RnOSS5XuoU0RAEgJZA@youtube.com

95K subscribers - no pronouns :c

I am a financial and real estate professional, currently liv


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

My American Dream
Posted 4 months ago

ပုံမှန်ဆိုရင် My American Dream channel မှာ ကျွန်မကိုယ်တိုင်စိတ်၀င်စားတဲ့ စီးပွားရေး၊ ငွေကြေး နဲ့ ရင်းနှီးမြှုပ်နှံမှု၊ အိမ်ခြံမြေစျေးကွက်အပြင် အားလုံးနဲ့ သင့်တော်မယ်ထင်တဲ့ တိုးတက်ရေး၊ အလေ့ကျင့်ကောင်း အစရှိတဲ့ ဗဟုသုတတွေကိုစုံလင်အောင် မျှ ေ၀ပေးနေကြပါ။ တချို့ content တွေ လူကြည့်များပေမဲ့ တချို့ ကတော့ သိပ်မကြည့်ကြဘူး။ အဲ့ဒါကြောင့် ဒီတပတ် Content Creation လုပ်ရင်းနဲ့ ကျွန်မ channel ကိုကြည့်တဲ့ မိတ်ဆွေတွေ ဘယ်လို video contents တွေကို ပို ကြည့်ချင် မလဲ ဆိုတာ သိချင်မိတယ်။ တကယ်လို့ ကျွန်မ ပြောနေကြမဟုတ်တဲ့ content category တွေ အသစ် တွေရှိရင်လည်း လွတ်လပ်စွာ အကြံပေးနိုင်ပါတယ်။

49 - 3

My American Dream
Posted 10 months ago

My American Dream Channel ကို Subscriber 0 မှသည် ဒီနေ့လို Subscriber 7သောင်းကျော်အထိ အစဉ်တစိုက် အားပေးလာတဲ့ တစ်ဦး တစ်ယောက်ချင်းတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

အားလုံးရဲ့ အားပေးမှုသာမရှိရင် My American Dream ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ နှစ်သစ်မှာလည်း ပိုကောင်းတဲ့ အစီအစဉ်တွေ၊ Video တွေနဲ့ သေချာလေး အသိပညာတွေ မျှဝေပေးသွားမှာမို့ Like, subscribe နဲ့ Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။

အပတ်စဉ် အိမ်ခြံမြေနဲ့ စီးပွားရေး သတင်းထူး သတင်းဦးတွေကို Email နဲ့ အရောက်ပို့ပေးနေတဲ့ Grow Newsletter အစီအစဉ်ကိုလည်းေအာက်မှာေပးထားတဲ့လင့်ကနေတဆင့် Subscribe လုပ်ထားနိုင်ပြီဖြစ်ကြောင်း ထပ်ဆင့် သတင်းကောင်းပါးလိုက်ပါတယ်။

www.growandwinllc.com/investment-newsletter

#myamericandream #Youtube

112 - 3

My American Dream
Posted 1 year ago

Happy Monday! တချို့ လူတွေက ဘာမှမလုပ်ပဲ ကံကောင်းကြတယ်။ သိပ်မကြိုးစားရပဲ အခွင့်အရေးတွေကို လွယ်လွယ်ကူကူရကြတယ်။ တချို့ကတော့ ဘယ်အရာမှ အဆင်သင့် အလကားမရတတ်ကြဘူး။ အရမ်းကြိုးစားမှတော်ရုံတန်ရုံလောက်ပဲ အခွင့်ရေးရကြတယ်။ ကိုယ်က ကံကောင်းတဲ့ အထဲမပါလို့ ကိုယ့်ကြိုးစားမှုတွေ အရာမထင်ဘူးဆိုပြီး စိတ်ပျက်စရာမလိုဘူး။ ကိုယ့်လိုချင်တာတွေ လွယ်လွယ်နဲ့ ရနေရင် ကိုယ့် ကိုယ်ပိုင် အရည်ချင်းတွေတုံးကုန်မယ်။ ဇွဲရှိရှိနဲ့ ပုံမှန် ကြိုးစားရင် ဘယ်လို ရည်မှန်းချက်မျိုးမဆို ရမယ်ဆိုတာသေချာတယ်။

155 - 3

My American Dream
Posted 1 year ago

ခုနောက်ပိုင်း US ကိုသွားချင်တယ်။ ဘယ်လို အမြန်ဆုံးသွားရမလဲဆိုတာ ကို မေးတဲ့သူတွေများလာတဲ့ အတွက် ဒီနေ့တော့ US ကိုသွားရင်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲလေးတွေနဲ့ US ကိုသွားခြင်းက ကိုယ်နဲ့ သင့်တော်လား မသင့်တော်လားဆိုတာ ဆုံးဖြတ်နိုင်ဖို့ ကျွန်မကြုံတွေ့ခဲ့ ရတဲ့ အတွေ့ အကြုံ တွေနဲ့ ယှဉ်ပြီး ရှင်းပြပေးထားပါတယ်။ တချို့လဲ အရမ်း တွေလာချင်တယ်ဆိုပြီး ကြိုးစားပြီးလာကြတယ်။ ဒီရောက်တော့မှ ကိုယ် နဲ့ မကိုက်ညီလို့ ပြန်သွားကြတဲ့ သူတွေလဲ အများကြီးရှိပါတယ်။ အဲ့လိုမျိုး ကိုယ်နဲ့ မကိုက်ညီတဲ့ နေရာကို ရောက်အောင် အရမ်း ကြိုး စားခဲ့တဲ့ အချိန်အစား ကိုယ်နေတဲ့ နေရာမှာပဲ တခြား စီးပွါးရေး တစ်ခုခုကို လုပ်နေမယ်ဆိုရင် ကိုယ်ဘဝအတွက် ပိုပြီး အကျိုးရှိနိုင်ပါတယ်။ သူများနိုင်ငံကို ရွှေ့ပြောင်းလာရတယ် ဆို တာ မလွယ်ပါဘူး။ သူများထက်ပို အပင်ပန်းခံနိုင်မှ ပိုကြိုးစားနိုင်မှ အောင်မြင်မှာပါ။ တော်ရုံ ကြိုးစားရုံနဲ့ တော့ ရပ်တည်လို့ရပေမဲ့ ကိုယ်လိုချင်တဲ့ American Dream ကိုမရနိုင်ပါဘူး။

https://youtu.be/WhkCo317Fdg

112 - 10

My American Dream
Posted 1 year ago

တခါတလေမှာ ကိုယ်ကြိုးစားတာတွေ အကောင် အထည် ပေါ်မလာလို့ စိတ်ပျက်အားလျော့မိတယ်ဆိုရင် သတိရပါ။ ေဖြးေဖြးနဲ့မှန်မှန်ကြိုးစားသွားရင် တနေ့ ကိုယ်ရည်မှန်းထားတာတွေဖြစ်လာမယ်ဆိုတာ။ အဲ့နေ့ကို မရောက်မချင်းတော့ ကျွန်မတို့တွေ ဆက်လက်ကြိုးစားကြရမယ်။ ဆက်လက်ယုံကြည်နေရမယ်။ အမြဲေလ့လာနေရမယ်။ လုပ်စရာတွေဆက်လုပ်နေရမယ်။ အမြဲတိုးတက်နေရမယ်။ တန်ဖိုးရှိတဲ့ အရာတွေ ဘ၀မှာလွယ်လွယ် မရတတ်ပါဘူး။

112 - 4

My American Dream
Posted 1 year ago

နောက်လာမဲ့ video တွေမှာ ဘယ် topic အကြောင်းကိုပြောစေချင်လဲရွေးပေးပါ။ လူ အများ စိတ်၀င်စားတဲ့ topic တွေကို ဦးစားပေးပြီး ရှင်းပြပေးသွားမယ်။

85 - 4

My American Dream
Posted 1 year ago

အိမ်လှလှလေးတွေ မြင်ရင် အရမ်းစိတ်၀င်းစား တယ်။ အိမ်တွေလိုက် ကြည့်ရတာ ကြိုက်တယ်။ အိမ်၀ယ်မဲ့ ရောင်းမဲ့ သူတွေကို ကိုယ်တတ်နိုင်တဲ့ ပညာ နဲ့ စိတ်ရှည်ရှည်ထားပြီး ကူညီပေးချင်တယ်။ ကိုယ်တိုင်လဲ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံ ရတာကို ကြိုက်တယ်။ အိမ်ခြံမြေ ​ကြောင့် ကြီးပွား နည်းတွေကို လေ့လာတယ်။ အဲ့ဒါကြောင့် အိမ်ခြံမြေ အကျိုးဆောင်နဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်လာတယ်။ ကိုယ် တကယ် ကြိုက်တဲ့ အလုပ်တစ်ခုကို စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ရင် တနေ့မှာ အောင်မြင်မှု ရမယ်ဆို သေချာ ပေါက်ယုံကြည်တယ်။

255 - 16

My American Dream
Posted 1 year ago

Being financially free means we don't have to depend on our income from 9 to 5 job. We don't have to work if we don't want to. We are our own boss and we work on our own terms.

Financial freedom ရဖို့အတွက် ကျွန်မ တို့ မှာ Passive income stream ရှိဖို့လိုတယ်။ အဲ့ဒီ passive income ကနေ ကျွန်မ တို့ရဲ့ Lifestyle အတွက် ကုန်ကျစရိတ်တွေကို ပေး နေတယ် ဆိုရင် ကျွန်မတို့ အလုပ်ကို လုပ်ချင်လဲရတယ် မလုပ်ချင်လဲရတယ်။အလုပ် ကသူငှေးကိုလဲကြောက်စရာမလိုဘူး။ ကိုယ့် အချိန်ကို ကိုယ်က ပိုင်ပြီး ကိုယ့်စိတ်ကြိုက်သုံးလို့ရမယ်။

45 - 3

My American Dream
Posted 1 year ago

Grow And Win Online Learning ကဖွင့်လှစ်တဲ့ သင်တန်းတွေ အကြောင်း ကို အသေးစိတ်သိချင်တဲ့ သူ တွေ အတွက် ဒီနေ့ တော့ သင်တန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေပေးလိုက်ပါတယ်။ ဒီ ငွေကြေး/ ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ဘယ်နိုင်ငံ က ပဲ ဖြစ်ဖြစ် တက်နိုင်ပါတယ်။

ဒီအကြောင်းအရာတွေကို ဘယ်လိုသင်မလဲ?
⏰သင်တန်းကာလ = ၆ပတ်
သင်တန်းစမည့်နေ့ = မေလ 20
ဘာသာစကား = မြန်မာစာ
📊သင်ကြားပေးမည့်ပုံစံ = သင်တန်း Website မှာ ကိုယ်ပိုင် အကောင့် နှင့် သင်ယူရမှာဖြစ်ပြီးသင်ခန်းစာတွေအပြီးမှာလည်း Knowledge Test တွေဝင်ဖြေခြင်းဖြင့် သင်ခန်းစာကို နားလည်မှု ရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်။

အမေရိကန်က College/ Universities ‌တွေမှာသင်ပေးတဲ့ ပုံ စံဖြင့် သင်တန်း ပို့ချပေးမှာပါ။

Zoom Live Discussion Class ကလည်း ၃ခုအထိပါဝင်မှာဖြစ်လို့ ကိုယ်တိုင်လေ့လာပြီး နားမလည်တာတွေကို မေးမြန်းနိုင်တဲ့အပြင် အခြား သင်တန်းသား၊ သင်တန်းသူတွေနဲ့လည်း ဗဟုသုတဖလှယ်နိုင်မယ့် အခွင့်အရေးကို ရရှိမှာပါ။
.
အခုပဲ အောက်က လင့်ကလေးကနေတဆင့် အတန်းတွေ အပ်နိုင်ပါပြီ။

courses.growandwinllc.com/

182 - 6

My American Dream
Posted 1 year ago

လာမဲ့ Sunday April 2 ရက်နေ့ ည 7pm (Eastern Time Zone) မှာ ကျင်းပမဲ့ Zoom Live Training ပါ။ သင်တန်းကို တက်ချင်ရင် အောက်မှာ ပေးထားတဲ့ Website Link မှာ စာရင်း သွင်းနိုင်ပါတယ်။

courses.growandwinllc.com/


အိမ်ခြံမြေရင်းနှီး မြှုပ်နှံမှု က သမိုင်းအဆက်ဆက်မှာ အကျိုးအမြတ်အများဆုံး ရင်းနှီးမြှုပ်နှံမှုပါ။ အခွန်အကျိုး ခံစားခွင့်တွေလဲရရှိနိုင်တဲ့ အတွက် စတော့ရင်းနှီးမြှုပ်နှံမှုနဲ့ ယှဉ်လိုက်ရင် ပိုအကျိုးရှိပါတယ်။ လူတိုင်းက ဒီလို ရင်းနှီးမြှုပ်နှံမှုမျိုးကို ပြုလုပ်ချင်ပေမဲ့ အချိန်မပေးနိုင်တာ၊ အိမ်ငှားတွေနဲ့ ဆက်ဆံ ဖို့ခေါင်းကိုက်မခံချင်တာ၊ ဘာသာစကားမကျွမ်းကျင်တာ၊ ဉပဒေတွေကိုနားမလည်တာ၊ အစရှိတဲ့ အခက်အခဲတွေရှိကြပါတယ်။ အဲ့ဒီ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး အကျိုးအမြတ်ပိုရနိုင်တဲ့ Apartment Syndication investment မှာ ခေါင်းစားမခံပဲ စိတ်အေးစွာနဲ့ ရင်းနှီးမြှုပ်နှံနိုင်ပါပြီ။ အတွေ့ အကြုံ ရှိပြီး စိတ်ချရတဲ့ သူတွေက ဉီးဆောင်မှာဖြစ်ပြီး ကိုယ်ကတော့ အေးဆေးစွာ ကိုယ့်အကျိုးအမြတ်ကို ပုံမှန်ရရှိနိုင်ပါတယ်။ ကျွန်မကတော့ ဒီ ရင်းနှီးမြှုပ်နှံမှုကို အကြိုက်ဆုံးပါ။ ကျွန်မလိုချင်တဲ့ Passive Income နဲ့ Financial Freedom ကိုမြန်မြန်ရရှိနိုင်တဲ့ နည်းလမ်းပါ။ ဒီ investment ကိုပိုပြီးနားလည်ချင်တယ်။ ကြိုတင် ပြင်ဆင်မှု ပြုလုပ်ချင်တဲ့ သူတွေ အတွက် Apartment Investment Crash Course လေးကို ဖန်တီးပေးထားပါတယ်။
ဒီသင်တန်းကို တက်ပြီးရင် ဘာတွေ နားလည်သွားမလဲ?
အဓိကအားဖြင့် Apartment Syndication အကြောင်းကို အခြေခံကနေစပြီး သေသေချာချာလေး နားလည်သွားအောင် စီစဉ်ထားတာဖြစ်လို့ အတန်းတက်ပြီးသွားတဲ့အခါ...
၁။ ဘာကြောင့် Multifamily မှာ ရင်းနှီးမြှုပ်နှံမှု က တခြား investment တွေထက်ပိုကောင်းတာလဲ?
၂။ Multifamily Investor တစ်ယောက်ရဲ့ Mindset
၃။ Apartment Syndication တစ်ခုရဲ့ လုပ်ဆောင်ပုံ Process Cycle
၄။ ဘယ်လို Property မျိုးကို ရွေးချယ်မလဲ?
၅။ Underwriting မှာဘာတွေအရေးကြီးသလဲ?
၆။ Apartment Syndication မှာ ဘာ Risks တွေရှိသလဲ?
၇။ ပင်စင်စုငွေတွေကို အသုံး ပြုပြီး Apartment Syndication မှာ ဘယ်လို Invest လုပ်နိုင်မလဲ?
၈။ Investor တစ်ယောက်အနေနဲ့ ဘာအကျိုးအမြတ်တွေကို ရရှိနိုင်မလဲ?
၉။ Investor တစ်ယောက်အနေနဲ့ ဘာတာဝန်တွေကိုလုပ်ဆောင်ဖို့ လိုအပ်မလဲ? ဆိုတာတွေကို ရှင်းရှင်းလင်းလင်းနားလည်သွားပြီး ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။
.
သင်တန်းကြေးက ဘယ်လိုယူလဲ?
ပုံမှန်ဆိုရင် Apartment Syndication နဲ့ ပတ်သက်တဲ့ အတန်းတွေက စျေးအရမ်းကြီးပြီး ဒေါ်လာ ထောင်ချီ/ သောင်းချီ ယူကြပါတယ်။ ကျွန်မအနေနဲ့ကတော့ ဒီအကြောင်းအရာကို ရင်းနှီးမြှုပ်နှံချင်တဲ့သူတိုင်း လက်လှမ်းမီအောင်ရယ်၊ မြန်မာဘာသာနဲ့ ဒီအကြောင်းအရာကို သေချာရှင်းလင်းပေးတဲ့အတန်းကို လူတိုင်း တက်ခွင့်ရအောင်ရယ် ရည်ရွယ်ပြီး သင်တန်းကြေးကို တစ်ဦးလျှင် $59 ပဲကျသင့်အောင် စီစဉ်ပေးထားပါတယ်။ ဒါကလည်း Commitment ကြေးသဘောမျိုးယူလိုက်တာပါ။ အခမဲ့ပေးတဲ့အခါ လူတွေက သေချာလိုက်မလုပ်ဖြစ်တတ်တာ သဘာဝပါပဲ။
.
အတန်းတက်ဖို့ သေချာပြီဆိုရင်တော့ ကျွန်မရဲ့ Grow and Win Page မှာ Apartment Syndication အတန်းအပ်မယ့်အကြောင်းပြောပြီး အသေးစိတ် စုံစမ်းနိုင်ပါပြီ။
.
အားလုံးပဲ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စဉ်းစားနေပြီဆိုရင်တော့ Apartment Syndication Crash Course ကနေ စလိုက်ဖို့ အကြံပြုချင်ပါတယ်။
သင်တန်းကို စာရင်းသွင်းချင်ရင် အောက်မှာ ပေးထားတဲ့ Link မှာ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီ။

April 2 (Sunday) 7pm Eastern Time မှာစမယ်။


courses.growandwinllc.com/

24 - 3