Channel Avatar

MM Football Special @UCh2I-eUffaNv5E9Tsm_ki7w@youtube.com

5.5K subscribers - no pronouns :c

ဘောလုံးသတင်း မီဒီယာ


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

MM Football Special
Posted 23 hours ago

နော်ဝေရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ ဟာလန်း
-----------------------------
နော်ဝေက ဆလိုဗေးနီးယားကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟာလန်းက တစ်ဦးတည်း ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဟာလန်းက နိုင်ငံအသင်းအတွက် စုစုပေါင်း ၃၄ဂိုးသွင်းထားနိုင်ပါပြီ။ ဒီပမာဏကို ဟာလန်းက ၃၆ပွဲသာကစားရအပြီး သွင်းယူပြထားတာြဖစ်သလို နော်ဝေရဲ့ ဂိုးသွင်းအများဆုံး ကစာသမားအဖြစ်လည်း ရပ်တည်ထားနိုင်ပါတယ်။

61 - 1

MM Football Special
Posted 1 day ago

တစ်ဆုပြီးတစ်ဆု ယူပြနေတဲ့ ကိုးလ်ပါလ်မာ
------------------------
ချယ်လ်ဆီးအသင်းက အင်္ဂလန် ကွင်းလယ်လူ ကိုးလ်ပါလ်မာကတော့ မကြာသေးခင်ရက်ပိုင်းကမှ ၂၀၂၃-၂၄ ဘောလုံးရာသီအတွက် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားသူပါ။

အခုလည်း ချယ်လ်ဆီးအသင်းနဲ့ စက်တင်ဘာလအတွင်းက ခြေစွမ်းပြ ကစားခဲ့နိုင်မှုကြောင့် တစ်လတာ အကောင်းဆုံးကစားသမားဆုကိုလည်း ထပ်မံရရှိသွားပြန်ပါပြီ။

124 - 1

MM Football Special
Posted 3 days ago

❝ Red Bull ခေါင်းဆောင်ဖြစ်သွားတဲ့ ကလော့ ❞

လီဗာပူးလ်နည်းပြဟောင်းကလော့ပ်ကတော့ ရက်ဘူးလ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သွားပါပြီ။

၂၀၂၅ ဇန်နဝါရီမှာစတင်ပြီး တာဝန်ထမ်းဆောင်မယ်လို့ သိရပြီး ကလော့ပ်အနေနဲ့ ရက်ဘူးလ်ကုမ္ပဏီပိုင် ဘောလုံးအသင်းတွေရဲ့ နည်းပြပိုင်း၊ အတွေးအခေါ်နဲ့ အပြောင်းအရွှေ့ပိုင်းတွေအပြင် အခြားသော အပိုင်းတွေကိုလည်း ဦးဆောင်ပေးသွားရမှာပါ။

111 - 1

MM Football Special
Posted 3 days ago

❝ တစ်နှစ်တာအကောင်းဆုံး အင်္ဂလိပ် ဘောလုံးသမားဆုကို ဆွတ်ခူးသွားတဲ့ ကိုးလ်ပါလ်မာ ❞

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကိုးလ်ပါလ်မာကတော့ တစ်နှစ်တာအကောင်းဆုံး အင်္ဂလိပ် ဘောလုံးသမားဆုကို ဆွတ်ခူးသွားပါတယ်။

ဒီဆုကိုတော့ နိုင်ငံအသင်းဖော်တွေဖြစ်ကြတဲ့ ဘယ်လင်ဟမ်နဲ့ ဆာကာကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာပါ။

ထူးခြားတာတစ်ခုကတော့ ပါလ်မာဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ပြိုင်ပွဲမှာ တစ်ပွဲမှ ပွဲထွက်မကစားခဲ့ရတာပါ။

54 - 1

MM Football Special
Posted 3 days ago

❝ ဘလွန်းဒီအောဆု ဆွတ်ခူးနိုင်ခဲ့ပြီလို့ သတင်းထွက်နေတဲ့ ဗင်နီးစီးယက်စ် ❞

အားလုံး သိထားကြတဲ့အတိုင်း ၂၀၂၄ခုနှစ်အတွက် ဘလွန်းဒီအောဆုကို ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ဂျူနီယာက ဆွတ်ခူးနိုင်ခဲ့ပြီလို့ သတင်းထွက်နေပါတယ်။

အဲ့ဒီအတွက် တကယ့် ဆုပေးပွဲကိုတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ပြီး တရားဝင်ပေးအပ်သွားမှာပါ။

ဒီအတွက် ဗင်နီစီယက်စ်ရဲ့ မိခင်ကလပ်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ကတော့ သူတို့ကစားသမားကို ဂုဏ်ပြုဖို့ ဂုဏ်ပြုပွဲအခမ်းအနားတောင် ကြိုတင် ပြင်ဆင်ထားပြီးပြီလို့ သိရပါတယ်။

110 - 4

MM Football Special
Posted 3 days ago

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အာဂျင်တီးနားနဲ့ပွဲတချို့ကို လွဲချော်ခဲ့တဲ့ မက်ဆီကတော့ အခုအခါ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ပါပြီ။ အောက်တိုဘာလအတွင်း ကစားရမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဥ် ၂ပွဲအတွက် အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းနေတာပါ။ အာဂျင်တီးနားအသင်းကတော့ အောက်တိုဘာ ၁၁ရက်နေ့မှာ ဗင်နီဇွဲလား၊ ၁၆ရက်နေ့မှာ ဘိုလိဗီးယားအသင်းတို့နဲ့ ကစားရပါမယ်။

25 - 0

MM Football Special
Posted 6 days ago

တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာလဲ တန်ဟန့်ဂျ် မပြုတ်နိုင်သေး
-------------------------------
တန်ဟန့်ဂျ် မန်ယူမှာ ၃ရာသီရှိပါပြီ။ ရှေ့ ၂ရာသီတုန်းက ပရီးမီးယားလိဂ် အဖွင့် ၇ပွဲမှာ ရမှတ် ၉မှတ်စီ စုဆောင်းနိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ ဗီလာကို သရေကျပြီးနောက် ၇ပွဲကစား ၈မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အဆိုးရွား ဆုံး ရာသီ ဖြစ်လာပါပြီ။

အခုဆို အဆင့် ၁၄မှာ ရပ်တည်နေရပြီး ဥရောပ ပြိုင်ပွဲမှာလည်း နိုင်ပွဲရှာဖွေ မပြထားနိုင်ပါဘူး။ ဒါပေမယ့် နည်းပြ တန်ဟန့်ဂျ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ၄ပွဲမြောက် ပေးဂိုးမရှိပွဲအတွက် ဂုဏ်ဆာနေပါတယ်။

ပေါ်တိုနဲ့ ဗီလာပွဲမှာ ခြေစွမ်းနဲ့ရလဒ်ညံ့ရင် နည်းပြ တန်ဟန့်ဂျ်ပြုတ်ဖို့ သေချာသလောက်ရှိပေမယ့် သကောင့်သားက နှစ်ပွဲစလုံး သရေကစားပြထားတော့ ဘာဆက်လုပ်ရမလဲ အကုန်ခက်ကုန်ပါတယ်။

43 - 1

MM Football Special
Posted 1 week ago

ဘရူနိုရဲ့ အနီကဒ်ပြစ်ဒဏ်ကိုပယ်ဖျက်
--------------------------
စပါးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဘရူနိုရဲ့အနီကဒ်ပြစ်ဒဏ်ကို မန်ယူနိုက်တက်အသင်းက အယူခံဝင်ခဲ့ရာမှာတော့ အောင်မြင်ခဲ့ပါတယ်။

အနီကဒ်ပြစ်ဒဏ် မပြသခဲ့သင့်ဘူးလို့ သတ်မှတ်ပြီးနောက် ဘရူနိုရဲ့ အနီကဒ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ သွားပါပြီ။

တိုက်ရိုက်အနီကဒ် ပြစ်ဒဏ်က ပုံမှန်ဆိုရင် အနီးကပ်ဆုံး ၃ပွဲပယ် ခံရမှာ ဖြစ်ပေမယ့်လည်း အခုလို ပယ်ဖျက်ခံရတာာကြောင့် ဘရူနိုအနေနဲ့ လာမယ့် အနီးကပ်ဆုံးကစားရမယ့် ဗီလာပွဲအပါအဝင် ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲတွေကို ပါဝင်နိုင်တော့မှာပါ။

75 - 0

MM Football Special
Posted 1 week ago

❝ ဂရုစ်ဇ်မန်း အနားယူပြီ ❞

အန်တိုနီယို ဂရုစ်ဇ်မန်းလည်း နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားပါပြီ။

ဂရစ်ဇ်မန်းက ပြင်သစ်အသင်းအတွက် အဓိကပြိုင်ပွဲတွေမှာ ၃၆ပွဲပါဝင်ကစားပေးခဲ့ပြီး အခြား ဂိုးသမားမဟုတ်တဲ့ ကစားသမားတွေထက် ပွဲပိုကစားထားနိုင်ခဲ့သူပါ။

အခုတော့ ကလပ်အသင်းအတွက် ပိုမို အာရုံစိုက်ဖို့နဲ့လူငယ်တွေကို နေရာပေးဖို့အတွက် အနားယူသွားပါပြီ။

35 - 1

MM Football Special
Posted 1 week ago

❝ လူငယ်နည်းပြတွေပိုမိုမြင်တွေ့လာရတဲ့ ဥရောပ​ဘောလုံးလောက ❞

ဆရာထက် ပိုအသက်ကြီးတဲ့ စီနီယာ ကစားသမားကြီးတချို

33 - 0