Channel Avatar
သုခစက်ဝိုင်း Skylamin @UCfBNpfX014praIPTJYHdZpQ@youtube.com
89K subscribers - no pronouns :c
매일 기적같이 급속하게 성장하고 진화하는 삶. 매일 행복하고 성공하는 삶을 경험해보자. ပြောင်းလဲခ
Welcoem to posts!!
in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c
သုခစက်ဝိုင်း Skylamin
Posted 1 year ago
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ
ကျွန်တော့ရဲ့ သုခစက်ဝိုင်း Channel လေးကို အစဥ်တစိုက် အားပေးနေကြတဲ့ မိတ်ဆွေးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေခင်ဗျာ။
အချိန်တွေ အကြားကြီး ဗီဒီယိုတွေ မတင်ဖြစ်တာတောင် အမြဲမပြတ် အားပေးနေကြတဲ့အတွက် အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
အကြောင်း အမျိုးမျိုးကြောင့် ဗီဒီယိုဖိုင်တွေ မတင်ဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။
ကျန်းမာရေး အခက်အခဲ၊ စားဝတ်နေရေ အခက်အခဲ စတဲ့ ကြမ်းတမ်းတဲ့ အပြောင်းအလဲတွေ ကြားမှာ စိတ်ဓါတ်ခွန်အားတွေ ရကြပါစေခင်ဗျာ။
သဲတစ်ပွင့် ဖြစ်ပါစေ မိတ်ဆွေတို့ ဘဝမှာ ခွန်အားတွေ၊ အသိပညာတွေ တိုးပွားစေလိုတဲ့ ဆန္ဒလေးနဲ့
ကျွန်တော် အသံဖိုင်လေးတွေ ပြန်တင်သွားပါမယ်။
ဘဝ အောင်မြင်မှု အတွက် အထောင်အကူဖြစ်စေမယ့် စာအုပ်လေးတွေကို အချိန်ကုန် လူပန်း သက်စာစေဖို့အတွက် အနှစ်ချုပ်လေးတွေ ထုတ်ပြီးတော့ ဖတ်ပြပေးသွားပါမယ်။
==> ဗီဒီယို တည်းဖြတ်တဲ့ အချိန် အများကြီး မပေးနိုင်တော့တာကြောင့် ယခင် ဗီဒီယို ဖိုက်ပုံစံမျိုးမဟုတ်ပဲ Audio ဖိုင်ပုံစံနဲ့သာ တင်ပြသွားပါမယ်။ စာအုပ်ထဲက အဓိက အကြောင်းအရာကို ဦးစားပေး ဖော်ပြပြီးတော့ ကျွန်တော့ရဲ့ ထင်မြင်ယူဆချက်တွေ ပေါင်းပြီးတော့ တင်ပြပေးသွားပါမယ်။
==> ဒီ အပတ်က စပြီး ၁ ပတ်ကို အနည်းဆုံး ၁ ကြိမ် တင်နိုင်အောင် ကြိုးစားသွားပါမယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဘဝမှာ အောင်မြင်မှု၊ ချမ်းသာသုခတွေ စက်ဝိုင်းလို လည်ပတ်နိုင်ကြပါစေ။
လှမင်းထွန်း(ဘူဆန်)
၇-၈-၂၀၂၃(တနင်္လာ)
47 - 14
သုခစက်ဝိုင်း Skylamin
Posted 4 years ago
၁၃၈၂ ခုနှစ် မြန်မာ နှစ်သစ် ဆုတောင်း
==========================
နှစ်သစ်မှ စ၍ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးဘယာတွေ ဝေးကွာကြပါစေ။ လက်ရှိ ကြုံတွေ့နေရတဲ့ ဗိုင်းရပ်စ်ပိုး အန္တရာယ်ကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။
ပို့စ်ကိုရိုနာ(Post-corona)) ဆိုတဲ့ မကြာမှီ ကြုံတွေ့လာနိုင်မယ့် လူနေမှု ပုံစံအသစ်*ကို ကောင်းမွန်စွာ လက်ခံနိုင်ကြပြီးတော့ ကျရောက်လာနိုင်တဲ့ စီးပွားရေး အကျပ်အတည်း ပုံစံ အသစ်**ကိုလည်း ကျော်လွှားနိုင်ကြပါစေခင်ဗျာ။
စိတ်ခေါ်မှု အသစ်တွေ၊ တန်ဖိုးအသစ်တွေနဲ့ စောင့်မျှော်နေတဲ့ ဒီနှစ်မှာ မနေ့ကထက် ဒီနေ့ ပိုပြီးတော့ တော်လာတဲ့ တိုးတက်မှု(growth)တွေ၊ ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်တဲ့ အောင်မြင်မှု(success)တွေ ဆက်တိုက်ရရှိနိုင်ကြပါစေ။
ဘဝမှာ စိတ်ချမ်းသာမှု သုခတွေ စက်ဝိုင်းလို လည်ပတ်နိုင်ကြပါစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျာ။
*လူနေမှု ပုံစံအသစ် = အလုပ်တွေကို အိမ်ကနေ လုပ်လာနိုင်ခြင်း၊ အွန်လိုင်း ကျောင်းများ ပေါများလာနိုင်ခြင်း၊ ယခင်ကဲ့သို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခရီးသွားလာနိုင်မှု မလွယ်ကူတော့တဲ့အတွက်ကြောင့် ခရီးသွားလာမှု နည်းပါးလာနိုင်ခြင်း၊ လူအစား စက်ရုပ်များ အသုံးပြုများလာနိုင်ခြင်း စတဲ့ တန်ဖိုးများပြောင်းလဲသွားခြင်း(Value change)တို့ကြောင့် ကိုရိုနာပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် လူနေမှု ပုံစံ အသစ်။
**စီးပွားရေး အကျပ်အတည်း ပုံစံအသစ်။ ကိုရိုနာကြောင့် ကုန်ကျသော အသုံးစရိတ်များ ကာမိရန်နှင့် ဝယ်လိုအား ပြန်လည်အားကောင်းစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်၊ တရုတ်၊ ဂျပန် စတဲ့ အင်အားကြီး နိုင်ငံများမှ ငွေကြေးများကို ဈေးကွက်အတွင်း အများအပြား ဖြန့်ဝေမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး အကျပ်အတည်း ပုံစံအသစ်။
=============================================
လေးစားလျှက်
လှမင်းထွန်း
ခေတ္တဘူဆန်၊တောင်ကိုရီးယား
၁၇-၀၄-၂၀၂၀(သောကြာ)
၁၃၈၂ခုနှစ် တန်ခူးလဆန်း ၁၀ရက် နှစ်ဆန်းတစ်ရက်နေ့
၁၃၈၂ ခုနှစ် မြန်မာ နှစ်သစ် ဆုတောင်း
==========================
နှစ်သစ်မှ စ၍ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးဘယာတွေ ဝေကွာကြပါစေ။ လက်ရှိ ကြုံတွေ့နေရတဲ့ ဗိုင်းရပ်စ်ပိုး အန္တရာယ်ကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။ ပို့စ်ကိုရိုနာ(Post-corona)) ဆိုတဲ့ မကြာမှီ ကြုံတွေ့လာနိုင်မယ့် လူနေမှု ပုံစံအသစ်*ကို ကောင်းမွန်စွာ လက်ခံနိုင်ကြပြီးတော့ ကျရောက်လာနိုင်တဲ့ စီးပွားရေး အကျပ်အတည်း ပုံစံ အသစ်**ကိုလည်း ကျော်လွှားနိုင်ကြပါစေခင်ဗျာ။ စိတ်ခေါ်မှု အသစ်တွေ၊ တန်ဖိုးအသစ်တွေနဲ့ စောင့်မျှော်နေတဲ့ ဒီနှစ်မှာ မနေ့ကထက် ဒီနေ့ ပိုပြီတော့ တော်လာတဲ့ တိုးတက်မှု(growth)တွေ၊ ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်တဲ့ အောင်မြင်မှု(success)တွေ ဆက်တိုက်ရရှိနိုင်ကြပါစေ။
ဘဝမှာ စိတ်ချမ်းသာမှု သုခတွေ စက်ဝိုင်းလို လည်ပတ်နိုင်ကြပါစေ။ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျာ။
*လူနေမှု ပုံစံအသစ် = အလုပ်တွေကို အိမ်ကနေ လုပ်လာနိုင်ခြင်း၊ အွန်လိုင်း ကျောင်းများ ပေါ်များလာနိုင်ခြင်း၊ ယခင်ကဲ့သို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခရီးသွားလာနိုင်မှု မလွယ်ကူတော့တဲ့အတွက်ကြောင့် ခရီးသွားလာမှု နည်းပါးလာနိုင်ခြင်း၊ လူအစား စက်ရုပ်များ အသုံးပြုများလာနိုင်ခြင်း စတဲ့ တန်ဖိုးများပြောင်းလဲသွားခြင်း(Value change)တို့ကြောင့် ကိုရိုနာပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် လူနေမှု ပုံစံ အသစ်။
**စီးပွားရေး အကျပ်အတည်း ပုံစံအသစ်။ ကိုရိုနာကြောင့် ကုန်ကျသော အသုံးစရိတ်များ ကာမိရန်နှင့် ဝယ်လိုအား ပြန်လည်အားကောင်းစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်၊ တရုတ်၊ ဂျပန် စတဲ့ အင်အားကြီး နိုင်ငံများမှ ငွေကြေးများကို ဈေးကွက်အတွင်း အများအပြား ဖြန့်ဝေမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး အကျပ်အတည်း ပုံစံအသစ်။
===========================
လေးစားလျှက်
လှမင်းထွန်း
ခေတ္တဘူဆန်၊တောင်ကိုရီးယား
၁၇-၀၄-၂၀၂၀(သောကြာ)
၁၃၈၂ခုနှစ် တန်ခူးလဆန်း ၁၀ရက် နှစ်ဆန်းတစ်ရက်နေ့
=================================================
လေးစားလျှက်
လှမင်းထွန်း
၁၇-၀၄-၂၀၂၀(သောကြာ)
87 - 1
သုခစက်ဝိုင်း Skylamin
Posted 4 years ago
မင်္ဂလာပါ ခင်ဗျာ
ကျွန်တော် လှမင်းထွန်းပါ။
မိတ်ဆွေတို့က်ို နေ့စဉ် ဗီဒီယိုဖိုင်လေးတွေကို တင်ပေးမယ်လို့ ကတိပေးထားပေမယ့် ကျမ်းမာရေးနဲ့ အခြားအလုပ်ကိစ္စလေးတွေကြောင့် ဒီနေ့က စပြီး တစ်ပတ်ကျော်ကျော် လောက်အထိ တင်ပေးဖို့အခဲ ရှိတဲ့အတွက် တောင်းပန်ပါတယ် ခင်ဗျာ။ ကျွန်တော့်ရဲ့ ချန်နယ်လေးကို အဓိက အားပေးနေတဲ့ မိတ်ဆွေတို့ကို ဒီနေရာလေးကနေ တောင်းပန်လိုက်ပါတယိ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
လေးစားလျက်
လှမင်းထွန်း
ခေတ္တဘူဆန်
မဂၤလာပါ ခင္ဗ်ာ
လေးစားလျက်
လှမင်းထွန်း
ခေတ္တဘူဆန်
37 - 9
သုခစက်ဝိုင်း Skylamin
Posted 4 years ago
<Unicode>
ကျွန်တော့်ရဲ့ သုခစက်ဝိုင်း Channel လေးကို ကြည့်ရှု အားပေးနေကြတဲ့ မိတ်ဆွေများ အားလုံးမင်္ဂလာပါ ခင်ဗျာ။ အခုတစ်လော ကျွန်တော် Phd စာတမ်းအတွက် ပြင်ဆင်နေရတဲ့အတွက် ဗီဒီယိုတွေ မတင်ဖြစ်တာပါခင်ဗျာ။ ပထမ အကြိမ်တော့ အောင်မြင်သွားပါပြီ၊ နည်းနည်းပြင်စရာလေးတွေ လက်စသပ်နေရတဲ့အတွက် ရှေ့လလောက်မှပဲ ပုံမှန်ပြန်တင်ဖြစ်ပါတော့မယ်။ စောင့်မျှော်နေကြတဲ့ မိတ်ဆွေများ အားလုံးကိုလည်း တောင်းပန်ပါတယ် ခင်ဗျာ။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး ပြန်လည် တင်ဆက်ပေးသွားပါမယ်။ကျေးဇူးတင်ပါတယ် ခင်ဗျာ။
လေးစားလျက်
လှမင်းထွန်း
၂၅-၁၁-၂၀၁၉(တနင်္လာနေ့)
<Zawgyi>
လေးစားလျက်
လှမင်းထွန်း
၂၅-၁၁-၂၀၁၉(တနင်္လာနေ့)
73 - 14
သုခစကျဝိုငျး Skylamin
Posted 5 years ago
ကျေးဇူးတင်စကားပြောကြားခြင်း
====•••••••••••========
ဒီနေ့ ကျွန်တော့ရဲ့ channel လေးဟာ
Subscriber 3 သောင်းပြည့်ခဲ့ပါပြီ။
အားပေးကြတဲ့ မိတ်ဆွေများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။ ပိုပြီးတော့ အကျိုးရှိတဲ့ ဗီဒီယို ဖိုင်လေးတွေ ဖန်တီးသွားပါဦးမယ်။
လေးစားလျက်
လှမင်းထွန်း
၁၁-၆-၂၀၁၉(အင်္ဂါ)
333 - 72
သုခစကျဝိုငျး Skylamin
Posted 5 years ago
Live တင်ရင် အဆင်ပြေပါ့မလားခင်ဗျာ။========================
မိတ်ဆွေတို့အတွက် စာအုပ်ထဲက အကြောင်းအရာလေးတွေကို ပိုပြီးတော့ မကြာခဏပြောပြချင်တဲ့အတွက် video editing မလုပ်ပဲနဲ့ live တင်ရင် အဆင်ပြေပါ့မလားခင်ဗျာ။။
ဘာဖြစ်လို့လဲဆိုတော့ စာဖတ်ရမယ့် အချိန်မှာ video editing လုပ်နေတာနဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်နေတာကြောင့်ပါ။
ပြီးတော့ ကျွန်တော့ channel လေးဟာ အခြား ဖျော်ဖြေရေးတွေ တင်တာ မဟုတ်တဲ့အတွက် မိတ်ဆွေတို့ကို ပြောပြချင်တဲ့ အကြောင်းအရာလေးတွေကို ဒီအတိုင်း စကားလေးနဲ့ ပြောရင် ပိုပြီးတော့ အဆင်ပြေမယ်လို့စဉ်းစားမိလို့ပါခင်ဗျာ။
ဒါ့ကြောင့် live နဲ့ တင်စေချင်ရင် comment မှာ 1 လို့ ရေးခဲ့ပေးကြပါ ခင်ဗျာ။ ဒါမှမဟုတ် ဒီအတိုင်းပဲ video editing လုပ်ပြီးတင်စေချင်ရင် 2 လို့ ချန်ထားပေးခဲ့ပါ။အခြား အကြံကောင်းများ ရှိပါကလည်း စာလေးတွေချန်ထားပေးခဲ့ပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
161 - 124
သုခစကျဝိုငျး Skylamin
Posted 5 years ago
==================
ကျွန်တော့ အနေနဲ့ ခုတလော ဗီဒီယိုဖိုင်လေးတွေ မတင်ဖြစ်ရတာကတော့ အသံဝင်နေတဲ့ အတွက်ကြောင့်ပါ။ ပြီးခဲ့တဲ့လက အအေးမိပြီး ဖျားရာကနေ အသံဝင်တာက လုံးဝ အရှင်းမပျောက်သေးတဲ့အတွက်ကြောင့် အသံသွင်းတာကို မလုပ်နိုင်ပဲ ဖြစ်နေရတာပါခင်ဗျာ။ နားလည်ပေးကြလို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။ စောင့်မျှော်နေကြတဲ့ မိတ်ဆွေတို့အတွက်လည်း ပိုပြီးတော့ အကျိုးရှိမယ့် ဗီဒီယိုဖိုင်လေးတွေကို အပတ်စဉ် ပုံမှန် တင်နိုင်အောင် ကြိုးစားသွားပါမယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့ရဲ့ဘဝမှာ
အောင်မြင်မှု
ချမ်းသာသုခတွေ
စက်ဝိုင်းလို လည်ပတ်နိုင်ပါစေ။
========================
လှမင်းထွန်း
ခေတ္တဘူဆန်
တောင်ကိုရီးယား
၁၆-၄-၂၀၁၉(အင်္ဂါနေ့)
102 - 31
သုခစကျဝိုငျး Skylamin
Posted 5 years ago
ယူကျူ့ ဝင်ငွေနဲ့ နောက်ဆက်
=====================
ဒါ့ကြောင့် မိတ်ဆွေတို့ သိချင်တဲ့ ယူကျူ့ အကောင့်ဖွင်တာ၊ ဆောင်ရန် ရှောင်ရန်၊ ကြိုတင်ပြင်ဆင်ရန်နဲ့ ဘယ်လို အကြောင်းအရာလေးတွေ ဖန်တီးလို့ ရနိုင်မယ် ဆိုတာကအစ နောင်ပိုင်း ပြောပြပေးသွားပါမယ် ခင်ဗျာ။ကျွန်တော်ကိုယ်တိုင် နားလည်တဲ့ စာတွေ့၊လက်တွေ့တွေကို အခြေခံပြီးတော့ ရှင်းပြပေးသွားပါမယ်ခင်ဗျာ။ ပြောချင်တဲ့ အကြောင်းအရာတွေက များတဲ့အတွင် တဖြည်းဖြည်းချင်း နားလည်လွယ်အောင်၊ လိုက်လုပ်လို့ အဆင်ပြေအောင် တင်ပြပေးသွားပါမယ်။ဒါ့ကြောင့် အချိန်လေး အနည်းငယ် သည်းခံပြီးတော့ စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။ ကျွန်တော့ Channel လေးရဲ့ ရည်ရွယ်ချက်အတိုင်း အောင်မြင်မှု၊ ချမ်းသာသုခတွေ စက်ဝိုင်းလို လည်နေတဲ့ ဘဝတွေ အတူတကွ တည်ဆောက်ကြပါစို့လား ခင်ဗျာ။
နောက်ဆုံးအနေနဲ့ မိတ်ဆွေတို့ကို အထူးပဲကျေးဇူးတင်ရှိပါကြောင်း ထပ်မံပြောကြားပါရစေခင်ဗျာ။
ကောင်းသောညလေးပါ။
လေးစားလျက်
လှမင်းထွန်း
၇-၁-၂၀၁၉(တနင်္လာနေ့)
138 - 55
သုခစကျဝိုငျး Skylamin
Posted 5 years ago
မင်္ဂလာပါခင်ဗျာ^^ကောင်းသောနေ့လေးပါ။
ကျွန်တော့တဲ့ Channel လေးဟာ မိတ်ဆွေတို့ရဲ့ အသိအမှတ်ပြု အားပေးတဲ့အတွက်ကြောင့် အချိန်တိုတိုအတွင်းမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
ဘာတွေလဲဆိုတာကိုတော့ ကျွန်တော် နောက်ပိုင်း အသိပေးပြောကြားသွားပါမယ်ခင်ဗျာ။
ဆက်လက်ပြီးတော့ မိတ်ဆွေတို့အတွက် အကျိုးရှိမယ် အကြောင်းအရာလေးတွေကို တင်ဆက်ပေးသွားပါမယ်။
ကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဘဝမှာ၊
လှမင်းထွန်း
၂၆/၁၀/၂၀၁၈(သောကြာ)
93 - 33