Channel Avatar

Mushi - Myanmar Audio Books Channel @UCf2HbUSZCWb_wE5sRxBTAMg@youtube.com

53K subscribers - no pronouns :c

Mushi တို့ Channel ကနေ တင်ပေးသွားမယ့် အကြောင်းအရာ တွေကတော့


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Mushi - Myanmar Audio Books Channel
Posted 3 months ago

"ခိုးစိတ်တိုးတိတ် လွမ်းချိန်" ကို ပေးပြီး စိုးလွင်လွင်ကို ပြန်ယူသွားတဲ့ ရန်ကင်း။ ငါတို့ရှေ့မျိုးဆက်ရဲ့ စစ်သင်္ချိုင်းဖြစ်တဲ့ ရန်ကင်းပိုက်လုံးကြီးရဲ့ ဂန္ဓ၀င်ဆည်းဆာ နေရောင်အောက်မှာ ငါတို့ဟာ ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းခြုံထားတဲ့ မရဏဆံနွယ်တွေကို ငေးမောမှင်သက်ခဲ့ကြ

ဒီစာအုပ်လေးက ခေတ်တစ်ခု စနစ်တစ်ခုကို ပြန်ပီး မီးမောင်းထိုးပြတဲ့ စာအုပ်ကောင်းလေးပါ။ အဲ့ခေတ်ကိုဖြတ်သန်းခဲ့ဘူးတဲ့လူတစ်ယောက်ဆိုရင်တော့ပိုပိး touch ဖြစ်မှာပါ။ ခေတ်စနစ်ဆိုးကြားမှာ struggle ဖြစ်ရတဲ့ ဘဝတွေကိုကွက်ကွက်ကွင်းကွင်းမြင်ရလိမ့်မယ်။

အစအဆုံးကို ဒီမှာနားဆင်နိုင်ပါတယ် ခင်ဗျာ့ 🎧
https://youtu.be/9GvE6UJgexM

40 - 0

Mushi - Myanmar Audio Books Channel
Posted 4 months ago

သင်္ကြန် ပိတ်ရက်မှာ အခန်းဆက် တင်ဆက်ပေးခဲ့တဲ့ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ရဲ့ ပိထောက်ပွင့်ဆဲ လသာဆဲဝယ် စာအုပ်လေး ရဲ့ အစအဆုံးကို အမြန်လုပ်ပီး တင်ပေးလိုက်ပါတယ်ရှင့်။ ပိတ်ရက်ထဲ အစအဆုံးပြန်တင်ပေးဖို့ တောင်းဆိုတာတဲ့ လူတွေလည်း ကျေနပ်မယ်ထင်ပါတယ်။ https://youtu.be/RgbzNyAhinY

ဒီနေ့ပွင့်ပွင့် ၊ မနက်ဖြန်ပွင့်ပွင့်

ကိုယ်က အရင်ပန်ရရင်

ကိုယ့်ပိတောက်ဦးပေါ့ မမဝေ...💛

- တက္ကသိုလ်ဘုန်းနိုင်


ဒီစာသားလေးရော ပုံလေးရောကို တက္ကသိုလ်ဘုန်းနိုင် ဆိုတဲ့ fb page ကနေ ယူပီးသုံးခဲ့ပါတယ်။ ဒီနေကနေပဲ အသုံးပြုခွင့်ပေးဖို့တောင်းဆိုပါရစေ။ credit လည်းပေးပါတယ်ရှင့်။ 🙏

23 - 2

Mushi - Myanmar Audio Books Channel
Posted 9 months ago

နားဆင်သူ ပရိတ်သတ်ကြီးကို Mushi Channel ကနေ Videos လေးတွေ တစ်ပိုင်းနဲ့ တစ်ပိုင်းကြား အရင်ထက်စာရင် နဲနဲလေးခြားနေတာ သတိပြုမိမယ်ထင်ပါတယ်ရှင့်။ Mushi ကိုယ်တိုင်ကလည်း နေရာသစ်တစ်ခုမှာ အလုပ်နဲ့ကျောင်း survival mode ဖြစ်နေလို့ပါ။

သည့်အတွက်ကြောင့်မလို "ရမ္မက်မီး" နဲ့ "အောင်မြင်မှု ပန်းတိုင်သို့ ခြေလှမ်း ၅၀" စာအုပ် ၂ အုပ်ကို အမြန်ပြီးဆုံးအောင်ဖတ်ပေးချင်ပေမယ့်လည်း စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေရပါတယ်။ ဒါပေမယ့် အချိန်ရရင် ရသလို ကြိုးစားပြီး ဖတ်ပေးပါမယ်ရှင့်။ စောင့်နားထောင်ရတာရတာ အရမ်းကြာနေလို့လဲ အားနာမိပါတယ်။

နားလည်သည်းခံပေးကြပါနော် Return of Mushi Channel ဖြစ်ဖို့ကြိုးစားနေပါတယ်။ နားဆင်သူ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ 🌿

59 - 9

Mushi - Myanmar Audio Books Channel
Posted 9 months ago

နားဆင်သူ ပရိတ်သတ်ကြီးကို Mushi Channel ကနေ Videos လေးတွေ တစ်ပိုင်းနဲ့ တစ်ပိုင်းကြား အရင်ထက်စာရင် နဲနဲလေးခြားနေတာ သတိပြုမိမယ်ထင်ပါတယ်ရှင့်။ Mushi ကိုယ်တိုင်ကလည်း နေရာသစ်တစ်ခုမှာ အလုပ်နဲ့ကျောင်း survival mode ဖြစ်နေလို့ပါ။

သည့်အတွက်ကြောင့်မလို "ရမ္မက်မီး နဲ့ အောင်မြင်မှု ခြေလှမ်း ၅၀ စာအုပ် ၂ အုပ်ကို အမြန်ပြီးဆုံးအောင်ဖတ်ပေးချင်ပေမယ့်လည်း စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေရပါတယ်။ ဒါပေမယ့် အချိန်ရရင် ရသလို ကြိုးစားပြီး ဖတ်ပေးပါမယ်ရှင့်။ စောင့်ဖတ်ရတာ အရမ်းကြာနေလို့လဲ အားနာမိပါတယ်ရှင့်။

နားလည်သည်းခံပေးကြပါနော် Return of Mushi Channel ဖြစ်ဖို့ကြိုးစားနေပါတယ်။ နားဆင်သူ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ 🌿

36 - 6

Mushi - Myanmar Audio Books Channel
Posted 10 months ago

✨ ✨ ယမိုက်စုံ မာရဇိန်ဝယ်၊ တာဝတိံသဘင်မြတ်ကယ်က သင်္ကဿပြည်ဌာနီ၊ မြန်းတဲ့ရာသီ ✨✨

ဟူသော တူရာသီ သီတင်းကျွတ်လဘွဲ့ တေးထပ်ကို ဦးကြော့က ရေးစပ်ခဲ့သည်။ ဖိုးသူတော်ဦးမင်းကလည်း “ခုနစ်လီငယ်၊ ဂမ္ဘီရတ္ထ၊ မြတ်ဓမ္မကို၊ ကောဝိလအောက်၊ ကမ္ဗုကျောက်ထက်၊ မိန့်မြောက်ပြီးလတ်၊ပြည်သင်္ကဿသို့၊ မြင့်မြတ်ကယ်ဘုန်းစည်၊ စက်ဖွားတော်လည်ချိန်မို့”ဟူသော လေးချိုးဖြင့် မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားကို ဟောကြားပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာသင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်လာပုံကို ဖွဲ့ဆိုထားသည်။

သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရား ဟောကြားပြီးဆုံးသည်ကို ရည်စူး၍ ထိုနေ့အား အဘိဓမ္မာအခါတော်နေ့ဟု အထိမ်းအမှတ် ထားကြခြင်းဖြစ်သည်။

“မြတ်စွာဘုရားသခင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားကို ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာရေအေး တိုက်ကျွေးတော်မူပြီးလျှင် နာဂိန္ဒရာဇာ၊ မြင်းမိုရ်ချာမှ သင်္ကဿနဂိုရ်ပြည်သို့ ရွှေ၊ ငွေ၊ ပတ္တမြားဟူသော စောင်းတန်းနတ်လမ်းသုံးသွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသောအခါ မင်းနှင့်တကွပြည်သူပြည်သား အပေါင်းတို့ ဆီမီးတန်ဆောင် ထွန်းလင်းပူဇော်ခြင်း ဟူသော ထုံးပဝေဏီအမှီတန္တု အနှုန်းပြုပြီးလျှင် သီတင်းကျွတ်လအခါ ဆီမီးမြင်းမိုရ်ထွန်းညှိပူဇော်”ကြောင်း ဆရာကြီးမင်းသုဝဏ်က ဖိုးသူတော် ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများ စာအုပ်တွင် ဖွင့်ဆိုထားချက်ရှိသည်။ “ေဥယျငါးခု၊ တရားစုကို၊ သဗ္ဗညုတံ၊ မြတ်ရွှေဉာဏ်ဖြင့်၊ ကြွင်းကျန်မရှိ၊အကုန်သိ”တော်မူသော မြတ်စွာဘုရား၏ အဘိဓမ္မာတရားတော်နှင့် သီတင်းကျွတ် မီးထွန်းပွဲသည် မြင့်မြတ်စွာ ဆက်စပ်နေကြောင်း သိထိုက်သည်သာတည်း။

အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည် ခြောက်ဝါအလွန် ခုနစ်ဝါအရောက် မဟာသက္ကရာဇ် ၁၀၉ ခုနှစ် သက်တော် ၄၂ နှစ်အရွယ်တွင် တာဝတိံသာ နတ်ပြည်ပင်လယ်က သစ်ပင်ရင်း ပဏ္ဍုကမ္ဗလာမြကျောက်ဖျာထက်၌ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား ဟောကြားတော်မူခဲ့သည်။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရားဖြစ်၍ အဘိဓမ္မာဟုခေါ်သည်။

ပါဠိသက်ဝေါဟာရအဘိဓာန်တွင် အဘိသည်လွန်ကဲသော၊ ဓမ္မာသည် တရားဟုဖွင့်ဆို၏။ “သဘောသက်သက်မျှဖြစ်သောတရား၊ ယင်းတို့ကို ပြသောကျမ်း”ဟုလည်း အဓိပ္ပာယ်ဖွင့်သည်။ အဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ အရေအတွက် ခုနစ်ကျမ်းရှိ၏။

မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြား၍ ရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။

ရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူသည်။ ဘုရားရှင်တိုင်းသည် အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားဘဲ နတ်ပြည်တွင်သာ ဟောကြားသည်။ အကြောင်းမူ အဘိဓမ္မာတရားတော်သည် သုတ္တန်ဒေသနာ၊ ဝိနည်းဒေသနာတော်များကဲ့သို့ လူတို့၏အချိန်ကာလ တစ်ရက်အတွင်း၌ စလယ်ဆုံးပြီးဆုံးအောင် ဟောကြား၍ မဖြစ်ခြင်းကြောင့်ပါပေ။ အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို လူသားများ ဣရိယာပုတ်တစ်ခုတည်းဖြင့် ပြီးဆုံးအောင် နာယူနိုင်စွမ်းမရှိပါ။ လူတို့၏ အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏ အချိန်ကာလ တစ်ခဏမျှသာဖြစ်သည်။ ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားဘဲ နတ်ပြည်မှာသာ ဟောကြားရခြင်းဖြစ်သည်။

“ဗုဒ္ဓဘာသာတွင် လေးနက်လှသော အဘိဓမ္မာတရား”ဟု မြန်မာစာပေသမိုင်းတွင် ကမ္ပည်းတင်သော အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ လူသားအနေဖြင့် အာဟာရပိုင်းတွင် နတ်အာဟာရကို မမှီဝဲပါ။ လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်သည်။

ပကတိမြတ်စွာဘုရားဆွမ်းခံကြွသောအခါ အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းမထားပါ။ ပကတိ မြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့် ဖန်ဆင်းထားသော နိမ္မိတဘုရားရှင်က ဆက်၍ဟောကြားတော်မူကြောင်းလည်း ဆရာတော်မာဂဓီ(သာစည်)၏ အခါတော်နေ့များစာအုပ်မှ မှတ်သားရပါသည်။ “မြတ်ဘုရားနှင့် အလားနည်းတူ၊ ဆူဆူဘုရား၊ ဖန်ဆင်းငြား၊ များပြားအံ့ဖွယ်တော်”ဟူသည့် အတိုင်းပါပေ။

ဆက်လက်၍ ဆရာတော်က အဘိဓမ္မာတရား ဟောကြားပုံဟောကြားနည်း ဗဟုသုတကို မိန့်ဆိုထားပါသည်။ဟောကြားနည်း သုံးနည်းရှိသည်။

(က)သဗ္ဗညုမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူပါသည်။

(ခ)စန္ဒကူးတော၌ ရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူသည်။

(ဂ) မြတ်စွာဘုရားဟောကြားသော အဘိဓမ္မာတရားကို ရှင်သာရိပုတ္တရာမထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀၀ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူသည်။ ယနေ့မျက်မှောက်ခေတ် ရဟန်းရှင်လူတို့ အဘိဓမ္မာ တရားကို သင်ကြားခွင့်ရရှိနေသည်မှာ ရှင်သာရိပုတ္တရာ၏ ကျေးဇူးကြောင့်ဟုလည်း အဆိုပါစာအုပ်မှ ဗဟုသုတပေးထားပါသေးသည်။

အဘိဓမ္မာတရားကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ်အခါ၌ မီးမြင်းမိုရ်ပွဲဆင်နွှဲကြသည်။ “မြင်းမိုရ်တောင်သဏ္ဌာန် သစ်ဝါးတို့ကို ဆောက်လုပ်၍ မီးထွန်းညှိပူဇော်သော ထိုပွဲကို ထီးတွင်းနန်းတွင်း၌ မီးမြင်းမိုရ်ပွဲဟုခေါ်သည်။ ကျေးလက်နယ်ပယ်၌ကား တာဝတိံသာပွဲဟု ခေါ်သည်ဟု သိရသည်။ ရှေးအခါက တန်ခူးလနှစ်သစ်ကူး သင်္ကြန်ပွဲသည် အလွန်ကြီးကျယ် စည်ကားသည်။ မိုးမကျခင် လယ်ယာကိုင်းကျွန်းသို့ မဆင်းရခင် လူတို့သည် အပျော်ကြီး ပျော်လိုက်ကြခြင်းဖြစ်သည်။ တစ်ဖန်မိုးကုန် ဝါကျွတ်၍ အလုပ်အားစပြုသောအခါတွင် မီးမြင်းမိုရ်ပွဲ(ဝါ)တာဝတိံသာပွဲကို အထူးဆင်နွှဲကြပြန်သည်” ဟူ၍လည်း ဆရာကြီးမင်းသုဝဏ်က မီးမြင်းမိုရ်ပွဲအကြောင်း မှတ်ချင့်စဖွယ် ရှင်းပြပါသည်။

သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်တော်မူရာတွင် နတ်ပရိသတ်များက လက်ယာဘက်ရွှေစောင်းတန်း၊ ဗြဟ္မာပရိသတ်များက လက်ဝဲဘက်ငွေစောင်းတန်း၊ မြတ်စွာဘုရားသခင်က အလယ်ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူသည်။ မာတလိနတ်သားက မြတ်စွာဘုရားအနီး ဝဲဘက်တော်မှ ခစားလိုက်ပါပြီး ပဉ္စသီနတ်သားက စောင်းတီးပူဇော်ရင်း လိုက်ပါပို့ဆောင်သည်။ သိကြားမင်းက ဘုရားနောက်တော်မှ ထီးမိုးလိုက်ပါပြီး သုယာမနတ်သားက ယပ်ခတ်လျက် လိုက်ပါလာသည်။ ထိုစဉ်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရသူများသည် ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူများသည်ဟု အဆိုရှိသည်။ “ဝတိံနန်းမှ၊ ကြွမြန်းဆင်းရာ၊ ထိုအခါဝယ်၊ လူမှာနတ်ဖြင့်၊နတ်ပင်လူက၊ ချက်ချင်းပ၊ မြင်ရအံ့ဖွယ်တော်” “မျက်လုံးနားတော်၊ စသော်များစွာ၊ ကိုယ်အင်္ဂါမှ၊ ရောင်ဝါ

ထိန်ညီး၊ ရေမီးအစုံ၊ တန်ခိုးဂုဏ်ကြည်ဟုံ အံ့ဖွယ်တော်}}ဟူသော မြတ်စွာဘုရား၏ အံ့ဖွယ်တော်(၁၈)ပါး အပါအဝင်ဖြစ်သော အံ့ဖွယ်တော်များကို မျက်မြင်ဒိဋ္ဌ ဖူးတွေ့လိုက်ရသူတို့သည် ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြသည်ဟု ပိဋကတ်ကျမ်းဂန်များတွင် ဖော်ပြထားပေသည်။

“ဆယ်မျက်နှာဝယ်၊ ရောင်ခြောက်သွယ်တို့၊ ပြန့်ကျယ်လွှမ်းခြုံ၊ ထွန်းလင်းတုံ”ပါသော မြတ်စွာဘုရား၏ တုနှိုင်းမရှိသည့် တန်ခိုးတော် အဟုန်ကြောင့်ပင်တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ပူဇော်ကြသည့်ထုံးသည် တွင်ရစ်ကာ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ တိုင်အောင် သီတင်းကျွတ်ချိန်တွင် မီးမြင်းမိုရ်ပွဲထွန်းညှိ ပူဇော်ကြခြင်းဖြစ်သည်။

သို့နှင့် မြတ်သည်ထက်မြတ်သော သီတင်းကျွတ် လပြည့်နေ့အား (က)နတ်ပြည်တွင် နတ်ပရိသတ်များကို အကျယ်ဟောကြား ပြီးဆုံးခြင်းသည် သီတင်းကျွတ်လပြည့်နေ့၊ (ခ)စန္ဒကူးတော၌ ရှင်သာရိပုတ္တရာအား အကျဉ်းဟောကြားပြီးဆုံးခြင်းသည် သီတင်းကျွတ်လပြည့်နေ့၊ (ဂ) ရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချခြင်းပြီးဆုံးသည်မှာလည်း သီတင်းကျွတ် လပြည့်နေ့ဟူသော ထူးကဲမှုများကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ဗုဒ္ဓသမိုင်းတွင် အတိုင်းမသိ ထင်ရှားခဲ့ခြင်းဖြစ်ပေသည်။

အဘိဓမ္မာတရားတော်၏ ဂုဏ်ဒြပ်တွင် ပါဠိ၏နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏နက်နဲခြင်း ဟူသော ဂမ္ဘီရလေးမျိုးသည် သိသာထင်ရှားစွာ ထင်ဟပ်နေသည်။ ထို့ပြင် အမိကျေးဇူး ဆပ်တရားဖြစ်ပြီး နတ်ပြည်၌ ဟောကြားခြင်း၊ သုံးလကြာမျှဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီ ဟောကြားခြင်းဟူသော ထူးခြားချက် လေးမျိုးစုံညီသော တရားတော်မြတ်လည်း ဖြစ်ချေသည်တမုံ့။

သို့ဖြစ်ရာ “ပျော်ရာဒေဝိန်၊ တာဝတိံဝယ်၊ ဟောချိန်လည်းသိ၊ အဘိဓမ္မာ၊ ဒေသနာလည်း၊ တံထွာမချွတ်”ဟု ကိုးခန်းပျို့တွင် ဆိုထားသည့် အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ သင်ကြားနာယူခြင်းကြောင့် လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမရူပပရိစ္ဆေဒဉာဏ် ရင့်သန်စေခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းကြောင်းအထောက်အပံ့ကောင်း ရနိုင်ခြင်း၊ ဘေးဥပဒ်အန္တရာယ် ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးများ ရရှိနိုင်ပါသောကြောင့် အဘိဓမ္မာဒေသနာတော်မြတ်ကို နာကြားရွတ်ပွား ပူဇော်အပ်ပါကြောင်း သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အထိမ်းအမှတ် ရေးသားအပ်ပါသတည်း။ ။


Credit : ခိုင်(မိတ္တီလာ)

45 - 2

Mushi - Myanmar Audio Books Channel
Posted 11 months ago

သင်ဟာ တကယ်လို့ သင့်အိပ်မက်၊ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေရင်းနဲ့ လမ်းတစ်ဝက်မှာ အခက်အခဲ ဒုက္ခ တွေနဲ့ ရင်ဆိုင်ရလို့ စိတ်ဓာတ်ကျပြီး လက်လျှော့ အရှုံးပေးချင်စိတ်ပေါ်လာရင် သူတို့ကို သတိရလိုက်စမ်းပါ။

1) သတင်းစာတိုက်တစ်ခုကနေ အလုပ်ထုတ်ခံရတယ်။ အကြောင်းပြ ချက်က တီထွင်ဆန်းသစ်ဖန်တီးတတ်တဲ့ အရည်အချင်းမရှိလို့တဲ့။ သူ ဘယ်သူလဲ။ ကမ္ဘာကျော် ဝေါ့ဒစ္စနေး ရုပ်ရှင်ကုမ္ပဏီကြီးရဲ့ ပိုင်ရှင် ဝေါ့ဒစ္စနေးပါ။


2) သူဟာ အသက် ၄ နှစ်အထိ စကားမပြောတတ်ဘူး။ အသက် ၇ နှစ် အထိ စာမဖတ်တတ်သေးဘူး။ လူတွေက ပြောကြတယ်။ သူဟာ မှတ်ဉာဏ်ချို့ယွင်းနေတယ်။ သူ့မှာ စဉ်းစားတတ်တဲ့ ဦးနှောက်ဉာဏ် မရှိဘူးတဲ့။ သူ ဘယ်သူလဲ။ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်းပါ။


3) ကျောင်းက ဆရာမတွေက ပြောကြတယ်။ “သူဟာ ဉာဏ်တုံးလွန်းလို့ စာသင်ပေးလို့ မရနိုင်ဘူး” တဲ့။ သူဟာ ပထမဆုံးလုပ်တဲ့ ကုမ္ပဏီ နှစ်ခုက အလုပ်ထုတ်ခံရတယ်။ အကြောင်းပြချက်က အလုပ်တွေကို ပြီးအောင် မလုပ်တတ်ဘူးတဲ့။ သူ ဘယ်သူလဲ။ ကမ္ဘာကျော် တီထွင် ပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်ပါ။


4) သူဟာ ရုပ်မြင်သံကြားကုမ္ပဏီက အလုပ်ထုတ်ခံရတယ်။ အကြောင်းပြ ချက်က သူဟာ ရုပ်မြင်သံကြားလုပ်ငန်းနဲ့ မသင့်တော်ဘူးတဲ့၊ သူ ဘယ်သူလဲ။ ရုပ်မြင်သံကြားမှာ အစီအစဉ် တင်ဆက်သူအဖြစ် အကြီးအကျယ် အောင်မြင်လာခဲ့တဲ့ လူမည်းအမျိုးသမီး အော်ပရာ ဝင်းဖရီးပါ။


5) သူ့ရဲ့ သရုပ်ဆောင်မှုတွေ ညံ့ဖျင်းလွန်းတယ်လို့ ဟောလီးဝုဒ် ရုပ်ရှင် ကုမ္ပဏီတွေက ပြောပြီး သူ့ကို သရုပ်ဆောင်ဖို့ မရွေးကြဘူး။ သူ ဘယ်သူလဲ။ ကမ္ဘာကျော် ဟာသသရုပ်ဆောင်မင်းသား ချာလီ ချက်ပလင်းပါ။


6) သူဟာ တောင်ပိုင်း ကာလီဖိုးနီးယားက ရုပ်ရှင်၊ တီဗွီနဲ့ ပြဇာတ် သင်ပေးတဲ့ အနုပညာတက္ကသိုလ်ကို ဝင်ခွင့်လျှောက်တာ သုံးကြိမ် တိတိ အပယ်ခံရတယ်။ သူ ဘယ်သူလဲ။ ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်ဒါရိုက်တာ စတီဗင်စပီးလ်ဘတ်ပါ။


7) သူဟာ လင်မယားကွာရှင်းပြီးလို့ စိတ်ဓာတ် အရမ်းကျနေတယ်။ တစ်ယောက်တည်း ရုန်းကန်ရင်း ကျောင်းတက်တယ်။ သမီး တစ်ယောက်ကိုလည်း ရှာကျွေးနေရတယ်။ သူ စာအုပ်ရေးပြီး ထုတ်ဝေသူတွေဆီကို ပို့တယ်။ ထုတ်ဝေသူ တစ်ဒါဇင်က ငြင်းပယ်ကြတယ်။ သူ ဘယ်သူလဲ။ ဟယ်ရီပေါ်တာ ဝတ္ထုတွေနဲ့ မီလျံနာဖြစ်သွားတဲ့ အမျိုးသမီး စာရေးဆရာမ ဂျေကေရိုးလင်းပါ။

8) သူတို့ရဲ့ သီချင်းဆိုပုံကို မကြိုက်ဘူး။ ဂစ်တာတီးသံကလည်း လုံးဝ မကောင်းဘူးလို့ တေးသံသွင်းကုမ္ပဏီတွေက ပြောကြတယ်။ သူတို့ ဆိုတာ ဘယ်သူတွေလဲ။ ကမ္ဘာကျော် ဘီးတယ်လ် တီးဝိုင်းအဖွဲ့ပါ။


9) သူဟာ အထက်တန်းကျောင်းရဲ့ ဘတ်စကက်ဘောအသင်းမှာ အရွေး မခံရလို့ တစ်ယောက်တည်း အခန်းတံခါးပိတ်ပြီး ငိုကြွေးနေခဲ့ရတယ်။ သူ ဘယ်သူလဲ။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘတ်စကက်ဘောကစား သမား မိုက်ကယ်ဂျော်ဒန်ပါ။


10) သူဟာ တက္ကသိုလ်က တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်ရတယ်။ သူထူထောင်ခဲ့တဲ့ ကုမ္ပဏီကြီးရဲ့ CEO အဖြစ်ကနေ အလုပ်ထုတ် ခံရတယ်။ သူ ဘယ်သူလဲ။ Apple ကုမ္ပဏီရဲ့ CEO နဲ့ iPhone တီထွင်သူ စတိဗ်ဂျော့ပါ။


ဒီစာစုလေးကတော့ အခုဖတ်နေတဲ့ ဆရာ ဗန်းမော်သိန်းဖေ ရဲ့ အောင်မြင်မှုသို့ ခြေလှမ်း ၅၀ စာအုပ်လေးထဲကပါရှင့်။ အားလုံးဖတ်ပြီးတဲ့အခါ အစအဆုံးလုပ်ပေးပါမယ့် အခုနားဆင်ချင်တယ်ဆိုရင်တော့ ဒီ playlist လေးကနေ ongoing episode လေးတွေကိုနားဆင်ကြည့်နိုင်တယ်ရှင့်။ www.youtube.com/playlist?list...

73 - 8

Mushi - Myanmar Audio Books Channel
Posted 1 year ago

ဝါဆိုလပြည့်နေ့ကား "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" ဆိုသည့်အတိုင်း

⚡️ ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။
⚡️ တောထွက်တော်မူခြင်း။
⚡️ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။
⚡️ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း

ဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ 💫

ယခုလိုနေ့ထူးနေ့မြတ်လေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေရှင့် 🙏🏼

90 - 10

Mushi - Myanmar Audio Books Channel
Posted 1 year ago

လူငယ်နှစ်ယောက် စားသောက်ဆိုင် ပိုင်ရှင် ဟန်ဆောင်ကြတယ်။ ဥရောပရဲ့ နာမည်အကြီးဆုံး အစားအသောက်ပြပွဲတွေထဲက တစ်ခု ကို သွားကြတယ်။

ပြပွဲမှာ “အဆင့်မြင့် အစားအသောက် ကျွမ်းကျင်သူ” တွေ အပြည့်။ အဲဒီ ဆရာကြီးတွေ မြည်းစမ်းဖို့ ဆိုပြီး လူငယ်နှစ်ယောက်က အစားအသောက်တွေ ပြင်ဆင်လာတယ်။ မက်ဒေါ်နယ်လို အမြန်စား စားသောက်ဆိုင်တွေနဲ့ ပြိုင်ဖို့အတွက် သူတို့ရဲ့ ‘သဘာဝထွက် စားသောက်ကုန်‘ တွေကို ယူလာတာပါ ... ဆိုပြီး လူငယ်နှစ်ယောက်က ပြောတယ်။ 🌭 🍔 🍟

ဒါပေမယ့် အဲဒီ လူငယ်နှစ်ယောက်က စားသောက်ဆိုင် ပိုင်ရှင်တွေ မဟုတ်ဘူး။ ရုပ်ရှင်ရိုက်တဲ့ သူတွေ။ သူတို့ ယူလာတဲ့ “သဘာဝ စားသောက်ကုန်” ဆိုတာ ကလည်း လမ်းမှာတွေ့တဲ့ မက်ဒေါ်နယ်ဆိုင်ကနေ ဝယ်လာတဲ့ အစားအသောက်တွေ။


ဒီအတိုင်း ယူလာတာတော့ ဘယ်ဟုတ်ပါ့မလဲ။ အစားအသောက် ဂုရုကြီးတွေကို လှည့်ဖြားရမှာဆိုတော့ သူတို့ဝယ် လာတာတွေကို ရုပ်ဖျက်ဖို့ လိုတယ်။ ထွေထွေထူးထူး မကြိုးစားလိုက်ရပါဘူး။ သွားကြားထိုးတံပဲ လိုတယ်။

မက်ဒေါ်နယ်က ဝယ်လာတဲ့ ဟမ်ဘာဂါနဲ့ ကြက်ကြော်ပြားတွေကို သေးသေးလေးတွေ ဖြစ်သွားအောင် ဓားနဲ့ ခပ်စိပ်စိပ် လှီးတယ်။ ပြီးတာနဲ့ အတုံးလေးတွေပေါ်မှာ သွားကြားထိုးတံ တစ်ချောင်းစီ စိုက်ပေးလိုက်တယ်။ ပြီးတဲ့အခါ သွားကြားထိုးတံ စိုက်ထားတဲ့ အတုံးတွေကို ပန်းကန် ပေါ်မှာ သပ်သပ်ရပ်ရပ် စီပေးလိုက်တယ်။ ဒါပဲ။ 🍢 🍡

သူတို့ အကြံအစည် အောင်မြင်သွားတယ်။ •အဆင့်မြင့် အစားအသောက် ကျွမ်းကျင်သူ” ဆိုတဲ့ ဆရာကြီးတွေ
သွားကြားထိုးတံထိုးထားတဲ့ အသားတုံးတွေကို တစ်ခုချင်း ယူပြီး မြည်းစမ်း ကြတယ်။

“အဆင့်မြင့် အစားအသောက်" စကားလုံးတွေနဲ့ ဝေဖန်ကြပါ။ “ကောင်းတယ်။ တင်းတင်းလေး။ ကိုက်ရတာ အဆင်ပြေတယ်"
စသဖြင့် ကောက်ချက်ချကြတယ်။ နောက်ထပ် တစ်တုံး ထပ်ယူတယ်။ 🤫

“လျှာဖျားမှာ ပျော်ဝင်သွားတာပဲ"
“အရသာပြင်းတယ်။ မဆိုးဘူး။ ပါးစပ်ထဲမှာ နွေးသွားတယ်" နောက်ထပ် တစ်တုံး ထပ်ယူတယ်။
“အင်း တော်တော်လတ်ဆတ်တယ်။ အပျော့အမာလည်း အတောပဲ။ ပြဲနေ ချွဲနေတာမျိုး မရှိဘူးနော်”
“အရသာ ရှိတယ်။ နူးညံ့တယ်။ စိုစိုစွတ်စွတ်လေး" ဒီ့ထက်ပိုပြီး အသေးစိတ်လေး ပြောပါဦး ဆိုပြီး ဆရာကြီးတွေကို လူငယ်နှစ်ယောက်က တိုက်တွန်းတယ်။

မက်ဒေါ်နယ်နဲ့ ယှဉ်ရင် ဘယ်လိုနေသလဲ..ဆိုပြီး မေးကြည့်တယ်။ ဆရာကြီးတွေက သွားကြားထိုးတံ စိုက်ထားတဲ့ အတုံး နောက် တစ်တုံး ထပ်ယူတယ်။ မြည်းတယ်။ ကောက်ချက်ချတယ်

“မက်ဒေါ်နယ်ထက် အများကြီး ပိုသန့်တယ်။ သိသာတယ်” “မက်ဒေါ်နယ်ထက် အရသာ ပိုကောင်းတာပေါ့” “သဘာဝထွက် ပစ္စည်း ဆိုတော့ အများကြီး ပိုလတ်တယ်လေ”

“ကျန်းမာရေးလည်း ပိုကောင်းစေတယ်။ အရသာလည်း ပိုရှိ” လူငယ်နှစ်ယောက်ရဲ့ အကြံ အောင်မြင်တယ် ပြောရမယ်။
သွားကြားထိုးတံကြောင့် အောင်မြင်သွားတာလို့ ပြောရင် ပိုများမှန် မလား။

စဉ်းစားကြည့်လေ။ အဲဒီ ဟမ်ဘာဂါတွေ၊ ကြက်ကြော်ပြားတွေကို နဂိုအတိုင်း (ပေါင်မုန့် နှစ်ပြား အပေါ်အောက်ညှပ်၊ မက်ဒေါ်နယ် တံဆိပ်ပါတဲ့စက္ကူနဲ့ပတ်) ချကျွေးရင် ဆရာကြီးတွေက ဘယ်လို ဝေဖန်မလဲ။ အဆင့်မြင့် အစားအသောက် ကျွမ်းကျင်သူ” ဆိုတဲ့ ဆရာကြီးတွေ အခုလို ချီးကျူးမယ် ထင်သလား။

ကျွန်တော်တို့ရဲ့ စိတ်ကူးတွေ၊ အတွေးအခေါ်တွေကို “ကျွမ်းကျင်သူ” တွေရှေ့ ချပြတဲ့အခါ ဒီပြဿနာကို နားလည်ဖို့ လိုတယ်။ ကိုယ့်ရဲ့ တင်ပြပုံက ဘယ်လောက် အရေးကြီးသလဲ ... ဆိုတာကို ကျွန်တော်တို့တွေ မေ့နေတတ်ကြတယ်။ ကိုယ့်စိတ်ကူးကို သူများတွေ လက်ခံစေချင်ရင် --- အခု ဥပမာကို သတိရပါ။

ကိုယ်ကောင်းတယ်ထင်တာတွေကို သူတို့ကလည်း ကောင်းတယ်လို့ ယူဆမယ်လို့ မတွေးနဲ့။ သူတို့ရဲ့ ကမ္ဘာ၊ သူတို့ရဲ့ ဘာသာစကားကို ကိုယ့်ဘက်က သေချာ နားလည်ဖို့ လိုတယ်။ ကိုယ့်စိတ်ကူးကို သူတို့ အရေးတယူ လုပ်လာအောင် တင်ပြတတ်ဖို့ လိုတယ်။

ခင်ဗျားတို့ရဲ့ စိတ်ကူးတွေကို သွားကြားထိုးတံနဲ့စိုက်ပြီးမှ ချပြ။ 👈


💁‍♀️ ဒီစာစုလေးကတော့ ဆရာချမ်းမြေ့ဝင်း ရဲ့ တစ် + တစ် = သုံး စာအုပ်လေးထဲကဖြစ်ပါတယ်။ တစ်အုပ်လုံးအရမ်းကောင်းတဲ့ စာအုပ်လေးပါ။ အစအဆုံး နားဆင်လိုသူများအတွက်လည်း channel မှာတင်ထားပေးပါတယ်ရှင့်။ https://youtu.be/7ClrbaQjpbY

53 - 6

Mushi - Myanmar Audio Books Channel
Posted 1 year ago

နားဆင်သူတို့နဲ့ အပျော်သဘော Quiz လေးလုပ်ကြည့်ရအောင်။ Mushi ဘာသာပြန် ဝတ္ထုရှည်တစ်ခုကို စဖတ်နေပါပြီ။ ရက်ပိုင်းအတွင်းတင်ပေးပါမယ်ရှင့်။ အဲ့တာက ဘာစာအုပ်ဖြစ်မယ်ထင်လဲ ခန့်မှန်းကြည့်ပေးပါလား 🤷‍♀️

👉 Hint အနေနဲ့ အဲ့ဝတ္ထုထဲ ဇာတ်ကောင် အကြောင်းက ထူးအိမ်သင်ရဲ့ သီချင်းလေးတောင်ရှိခဲ့ဘူးပါတယ်။

44 - 6

Mushi - Myanmar Audio Books Channel
Posted 1 year ago

“လေရဟတ်နီ” ဆိုတဲ့ ပြင်သစ်ကော်ဖီဆိုင်လေးထဲ ခေတ်ဟောင်းဂျပ်ဒ် သီချင်းတွေ ခပ်တိုးတိုး လွင့်ပျံနေတယ်။
ဆောင်းလယ်နေ့ခင်းပို့ နေရောင်မမြင်ရဘူး။ မှန်ချပ်ကို ဖောင်ထွင်းမြင်နေရတဲ့ အပြင်ဘက်မြင်ကွင်းက မှုန်ပြာရီမှိုင်းနေခဲ့ပေါ့။ ငါ့ရှေ့ မှာ ကော်ဖီတစ်ခွက်။ နင့်ရှေ့မှာ လက်ဖက်ရည်။ ပြင်သစ်သေနာပတိ နပိုလေယွန်ဟာ ကောဖီကြိုက်ခဲ့ပြီး ဗြိတိသျှဗိုလ်ချုပ် ဝယ်လင်တန်ဟာ လက်ဖက်ရည်ကြိုက်ခဲ့တယ်။ ဝါတာလူးတိုက်ပွဲမှာ နပိုလေယွန်အရေးနိမ့်ခဲ့တယ်။ ☕

“ဟာဒါဆိုညီမလေးကဝယ်လင်တန်ပေါ့”

“ဟုတ်ပါ့ဗျား”

"မိုက်စ်”

နင်က ကလေးပေါက်စနလေးကို တခစ်ခစ် ရယ်နေပြန်ရော။ ကော်ဖီဆိုင် ရှေ့ကို ဖြတ်နေတဲ့ လူတွေ ရုတ်ရုတ်သဲသဲပြေးလွှားကုန်လို့ နှစ်ကြီးကို ဆေးခြယ်ပစ်လိုက် တော့ လွမ်းသလိုလို ဆွေးသလိုလိုကြီး။ လမ်းမကြီးတစ်ခုလုံး လူတွေရဲ့ ကုတ်အင်္ကျီတွေ သစ်ပင်တွေဟာ တဖြည်းဖြည်း ဆွတ်ဆွတ်ဖြူလို့။ သတိလက်လွတ် ငေးနေတဲ့ ငါဟာ လက်ချောင်း ပျော့ပျော့လေးတွေနဲ့ ကုပ်ပိုးကို အကုတ်ခံလိုက်ရမှ ဆတ်ခနဲ လန့်ပြီး နင့်ကို စောင်းငဲ့ကြည့်မိပြန်တယ်။ နင့်မျက်လုံးတွေကရီဝေဝေ။ ငါ့ကိုစိုက်ကြည့်နေရင်း...

“အကိုရယ်”

“ဟေး"

“အင်း”

“အစ်ကို့ကို ချစ်တယ်” 💖

ပြောပြီးတာနဲ့ ရှက်ဝဲဝဲဟန်လေးနဲ့ ခေါင်းကို အတင်းငုံ့ ဇက်လေးကို ပုထား တယ်။

ငါ ဘာမှမပြောပဲ မှန်ချပ်တွေကနေတစ်ဆင့် ဟိုးအဝေးကြီးကို ငေးကြည့်ရင်း တိတ်ဆိတ် ငြိမ်သက်နေမိလိုက်တယ်။ နင်ဟာ တစ်ချက်တစ်ချက် ငါ့ကို ခိုးကြည့်လိုက်၊ ခေါင်းငုံ့လိုက်၊ သစ်အယ်သီး ပူပူတွေကို လက်ဖဝါးထဲထည့် ဆော့ကစားလိုက်နဲ့ စိတ် လှုပ်ရှားဟန် ပြလို့။

“အစ်ကိုဖြေလေကွာ၊ ညီမလေးကို ချစ်လား” (ရှက်ရမ်းရမ်းနေတဲ့ အသံလေးတုန်ခါနေတယ်)

“ငါဘာဖြေရမှာလဲဟာ၊ငါမှမသိတာ”

“ဟာ့...ဒီမယ်”

(နင့်ဒေါသတွေကို ငါသဘောပေါက်တယ်။ ချက်ချင်း လက်ဖဝါးနုနုလေး ဆွဲယူ ပြီးဖမ်းဆုပ်ထားလိုက်မိတယ်)

“ညီမလေးကို အကိုပြောတာ နားထောင်ပါဦးကွာ။ ညီမလေးရဲ့အရင်ချစ်သူက ချစ်တယ်လို့ ပြောဖူးလား။ အရမ်းချစ်တယ် အတူနေရအောင် သေတပန်သက်တစ်ဆုံး ... ဆိုတာမျိုးတွေပေါ့

“ပြောဖူးတယ်လေ၊ အဲဒါက အတိတ်ပဲ၊ ဘာဆိုင်လို့လဲအစ်ကိုရာ” “အင်းလေ..မဆိုင်ပါဘူး၊ ခုအဲဒီကောင်ဘယ်ရောက်သွားပြီလဲ”

“ကျွတ်၊ ဘယ်သိမှာတုံး၊ သေပြီနေမှာပေါ့၊ သူ့ဘာသာသူ ဘယ်နားနေနေ “အင်း အစ်ကိုပြောချင်တာ အဲ့ဒါပဲ ညီမလေးရာ။ တချို့ကိစ္စတွေမှာ စကားလုံး တွေဟာ တန်ဖိုးမဲ့လွန်းတယ်။ အစ်ကို မင့်ကို သံယောဇဉ်ရှိတယ်။ မင်းဟာ အင်မတန် နှလုံးဖြူဝင်တဲ့ ကောင်မလေး။ အစ်ကိုဟာ ယောက်ကျား။ မင့်ကို မညာဘူး။ မင်းအပေါ် တစ်ရာ ရာခိုင်နှုန်း ရိုးသားချင်တယ်။ အစ်ကို မသိလို့၊ ဘာဖြေရမှန်းမသိလို့ မသိဘူးလို့ ဖြေတယ်”

“ဟင်….ဒါပေမယ့်အစ်ကိုရာ”

“ညီမလေး နင်သိဖို့ ငါပြောမယ်။ လောကမှာ ရွံစရာအကောင်းဆုံးက မိန်းမ တစ်ယောက်ကို အတူအိပ်ရဖို့ ချစ်တယ်လို့ လိမ်တဲ့ ယောက်ကျားတွေပဲ၊ မင်းမြဲမြဲမှတ်ထား လိုက်ငါ့ကောင်”

(နင်ငါ့ကိုဆွေးဆွေးလေးပဲစိုက်ကြည့်နေခဲ့တယ်)

“ငါ့အပေါ်အင်မတန်သံယောဇဉ်ကြီးတဲ့နင့်ကိုဘယ်တော့မှမညာဘူးညီမလေး ရာ...” လို့ အက်ကွဲနေတဲ့အသံနဲ့ ခပ်တိုးတိုးပြောလိုက်တော့ ကျေးဇူးပါအစ်ကိုရာ”တဲ့။

အဲဒီလို ကော်ဖီဆိုင်လေးထဲကနေ ရေခဲမှုန်တွေကြားထဲ ငါတို့ လက်တွဲပြီး ပြေးထွက်ခဲ့ကြတယ်။ နောက်တော့ ရထားဥဩသံ ခပ်စူးစူးတွေဟာ အင်မတန် ကြေကွဲ စရာ ကောင်းလွန်းခဲ့တာပေါ့ဟာ။

လွန်ခဲ့တဲ့ နာရီအနည်းနယ်က ငါတစ်ယောက်တည်း မတော်တဆ ခရီးသွား ဟန်လွှဲ “လေရဟတ်နီ" ကို ပြန်ရောက်သွားခဲ့တယ်။ mulled wine ပူနွေးနွေးတစ်ခွက် သောက်တယ်။ ☕ ပြင်သစ်ကော်ဖီခါးခါးတစ်ခွက် မော့တယ်။ ငါ နင့်ကို ပြောခဲ့တဲ့ စကားလုံး တွေကို အရူးတစ်ယောက်လို ရေရွတ်ကြည့်မိတယ်။ ပြင်သစ်သေနာပတိ နပိုလေယွန်ဟာ ကော်ဖီကြိုက်ခဲ့တယ်။ ဗြိတိသျှဗိုလ်ချုပ် ဝယ်လင်တန်ဟာ လက်ဖက်ရည်ကြိုက်တယ်။ ခုတော့ ကော်ဖီကြိုက်တဲ့ ငါ စိန့်ဟယ်လီနာကျွန်းနဲ့ တူတဲ့ ကော်ဖီဆိုင်လေးထဲ တစ်ယောက်တည်းပေါ့ညီမလေးရာ။ 💔


ဒီဇာတ်လေးကို အစအဆုံးသိချင်ရင်တော့ ဇီးကွက်
‌‌ချောင်း တံတားပေါ်က အဝါရောင် ဝက်ဝံရုပ်အကျိုးအပဲ့လေး ကိုနားဆင်ကြည့်ပါရှင့်
မိုးအေးအေးလေးနဲ့ နားထောင်လို့ကောင်းတဲ့ အချစ် အလွမ်း ဇာတ်လမ်းလေးမို့ နားဆင်ကြည့်စေချင်ပါတယ်

www.youtube.com/playlist?list...

50 - 18