in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c
https://youtu.be/VfNxwrsFHfM
ဝမ်းချုပ်တတ်သူတွေရော ကားမူးတတ်သူရောအတွက် အရမ်းအဆင်ပြေပါတယ်နော်
မန်ကျည်းသီးလုံးလေးတွေက လုပ်ရမခက်သလို အကုန်အကျလည်းနည်းပါတယ်ရှင်
27 - 0
https://youtu.be/pyPULiWjTk0
ကျန်းမာရေးအတွက် ဟင်းတစ်ခွက်
ကျောက်ဖရုံသီးနဲ့ကြက်သားဟင်းချိုပါရှင့်
ကျောက်ဖရုံသီးက အပူစုပ်ယူနိုင်တာမို့ ခန္ဓာကိုယ်မှာရှိတဲ့ အပူတွေ ကျစေဖို့ တစ်လကို နှစ်ခါလောက်တော့ ချက်စားသင့်ပါတယ်
ကျောက်ဖရုံသီးကအူမကြီးနဲ့ အဆုတ်မှာရှိတဲ့ အဆိပ်တွေကို ရှင်းလင်းပေးတယ်
အထူးသဖြင့် ကျောက်ကပ်ကို သန့်စင်စေပါတယ်
ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုလက်စထရောနဲ့အဆီကို ကျစေတာမို့ နှလုံးအဆို့ရှင်ရောဂါကို ကာကွယ်ပေးပါတယ်
ကိုယ်ဝန်ဆောင် မိခင်တွေကတော့ တခါတည်းနဲ့ ပမာဏများများ မစားသင့်ပါဘူးတဲ့
ဟင်းချိုချက်ပြီး အရည်ပဲသောက်သင့်ပါတယ်တဲ့
ဖတ်မိ မှတ်သားမိသလောက်လေး မျှဝေတာပါရှင့်💙💙
ကြက်ရိုး ဝက်ရိုးကြိုက်နှစ်သက်ရာနဲ့ ချက်လို့ရပါတယ်ရှင်
အကုန်ကျလည်း အရမ်းမများ ဆေးလည်းဖြစ်တာမို့ မကြာခဏချက်စားသင့်ပါတယ်နော်
#bagothukitchen
#ကြက်သား
#ကျောက်ဖရုံသီး
18 - 0
လုံးဝ ဂျုံနယ်စရာမလိုတဲ့ ပဲပလာတာလုပ်နည်းလေးပါရှင် https://youtu.be/xYhXbZW-_rk?si=uYHz5...
အိမ်မှာကိုယ်တိုင်လုပ်တယ်ဆို အကုန်ကျလည်း သက်သာသလို ဆီမသန့်မှာလည်း မပူရတော့ပါဘူး
ဂျုံနယ်စရာမလိုတာနဲ့တင် အချိန်ကုန်သက်သာပြီး လက်လည်း မညောင်းတော့ဘူး😍
ပဲအစားကြက်ဥထည့်ပြီးလုပ်တဲ့ ကြက်ဥပလာတာလည်း တော်တော်လေးစားကောင်းပါတယ်
ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်ဆိုရင် Like &Share လေး လုပ်ပြီး Subscribe လေးလည်း နှိပ်ခဲ့ပေးပါဦးနော်❤️❤️❤️
#ပလာတာ#palata#homemade#ပဲပလာတာ
41 - 0
ငှက်ပျောရွှေကြည် ခေါ် ငှက်ပျောဆနွင်းမကင်း
https://youtu.be/P_UNMwQkI-Q?si=QaGKK...
ဆနွင်းမကင်းဆို မကြိုက်တဲ့သူတော်တော်ရှားပါတယ်
အလှူမင်္ဂလာပွဲတွေမှာလည်း မပါမဖြစ်ပွဲတိုးတဲ့ ရိုးရာမုန့်လေးတမျိုးပါပဲရှင်
ပဲခူးသူကတော့ ဆနွင်းမကင်းတွေထဲမှာဆို ငှက်ပျောသီးဆနွင်းမကင်းကို အကြိုက်ဆုံးပါပဲ
ထောပတ်နံ့မွှေးမွှေးလေးရယ် ငှက်ပျောသီးအရသာချိုချိုမွှေးမွှေးလေးရယ်နဲ့အင်မတန်စားကောင်းပါတယ်ရှင်
ပုံထဲမှာ အရောင်မတူတာက ထည့်ထားတဲ့အစာဆိုးဆေးအရောင်မတူလို့ပါရှင်
ဗီဒီယိုလေးထဲမှာ လုပ်နည်းကိုအသေးစိတ်သေချာလေးပြောပြပေးထားပါရှင်
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ
36 - 2
ငါးမဲလုံးဆို များသောအားဖြင့် ငါးခြောက်ကိုပဲ အစာများကြတယ်
အသားပေါသလို စားလို့လည်း ကောင်းတယ် သူလည်း တူနာငါးအမျိုးဝင်ထင်တယ်
ငါးမဲလုံးနဲ့ငါးကျီးကန်းတူသလားတော့ မသိဘူး
တချို့ကလည်း တူတယ်ပြောတယ် အခေါ်ဝေါ်မတူတာပဲ ထင်တယ်
ပဲခူးသူကတော့ Allergicရှိတော့ မစားရဲဘူး အမျိုးသားကကြိုက်တော့ သူ့အတွက်ပဲ ချက်ပေးဖြစ်တယ်
ဒီတခါတော့ ငါးမဲလုံး ငါးအစိုကို ကြော်ချက်လေး ချက်ပါတယ်ရှင်
အရင်ဦးဆုံးငါးကို အရသာနယ်ပြီး ကြော်ပါတယ်ရှင်
အသားပေါတယ်နော်
ငါးကိုကြော်တဲ့အခါ မီးပြင်းပြင်းနဲ့မကြော်ရပါဘူးနော်
မီးပြင်းရင် အပြင်ကတူးပြီးအတွင်းက မကျက်ပဲ ဖြစ်တတ်ပါတယ်ရှင်
တဖက်ကကျက်မှ နောက်တဖက်ကို လှန်ပြီး မီးအနေတော်နဲ့ စိတ်ရှည်ရှည်လေး ကြော်ပေးပါ
တဖက်က မကျက်ခင် လှန်လိုက်ရင် ငါးအသားတွေ ကျေသွားတတ်ပါတယ်ရှင်
ငါးကြော်ရပြီဆိုရင် ခဏဖယ်ထားပြီးကြက်သွန်ဖြူ နီနဲ့ ငရုတ်သီးထောင်းပြီး ဆီသတ်ပေးပါတယ်
ဆီသတ်ကျက်ရင် ရေနွေးလောင်းပြီး ကြက်သွန်တွေ နူးပြီးကျေသွားတဲ့အထိ အဖုံးအုပ်ပြီး ချက်ပေးပါတယ်
ဟင်းအနှစ်တွေ ရပြီဆို အရသာအတွက် ဆားနဲ့ အသားမှုန့်အနည်းငယ်စီထည့်ပေးပါတယ်
ငါးထဲမှာ အရသာပါပြီးသားမို့ သတိထားထည့်ပါရှင်
မန်ကျည်းရည်ထည့်
ကြော်ထားတဲ့ငါးတွေထည့်
ငါးအသားအိအိလေးရအောင် ရေလေးအနည်းငယ်ထည့်ပြီး အဖုံးအုပ်တည်ပေးပါတယ်ရှင်
ရေခမ်းပြီး ဆီပြန်လာပြီဆို နံနံပင်လေးအုပ် စပ်စပ်လေးကြိုက်ရင် ငရုတ်သီးစိမ်းခြမ်းထားတာလေး ထည့်ပါရှင်
#ငါးမဲလုံး
#ငါး
#ငါးဆီပြန်
#bagothukitchen
19 - 0
လူကြိုက်များတဲ့ ကောက်ညှင်းလိပ်ပြုလုပ်နည်းလေးပါရှင်❤️https://youtu.be/QPn384Xvm-U
အုန်းသီးအခြောက်မှုန့်နဲ့တမျိုး
မြေပဲနဲ့နှမ်း ရောပြီးထောင်းတာနဲ့တမျိုး
၂ မျိုးပြုလုပ်ထားပါတယ်
ပဲခူးသူကတော့ မြေပဲနဲ့ကိုပိုကြိုက်တယ်
အုန်းသီးမှုန့်မရှိရင် အုန်းသီးကို စက်မှာခြစ် သို့ အိမ်မှာခြစ်ရင်လည်း အဖတ်သေးသေးလေးတွေရအောင် ခြစ်ပြီး အသုံးပြုနိုင်ပါတယ်ရှင်
အုန်းသီးအစိုနဲ့ဆို ပိုစားကောင်းမှာပါ
ပြုလုပ်နည်းလေးကို ကြိုက်နှစ်သက်တယ်ဆို Like & Share လေးလုပ်ပေးပါဦးနော်
35 - 2
ရေကျတော့ သန့်ရှင်းရေးပြန်လုပ်ရတာရယ် အိမ်ပြောင်းဖို့ ပစ္စည်းတွေသိမ်းရတာရယ်နဲ့ ဘာမှမလုပ်ဖြစ်တဲ့ ပဲခူးသူရဲ့ မွေးနေ့ပါရှင်
34 - 6
ပဲခူးသူနဲ့အတူ လွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ဟင်းပွဲလေးတွေကိုချစ်ခြင်းမေတ္တာအပြည့်နဲ့ချက်ပြုတ်ကြမယ်နော်❤️🧡💙