Channel Avatar

Mr. Wayl @UCebz_qpljQtuaIZUyHjyUbg@youtube.com

95K subscribers - no pronouns :c

" Fragments of feeling " တခုခု ကျန်ခဲ့စေချင်တဲ့စိတ်နဲ့ တယော


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Mr. Wayl
Posted 2 weeks ago

ပြီးခဲ့တဲ့လရဲ့ ဂုဏ်ပြုလွှာလေးတွေပါဗျာ။ လိုင်းအခက်အခဲ ရှိတဲ့ နေရာက ဂုဏ်ပြုလွှာတွေက ခုမှရတာမို့ နောက်ကျသွားရတဲ့အတွက် နားလည်ပေးစေချင်ပါတယ်ဗျာ့၊ ချစ်သောတို့ ခွန်အားဖြစ်စေရန်အလို့ငှာ တင်ပြလိုက်ရပါတယ်ဗျာ။
ချစ်သောတို့ရဲ့ Click တချက်တိုင်းဟာ ထိရောက်တဲ့ တွန်းအားတွေဖြစ်တာမို့ ဆက်ပြီးအားပေးကြပါဦးလို့ ....

မှတ်တမ်းက Post တခုမှာ ပုံ ၅ခုပဲ YouTube ကခွင့်ပြုတာမို့ (၁၀၀၀၀၀) မှတ်တမ်းလေးတခုကျန်နေသေးပါတယ်ဗျာ့။ အလျဉ်းသင့်သလို ဖော်ပြပေးပါ့မယ်ဗျာ့။

1.5K - 150

Mr. Wayl
Posted 1 month ago

ကျနော်တို့ရဲ့ ကျန်းမာရေးအခက်အခဲကြောင့်
မနေ့ကနဲ့ ဒီနေ့အတွက် videos မတင်နိုင်ခြင်း
ဖြစ်ပါတယ်...။

အဲ့ဒီအတွက် စောင့်မျှော်ကြည့်ရှုနေတဲ့ ချစ်သော
များကို အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ...

နောက်ရက်တွေမှာ ပြန်လည်တင်ဆက်နိုင်အောင်
အမြန်ဆုံးကြိုးစားမှာဖြစ်တဲ့အတွက် video အ
ဟောင်းလေးတွေကို ပြန်လည်ကြည့်ရှုပြီး အား
ပေးတော်မူကြပါခင်ဗျာ...။

#ဝေးလ်

1.1K - 189

Mr. Wayl
Posted 1 month ago

ဒီနေ့ ချစ်သောများကို ဝမ်းသာစရာသတင်းကောင်းလေးတခု အသိပေးစရာ ရှိပါတယ်ခင်ဗျာ။

ကျနော်တို့ YouTube Channel စထောင်လာခဲ့တဲ့ တနှစ်ကျော် နှစ်နှစ်အတွင်းမှာ လစဉ် မြေပြင်လိုအပ်ချက်တွေအတွက် ပေးပို့ကူညီပြီး (ထပ)ခဲ့ကြရာမှာ ပြီးခဲတဲ့ July လရဲ့ ဝင်ငွေဟာ ယခင်လတွေထက် ပိုပြီး ကူညီ(ထပ)နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျနော်တို့ Team ကလည်း ယခင်ထက်ပိုပြီး ကြိုးစားခဲ့ကြသလို ချစ်သောပြည်သူများရဲ့ အားတွေကြောင့်လည်း အခုလို ပိုပြီး ထိရောက်လာတာဖြစ်လို့ လာရောက်ကြည့်ရှုအားပေးကြ၊ sharing လုပ်ပေးခဲ့ကြတဲ့ ချစ်သောများကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

အောင်ပွဲတွေ ခပ်စိတ်စိတ် မြင်လာနေရပြီဖြစ်သလို ပန်းတိုင်လည်း နီးနေပြီမို့ ကျနော်တို့ ပိုကြိုးစားသွားပါ့မယ်လို့ ပြောကြားရင်း ယခုလ တလတည်းရဲ့ (ထပ) မှတ်တမ်းလေးများကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။ YouTube Policy အရ ပုံအပြည့်တင်မရတာ နားလည်ပေးကြပါဗျာ့။


ခဏနေရင် သရော်စာလေး တပုဒ်နဲ့အတူ ပြန်လာခဲ့ပါမယ်ဗျာ။ ကျေးဇူးပါဗျာ ...။

1.8K - 228

Mr. Wayl
Posted 2 months ago

ပန်းတွေ နေ့စဉ်ပွင့်ပေးနေပေမယ့် ခူးတဲ့သူနည်းသွားပြီထင်ပါရဲ့၊ ကျနော့် Channel ဉယျဉ်ထဲမှာ တချို့ ပန်းလေးတွေ ညှိုးနွမ်းနေရှာလေရဲ့။ ကျနော့်ဉယျဉ်လေးထဲမှာ အလှဆုံး အမွှေးဆုံးပန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပွင့်ဝေအောင် ကျနော်တို့ကြိုးစားထားတာမို့ ခူးချင်ပေမယ့် မမြင်လို့ မခူးလိုက်ရတဲ့သူတွေအတွက် လက်ဆင့်ကမ်း မျှဝေပေးကြပါဦးခင်ဗျာ။ အမြဲစောင့်ကြည့်ပြီး နိုင်သလောက်ခူးပေးကြတဲ့ ချစ်သောများအားလုံးကိုတော့ ကျေးဇူးအများကြီးတင်ရသလို ချစ်လည်း ချစ်ရပါတယ်ဗျာ...။ ခဏနေရင် အမိုက်စားတပုဒ်နဲ့ ပြန်လာခဲ့ပါမယ်ဗျာ့။ Love you all .... !!!

1.6K - 174

Mr. Wayl
Posted 3 months ago

ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့ အထူးဝမ်းနည်းကြေကွဲရတဲ့ " အာဇာနည်နေ့ "ကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာများကို အသေးစိတ်ရေးသားထားတဲ့ ဆောင်းပါးလေးတပုဒ်ကို အထူးနေ့အဖြစ် ဖတ်ပြပြီး စောစောလေး တင်ပေးထားပါတယ်ခင်ဗျာ။ အစကနေ အဆုံးထိ ကျော်မပစ်ချင်/ရက်လောက်အောင်ကို ရင်ထဲဆို့နင့်ရမယ့် ဆောင်းပါလေးမို့ အားစိုက်နားထောင်ရင်း ဗိုလ်ချုပ်နှင့်တကွ အာဇာနည်တွေ သိပ်ချစ်ခဲ့ကြတဲ့ ကျွန်တော်တို့ သိပ်ချစ်ကြတဲ့ နိုင်ငံရဲ့တာဝန်ကို ပိုပြီး ထမ်းရွက်ဖို့ ခွန်အားမွေးကြရအောင်ဗျာ...။ ။

1K - 67

Mr. Wayl
Posted 3 months ago

ဒီ‌နေ့ တနင်္ဂနွေ ကျနော်တို့နားရက်လေးမှာ လတ်တလောတင်ထားတဲ့ အဟောင်းလေးတွေကို ပြီးဆုံးအောင် ပြန်ကြည့်ပြီး ပန်းတွေ ခူးထားပေးမယ်လို့ ယုံကြည်ပါတယ် ခင်ဗျာ။ မေ့နေ၊ မျှော်နေမှာစိုးလို့ သတိလာပေးတာပါ ခင်ဗျာ့။ တနင်္လာနေ့မှာ ခွန်အားသစ်တွေနဲ့ ပြန်လာခဲ့ပါမယ်ဗျာ။

တော်လှန်ပန်းဖူး
နေ့တိုင်းခူးတော့
နွေရူးကုန်ချိန် နီးလာပြီ။ ။

1K - 113

Mr. Wayl
Posted 3 months ago

ကျနော်တို့ Channel လေးကို တနင်္ဂနွေနေ့တွေမှာ နားခွင့်ပြုပါခင်ဗျာ။ တနင်္လာမှ စနေအထိ ညနေ 5:00 to 5:30 အတွင်း ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါခင်ဗျာ့။ တနင်္ဂနွေ နေ့တွေမှာတော့ ချစ်သောများက အဟောင်းလေးတွေကို ပြန်ပြီး ပြီးဆုံးအောင်ကြည့်ပေးခြင်းကလည်း ဝင်ငွေပိုရစေတာမို့ အဟောင်းလေးတွေ ပြန်ကြည့်ပေးခြင်းဖြင့် နောက်ရက်တွေအတွက် စောင့်မျှော်ပေးကြပါဦးခင်ဗျာ။

ဝင်ငွေပိုရရင် လိုအပ်နေရာပိုပြီးရောက်မှာမို့ ကျနော်တို့ အဖွဲ့သားတွေကလည်း ပိုပြီးကြိုးစားတင်ဆက်ပေးမှာ ဖြစ်သလို ချစ်သောများဘက်ကလည်း Video အပုဒ်တိုင်းကို ပြီးဆုံးအောင်ကြည့်ပြီး အားဖြည့်ပေးကြဖို့ လေးစားစွာတောင်းဆိုပါတယ် ခင်ဗျာ။

ချစ်သောများလည်း ဘေးကင်းကျန်းမာ၍ စိတ်ချမ်းသာကြပါစေ၊ ကျေးဇူးပါ ခင်ဗျာ။

ထောက်ပို့ ဆင့်ကူး
ပန်းတွေခူးရင်း
ခွေးရူးများကို တော်လှန်မယ်။ ။

1.4K - 171

Mr. Wayl
Posted 3 months ago

ဒီနေ့ ကျနော်ရေးပြီး ညီငယ် ရဲဘော်လေး ဇွဲထက်ပိုင် ဆိုထားတဲ့ '' အဝေးရိပ် '' ဆိုတဲ့ သီချင်းလေး တင်ထားပေးပါတယ်ခင်ဗျာ။ နားဆင်ခံစားအားပေးကြပါဦးလို့။ ညနေပုံမှန်အချိန်မှာ သရော်စာတစ်ပုဒ်ထပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ ဒီနေ့ ကျနော့ရဲ့ Channel ဟာ ပန်းတွေအများကြီး ပွင့်မှာမို့ ပျော်ပျော်ကြီး ခူးသွားပေးကြပါဦးခင်ဗျာ့။

1.1K - 83

Mr. Wayl
Posted 4 months ago

ဒီနေ့ Video ထဲမှာ ပါဝင်တဲ့ ကျနော့ရဲ့ ကဗျာလေးကို စာသားအဖြစ်တင်ပေးဖို့ တောင်းဆိုသူများအတွက် တင်ပေးလိုက်ပါတယ် ခင်ဗျာ...။

ပန်းသပိတ်
-------------------
အလွမ်းမတိတ်ရအောင်
ပန်းသပိတ်နဲ့ ကြိုချင်တယ်....။



အာဏာရှင် စနစ်အကျိုးတွေနဲ့
ပါလာချင် ငညစ်မျိုးတွေကြောင့်
အဖြစ်ဆိုးရှည်လို့ ကြာပြီကွယ်
ရာသီရယ် ဆောင်းအသွဲ့မှာ
ကဗျာစီခြယ် ခေါင်းအလှည့်နဲ့
ပြန်ခဲ့တော့ကွယ်......။



တို့တိုင်းနဲ့ တို့နယ်ပယ်
တို့ယူမယ် မကြာဘူး....။



အမုန်းသံသရာ မနက်ဖြန်တိုင်းမှာ
အရှုံးကံကြမ္မာ လက်မခံခိုင်းနဲ့
အသက်လှိုင်းအတွက် အသွေးပြန်ယူ
ဘေးရန်သူ သန္ဓေဆိုးတွေနဲ့
မအေလိုးတွေ အစားပြန်နှင်းရမယ်
( အမေ.... ရေ )
အားတင်းပါဦး...။



#ဝေးလ်

810 - 118

Mr. Wayl
Posted 4 months ago

ကျနောရဲ့ Channel လေးမှာ အမြဲအားပေးကြည့်ရှုနေကြတဲ့ ချစ်သောများ အားလုံးရဲ့ Comment တွေက အရမ်းများလွန်းတာကြောင့်ရော၊ ကျနော့မှာ အခြားသော လုပ်ငန်းစဉ်လေးတွေနဲ့ မအားလပ်တဲ့ အချိန်လေးတွေမှာ Comment Reply မပြန်ဖြစ်တာလေးတွေကို နားလည်ပေးပြီး Comment လေးတွေအမြဲချန်ထားပေးခဲ့တဲ့ ကျနော့ရဲ့ ချစ်သောတွေကို ပိုပြီးချစ်ရ ကျေးဇူးတင်ရပါတယ် ခင်ဗျာ။

ကျနော့ရဲ့ ချစ်သောများကို အပြန်လှန် လေးစားကျေးဇူးတင်သောအားဖြင့် ကျနော် အချိန်ရရင် ရသလိုကြိုးစားပြီး Reply ပြန်ပေးပါ့မယ် ခင်ဗျာ့။ Comment တွေ အရမ်းများတာကြောင့် ကျန်သွားခဲ့တာမျိုးရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် ခင်ဗျာ။

ချစ်သောတွေ ပေးတဲ့ အားနဲ့ တကယ့်မြေပြင်ဆီ စီးဆင်းသွားတဲ့ မှတ်တမ်းလွှာလေးတွေကိုလည်း video တချို့ထဲမှာ ပီတိဖြစ်စေရန် အလို့ငှာ ထည့်သွင်းဖော်ပြပေးထား/သွားမှာမို့ Video လေးတွေကို အစမှ အဆုံးထိ သေချာစောင့်ကြည့်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်ခင်ဗျာ့။
အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။

705 - 163