in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c
အချိန်ရှိတုန်းတရားအားထုတ်ထားရမယ်ဝိပဿနာအလုပ်ပေးတရားတော်(ပါမောက္ခချုပ်ဆရာတော်ဘုရားကြိး)
https://youtu.be/TYJpx1VA5yc
120 - 2
အလုပ်ခွင်မှာရှုမှတ်ပွားများနိုင်သောသတိပဌာန်ဘာဝနာတရားတော်(ပါမောက္ခချုပ်ဆရာတော်ဆရာတော်ဘုရားကြိး)
https://youtu.be/e_dWZB2nSw4
41 - 0
စိတ်ကိုလေ့ကျင့်ရှုမှတ်နည်း(စိတ္တာနုပဿနာ)တရားတော်(ပါမောက္ခချုပ်ဆရာတော်ဘုရားကြိး)
https://youtu.be/ZjLzeH1Wf5Y
35 - 0
@Dhammagarava-e2j စိတ်၏ ထွက်ပေါက်များ...
ရံဖန်ရံခါ စိတ်ထဲမှာအလိုမကျမှုဆိုတာ ဖြစ်တယ်။
ထိုအလိုမကျမှု ဟာ ကြီးထွားလာလို့ရှိရင်
ပေါက် ကွဲ လာတတ်ပြီး ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီး လာတယ်။
ဒေါသဖြစ်လာပြီဆိုရင် သူ့ရဲ့ မျက်နှာကလည်း ကြည်လင်မှု မရှိတော့ဘူး။ပြုံးချိုခြင်း မရှိတော့ဘူး၊မျက်နှာအနေအထားပါ ပြောင်းလာတယ်။
အဲဒီလို စိတ်အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသတို့ ဖြစ်လာပြီဆိုရင် ထိုဒေါသရဲ့ ထွက်ပေါက်ကို ရှာကြတယ်။
တစ်ချို့က ကိုယ်မကျေနပ်တဲ့အရာ ကို တခြား အရာနဲ့ အစားထိုးတယ်။သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင် ယူ လိုက်တယ်။
အဲဒီလို အနိုင်ယူလိုက်တာဟာ ထွက်ပေါက် မဟုတ် ဘူး။သို့သော် လူတွေက ဒါကိုပဲ ထွက်ပေါက်ထင်ပြီး ထွက်နေကြတယ်။မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာတတ် တယ် ပေါ့၊
မြတ်ဗုဒ္ဓက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ ထွက်ပေါက်အစစ်က မေတ္တာတရားပါတဲ့။မေတ္တာပွါးခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိ
နိုင်ပါတယ်တဲ့။ဒါဟာ မှန်ကန်တဲ့နည်းစနစ်ပဲ။
(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ နန္ဒမာလာဘိဝံသ
51 - 2
စိတ်ကိုလေ့ကျင့်ရှုမှတ်နည်း@Dhammagarava-e2j
တရားတော်ကိုနာယူရန်
18 November 2024
https://youtu.be/viFz2frIEdM18 November 2024
6 - 0
ဒိဋ္ဌိပြုတ်အောင် ဘယ်လိုရှုမလဲ@Dhammagarava-e2j
(၁) ထွက်လေဝင်လေလေးကို
ရှုနေတာက ကာယာနုပဿနာ။
(၂) ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊
ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့
ခံစားချက်လေးကို ရှုနေတာက ဝေဒနာနုပဿနာ။
(၃) ကိုယ့်သန္တာန်မှာဖြစ်တဲ့
လောဘနဲ့ယှဉ်တွဲလာတဲ့စိတ်၊
ဒေါသနဲ့ယှဉ်တွဲလာတဲ့စိတ်၊
မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်
ဒီစိတ်ကလေးကို ရှုနေတာက စိတ္တာနုပဿနာ။
(၄) ကြံတွေးမှု၊ ကြံစည်မှုတွေ၊
ရုပ်ခန္ဓာဓာတ်သဘောတွေကို
ရှုနေတာက ဓမ္မာနုပဿနာ။
အဲ့ဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို
အမှန်မြင်အောင် ကြည့်တတ်ဖို့လိုအပ်တယ်။
၁။ အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ
သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။
သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်နိုင်ဖို့အတွက်...
၂။ သမ္မာသင်္ကပ္ပဆိုတဲ့
မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုတယ်။
၃။ အဲ့ဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက်
သမ္မာဝါယာမဆိုတဲ့ ကြိုးစားဖို့ လိုအပ်တယ်။
၄။ အဲ့ဒီလို ကြိုးစားဖို့အတွက်
သမ္မာသတိဆိုတဲ့ စိတ်စိုက်ဖို့လိုတယ်။
၅။ အဲ့ဒီ သမ္မာသတိခေါ်တဲ့
အာရုံတစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက
သမ္မာသမာဓိပါ။
ဒီလိုပေါင်းစပ်လိုက်တဲ့ မဂ္ဂင်(၅)ပါးကို
"ကာရာပကမဂ္ဂင်(သို့) ကာရကမဂ္ဂင်"လို့ ခေါ်တယ်။
တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်တဲ့အခါ
ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့
အလုပ်လုပ်သွားပြီဆိုရင်ဖြင့်
သဘာဝတွေကို အမှန်အတိုင်းသိနိုင်မှာဖြစ်တယ်။
ဆိုကြပါစို့၊
ထွက်လေ ဝင်လေလေးကို
ရှုမှတ်နေတယ်ဆိုရင်
ထွက်လေ ဝင်လေလေးကို
သူ့သဘာဝလေးအတိုင်း
မသိသိအောင် ကြိုးစားတာဟာ
သမမှာဝါယာမ။
အဲ့ဒီ ထွက်လေ ဝင်လေလေးကို
အမြဲတမ်း သတိကပ်ထားတာက သမ္မာသတိ။
ထိုထွက်လေ ဝင်လေ အာရုံတစ်ခုထဲပေါ်မှာ
စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိ။
ထွက်လေ ဝင်လေလေးရဲ့သဘာဝကို
စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပ။
ဟော... အဲ့ဒီလို လေးခုပေါင်းစပ်လိုက်တဲ့အခါ
ဘာပေါ်လာတုန်းဆိုရင်
ထွက်လေ ဝင်လေလေးရဲ့သဘာဝတရားကို
အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာ
ပေါ်လာတော့တာပါပဲ။
ဘာကို အမှန်မြင်သလဲဆိုတော့
ထွက်လေ ဝင်လေလေးဟာ
သူ့သဘာဝ ထွက်လေ ဝင်လေပဲ၊
"ငါမဟုတ်ပါလား"ဆိုတဲ့ အယူမှန်သွားတာကို
သမ္မာဒိဋ္ဌိ အမှန်မြင်ခြင်းလို့ခေါ်တယ်။
ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။
အဲ့ဒီ အမှန်မြင်လိုက်တဲ့အခါ
ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ပတ်သက်ပြီး
"ငြီးမွေ့မှု"ဆိုတာ ပေါ်လာတယ်။
ငြီးမွေ့လာတာနဲ့ တစ်ပြိုင်နက်တည်း
"တွယ်တာမှု"ဆိုတာ မရှိတော့ဘူး။
တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက်
"လွတ်မြောက်"သွားတာပဲ။
အဲ့ဒီလို
အဆင့်ဆင့်အကျိုးရှိသွားအောင်
မြတ်စွာဘုရားက
ကာယ၊ စိတ္တ ဝေဒနာ ဓမ္မလို့ဆိုတဲ့
သတိပဋ္ဌာန်အာရုံလေးပါးပေါ်မှာ
လူတိုင်းလူတိုင်းဟာ
ဘယ်အချိန်မှာပဲဖြစ်ဖြစ်
မိမိတို့အားလပ်တဲ့အချိန်လေးမှာ
အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင်
ခုနကပြောတဲ့ အသိဥာဏ်တွေအားလုံး
ပေါ်လာကြမှာပါတဲ့။
အဲ့ဒီလို ပေါ်လာတဲ့အခါမှာ
ဝိမုတ္တိ "လွတ်မြောက်မှု"ဆိုတာကို
ရလာမှာဖြစ်ပါတယ်။
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
တရားတော်နာယူရန်👇👇👇
ဝေဒနာဝိပဿနာရှုမှတ်နည်းတရားတော်(ပါမောက္ခချုပ်ဆရာတော်ဘုရားကြိး)@Dhammagarava-e2j
https://youtu.be/tsvmQSb_fsU
4 - 0
@Dhammagarava-e2j
တရားတော်ကိုနာယူရန်👇👇👇
ခန္ဓာရဲ့ဆင်းရဲ့ဒုက္ခကိုသိမြင်နိုင်သောကာယာနုပဿနာရှုမှတ်နည်းတရားတော်(ပါမောက္ခချုပ်ဆရာတော်ဘုရားကြိး)
https://youtu.be/fcgGBUmaKNY
7 - 0
မနက်ဖြန်ဟာ
တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဖြစ်တဲ့အတွက်ကြောင့်
ကုသိုလ်ယူပြိးတရားနာကြမယ်
တရားတော်ကိုနာယူရန်👇👇
တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့သမိုင်းအကြောင်းတရားတော်
https://youtu.be/Il_aAtfh1uA
4 - 0
ဗုဒ္ဓမြတ်စွာဟောကြားခဲ့သောတရားတော်များ
ကို ကြည်ညိုနာယူလိုသူတွေအတွက်စိတ်အေးချမ်းမှုရရှိစေရန် dhamma garava Channelကို တည်ထောင်ပါသည်
တရားတော်ကိုများကိုနေ့စဉ်ပုံမှန်တင်ပေးသွားမည်ဖြစ်သောကြောင့်like, subscribeလုပ်ထားနိုင်ပါသည်