Channel Avatar

Mind Reader @UCWkWz8WSDGh8lCYVdTdpWYw@youtube.com

15K subscribers - no pronouns :c

မြန်မာအသံဝတ္ထုများ Links


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Mind Reader
Posted 1 year ago

သိုင်းလောကသားများသည် မိမိတို့အဆင့်အလိုက် ရာထူးအလိုက်သာ သိုင်းကျင့်ရတော့မည် ဟူသော သတင်းတစ်ခုသည် သိုင်းလောကထဲ၌ ထွက်ပေါ်လာလေ၏ ။

ထိုသတင်းသည်
သိုင်းပညာတွင် အထက်တန်းအဆင့်ဟု သတ်မှတ်ထားသော ရှောင်လင်ဂိုဏ်းထဲတွင်လည်းကောင်း

အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်သို့ ရောက်ရမည်ဟု ကြွေးကြော်နေသော ဝူတန်းဂိုဏ်းထဲတွင်လည်းကောင်း

မျှော်လင့်ချက် တပုံတပင်နှင့် မူလတန်းတွင် သိုင်းကြိတ်ကျင့်နေသော ဝါဆန်းဂိုဏ်းထဲတွင်လည်းကောင်း

အုတ်အော်သောင်းတင်းဖြစ်သွားလေ၏ ။

သိုင်းလောကသားအများစုမှာ မိမိတို့ရာထူးကို သဲသဲကွဲကွဲ မသိကြသေးသဖြင့် အူကြောင်ကြောင်သိုင်း ကွက်ခင်း နေကြ၏ ။

နှစ်တစ်ထောင်အတွင်းအားရရန် မျှော်လင့်နေသော ဂိုဏ်းသူဂိုဏ်းသားအသီးသီးမှာလည်း ရာထူးမတိုးပါကသိုင်းစွမ်းအားမတက်တော့ဟု ယူဆပြီး အတွင်းအားများ ပေါက်ကွဲကာ ညွန့်ညွန့်ဝမ်းနှုတ်ဆေး ပြေးဝယ်ကုန်၏ ။

ရှောင်လင်ဂိုဏ်းသည်သာ အမြင့်ဆုံးဟု ယူဆထားကာ အဆင့်တက်ချင်နေကြသော ဝူတန်းဂိုဏ်းနှင့်ဝါဆန်းဂိုဏ်းသားများသည်လည်း ဘိုင့်ဘိုင်သိုင်းနှင့်ချမည်ဟု ကြုံးဝါးရင်း ရှူးရှဲလက်ဖက်စားနေ၏ ။

သိုင်းလောကသားတို့၏ စိန်ခေါ်ရာအရပ်ကား facebook ဟူသော အရပ်တည်း ။

ဂိုဏ်းချုပ်များက ‌ထောက်ခံသည်ဟု ကောမန့်သိုင်းကွက်တွင် ပြသည် ။

လက်ထောက်များက ဒါဆို နေရာချင်းလဲမယ်ဟု ဟဟသိုင်းနှင့် သွေးကြောပြန်ပိတ်၏ ။

ဤသို့ဖြင့်
ထောက်ခံသူများနှင့်မထောက်ခံသူများနှစ်ဖက်ကွဲကာ လက်မတထောင်ထောင် ရီပလိုင်းတတောင်တောင်ဖြင့် အကွက်ပေါင်းစုံခင်းပြီး သိုင်းကျမ်းလုပွဲကြီးကို တပျော်တပါးနှင့် ဆင်နွှဲကြချေ၏ ။

ထိုမျှနှင့် မကျေနပ်နိုင်သော အနှီသိုင်းလောကသားများမှာ သိုင်း ဂရုများဖွဲ့ကာ စတေးတပ်များနှင့် ဝေဖန်ရေးလက်နက်ပုန်းများ လေကန်ရေးကိုယ်ဖော့ပညာများ လေ့ကျင့်ကုန်၏ ။

ထို့ကြောင့် မငြိမ်မသက်ဖြစ်နေသော သိုင်းလောကတွင်
တချို့ကား လစာတိုးရပြီဟု ပျော်နေ၏
တချို့ကား အခွင့်အရေးဆုံးရှုံးပြီဟု အော်နေ၏
တချို့ကား သင်းတို့ကြောင့်ဟုဆိုကာ ဆော်‌နေ၏ ။

သိုင်းလောကဟူသည် ရှုပ်ထွေးလွန်းလှသည် တကား ။

Credit #ဦးကာ

18 - 6

Mind Reader
Posted 2 years ago

ဒီ ဝတ္ထုလေး ဖတ်ပြချင်တယ်ဗျ…မဖတ်ခင် ဆရာကြီး မောင်ထင် ရဲ့ အတ္ထုပ္ပတ္တိလေး ကို ဗဟုသုတအနေနဲ့တင်ပေးလိုက်ပါရစေ …

မောင်ထင်

ဧရာဝတီတိုင်း လပွတ္တာမြို့တွင် အဖဦးတရောင်း အမိဒေါ်စိန်ပွင့် တို့မှ ၁၉၀၉ခု မတ်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် မွေးဖွားသည် ။ အမည်အရင်းမှာ ဦးထင်ဖတ် ဖြစ်သည်။
လပ္ပွတ္တာမြို့ ဦးခန္တီကျောင်းနှင့် ဦးဘိုးထွန်းကျောင်းများတွင် စတင်ပညာသင်ကြားခဲ့သည်။ မြေင်းမြ တိုင်းရင်းသား အထက်တန်းကျောင်းမှ ဆဌမတန်း ရန်ကုန်မြို့မ တိုင်းရင်းသား အထက်တန်းကျောင်းမှ ဟိုက်စကူး ဖိုင်နယ် ရန်ကုန်တက္ကသိုလ်မှ ဘီအေ ရရှိအောင်မြင်ခဲ့သည်။
အထက်တန်းကျောင်းဆရာ မြို့ပိုင် မြို့အုပ်။ ပြန်ကြားရေးဌာနအတွင်းဝန် ၊အသံလွှင့်ဌာနညွှန်ကြားရေးဝန် ၊သတင်းစာဆရာ ၊အယ်ဒီတာ ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဉက္ကဌ ၊ မြန်မားစွယ်စုံကျမ်းပြုစုရေးအတိုင်ပင်ခံ ၊ မြန်မာစာအဖွဲ့နှင့် သမိုင်းကော်မရှင်အဖွဲ့ဝင် စသည်ဖြင့် နယ်ဖက် စာပေနှင့် သတင်းစာအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၃၃ ခုနှစ်မှစ၍ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် စာအမျိုးမျိုးရေးသားပြုစုခဲ့သည်။ ကိုဒေါင်း (၁၉၄၀)၊ မြို့အုပ်မင်းဆို ဘုံရုံကဗျာ (၁၉၃၇-၄၁)၊ ဘာအရေးကြီးဆုံးလဲနှင့် အာဇာနည်မိခင်ပြဇတ် (၁၉၄၄) ၊ ငဘ (၁၉၄၇) ၊ရာဇဓမ္မသင်္ဂဟကျမ်းနှင့် ယောမင်းကြီးဦးဘိုးလှိူင် အတ္ထုပ္ပတိ (၁၉၆၀) ၊ ဗမာ့နိုင်ငံရေးသုခမိန် (၁၉၆၅)၊ ပုရှ်ကင်၏ မုန်တိုင်းထဲကနဖူးစာနှင့် အခြားဝတ္ထုတိုများ (၁၉၆၅)၊ မိုပါဆွန်း ဝတ္ထုတိုများ (၁၉၆၆)၊ လောကအမြင် (၁၉၆၇)၊ မောင်ထင်၏ဝတ္ထုတိုများ (၁၉၆၈)၊ ကမ္ဘာ့ဝတ္ထုတိုများ (၁၉၇၂)၊ ကမ္ဘာ့စာပေအညွှန်း (၁၉၇၄)၊ မြို့အုပ်ပုံပြင် (၁၉၇၆)၊ အနာဂတ္တိကျမ်း (၁၉၇၇)၊ ဂါလီဗာ၏ခရီးစဉ် (၁၉၈၁)၊ တို့မှာထင်ရှားသည်။ ဂါလီဗာ၏ခရီးစဉ်ဖြင့်အမျိုးသားစာပေဆု (ဘာသာပြန်) ရရှိခဲ့သည်။ ။

42 - 2