Channel Avatar

Mr. Linn Aung @UCNnrKzgBPoYdlRWkpV0Q-Xg@youtube.com

25K subscribers - no pronouns :c

အကောင်းမြင်ဝါဒ ထွန်းကားပါစေ


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Mr. Linn Aung
Posted 4 days ago

☀️

1 - 0

Mr. Linn Aung
Posted 1 week ago

恭喜发财
精彩到来
新的一年:好运来,霉运走。

0 - 0

Mr. Linn Aung
Posted 2 months ago

Become a member to get exclusive access to perks!
youtube.com/channel/UCNnrKzgBPoYdlRWkpV0Q-Xg/join

2 - 0

Mr. Linn Aung
Posted 2 months ago

YouTube ကနေ ငွေရှာမယ်ဆိုရင် AdSense ID identity verified ဆိုတာ မဖြစ်မနေ လုပ်ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အရင်ကတော့ ဒီအချက်ကို မပါဝင်ခဲ့ပါဘူး။ ( ဒီအကြောင်းကို ရှင်းပြထားတဲ့ Video ကို YouTube မှာ သွားကြည့်နိုင်ပါတယ် https://youtu.be/LMM1_m_3OFI ) ။
YouTube Monetization လျှောက်တဲ့အခါမှာ ဒုတိယအဆင့်အနေနဲ့ ဝင်ငွေလက်ခံဖို့နဲ့ Ads တွေ အတွက် Google AdSense အဆင့်က ပါဝင်နေတာဖြစ်ပါတယ်။
အဲဒါကြောင့်လည်း AdSense Associate အဆင့်မှာတင် Review အတွက် သုံးရက်လောက်စောင့်ရပါတယ်။
ဒီအဆင့် Done ဖြစ်သွားရင်တော့ ၇၀% လောက် အဆင်ပြေပြီလို့ သက်မှတ်နိုင်မှာပါ။
Done ဖြစ်သွားတာနဲ့တင် တစ်ခါတည်း PIN (Personal Identification Number) ကို ထည့်ခဲ့တဲ့ လိပ်စာအတိုင်း ပို့ပေးခဲ့တာဖြစ်ပါတယ်။
ဒီလိုလွယ်ကူခဲ့တာဟာ Covid-19 နြဲ့ Ukraine စစ်ပွဲတွေ မတိုင်ခင်အထိပါပဲ။
နောက်ပိုင်းမှာတော့ မလွယ်ကူတော့ပါဘူး။
အရင်က PIN တစ်ခုပဲလိုအပ်ခဲ့ပေမယ့် လျှောက်ထားသူဟာ တကယ်ဟုတ် မဟုတ်ဆိုတာကို စစ်ဆေးတဲ့ ID verified ဆိုတာ ထပ်တိုးလာခဲ့ပါတယ်။
ဒါကြောင့် အရင်က လျှောက်ထားမယ့် နိုင်ငံကလိပ်စာနဲ့ မိတ်ဆွေတစ်ယောက်ရှိရင် အဆင်ပြေခဲ့ပေမယ့် နောက်ပိုင်းတော့ ID Card, Passport, Driving License, Residence Card စတာတွေ လိုအပ်လာပါတော့တယ်။
လိပ်စာတောင်းရုံတင်မဟုတ်တော့ပဲ ID စတဲ့ Personal ကိစ္စတွေပါ ပါဝင်လာပါတယ်။
တစ်ချို့ကလည်း အလွယ်တကူ ပေးကြပေမယ်။
တစ်ချိုကြတော့လည်း ဘာလုပ်မှာလည်းဆိုတဲ့ သံသယတွေ ဝင်လာပါတော့တယ်။
တကယ်တော့ အဲဒီ ID, Residence Card ဆိုတာတွေကို ဘာမှ မဟုတ်တာ မလုပ်ပါဘူး။
Google AdSense ကို Verified ဖြစ်ဖို့အတွက် သီးသန့်ပါပဲ။
နောက်ပိုင်း ငွေထုတ်တဲ့အခါမှာလည်း ကိုယ်အဆင်ပြေတဲ့ ဘဏ်အကောင့်နဲ့ချိတ်ပြီး ထုတ်နိုင်ပါတယ်။
အားလုံးဆင်ပြေကြပါစေ။
လူတစ်ချို့သိကြတဲ့ လင်းအောင်
#Identity
#adsense
#Youtube

6 - 0

Mr. Linn Aung
Posted 2 months ago

What is a Windows activation product key used for?

1 - 0

Mr. Linn Aung
Posted 2 months ago

မိတ်ဆွေရဲ့ YouTube Channel မှာ Subscribe ဘယ်လောက်ရှိလဲ?

1 - 5

Mr. Linn Aung
Posted 2 months ago

How much ad revenue do you make your YouTube channel per month?

2 - 0

Mr. Linn Aung
Posted 5 months ago

"ယုံကြည်မှုဆိုတာ ပူးပေါင်းခြင်းရဲ့ သော့ချက်"
လွန်ခဲ့တဲ့နှစ်က YouTuber များဆုံဆည်းရာ ဘာညာဂရုတစ်ခုမှာပေါ့။
အလိမ်အညာတွေ များတဲ့ Group ကြီးပေါ့ဗျာ။ စစရကတွေ များတဲ့ Group ကြီးတစ်ခုပေါ့။
ဘယ်လောက်တောင်လဲဆိုရင် Free sharing လုပ်တဲ့ ပို့စ်တွေဆိုရင် Approve မလုပ်တဲ့ YouTubers များ ဘာညာ Group ကြီးမှာပေါ့ဗျာ။
လူတစ်ယောက်က Post တစ်ခုတင်လာတယ်။
"ယုံကြည်ရတဲ့ YouTube Service ပေးတဲ့သူရှိရင် ဘာညာဆိုပြီး" post တစ်ခုတင်လာတယ်။
ဇာတ်လမ်းက အဲဒီမှာ စတာပဲ။
ကိုယ်ကလည်း Freelancer လုပ်နေတာကြာပြီ အဲလိုတွေ ခံစားနေရတာတွေနဲ့ ယုံကြည်မှုရှာနေသူတွေရယ်၊ အလိမ်ခံရသူတွေရဲ့ ရင်ဖွင့်သံတွေ၊ admin ပေးပြီးရင် Blok သွားတာတို့ပဲ အမြဲကြားနေရတဲ့ ဒီဂရုကြီးထဲက ပို့စ်လေးတွေ့တော့ ပြုံးမိတယ်။
ဒါနဲ့ပဲ ဝင်မန့်လိုက်တယ်။
"ဘာ admin မှ ပေးစရာမလိုဘူး၊ Computer ရှိရင် remote app တစ်ခုဒေါင်းပြီး ဖွင့်ပေးပေါ့။ ဒီလိုမှမဟုတ်ရင် (ဈ)ဈေးကိုလာခဲ့။ Services ခ မလိုဘူး။ ဘီယာပဲတိုက်ဆိုပြီး" ဝင်မန့်လိုက်တယ်။
နောက်ရက်တော့ ဆက်သွယ်လာတယ်။
ကျနော်က ဘယ်သူပါပေါ့။ အကို့ရဲ့ မန့်လေးကိုတွေ့လို့ ဘာညာဆိုတော့ ကိုယ်လည်း အိမ်လိပ်စာအတိအကျပေးလိုက်တယ်။
အဲဒီနောက်တစ်ရက် Laptop လေးတစ်လုံးနဲ့ ရောက်လာတာပါပဲ။ ကျနော်က ဘယ်သူပါ ဘာညာပေါ့။ အဲဒီလူကတော့ Phyo Mahaw ပါ။
သူ့မှာ Studio တစ်ခု ဖန်တီးထားတယ်။ ကိုယ်တိုင်လည်း သီချင်းဆိုတယ်။ အခြား လူသိများတဲ့
"မင်းနဲ့ငါ့ရဲ့ ဇာတ်လမ်းတချို့ မေ့ပစ်ဖို့ ဘယ်လွယ်ပါ့မလဲ" ဝင်သာကြည့်သွားတော့ ဒီမှာလင့် https://www.youtube.com/watch?v=k7G9l...
ဒီသီချင်းလေးက TikTok မှာ အရမ်းအောင်မြင်နေတာ ဘာညာပေါ့။ ရောက်ရောက်ချင်းပြတယ်။ ကနော်တောင် ကြိုက်သွားတယ် " အဲဒီထဲက သရုပ်ဆောင်တဲ့ ကောင်မလေးကို။
ဒါပေမယ့် သူအရမ်းနောက်ကျသွားပါပြီ ကျနော့်ကို မရနိုင်တော့ပါဘူး။
ကိုယ့်ဆီလာတဲ့ ဧည့်သည်ဆိုတော့ ရေတော့ တိုက်နိုင်ပါတယ်။ ဟဲဟဲ တကယ်လည်း ရေပဲတိုက်ခဲ့တာပါ။
ဒီလိုနဲ့ အိမ်က WiFi သုံးပြီး YouTube Monetization တွေ၊ AdSense တွေ လျှောက်ပေးပေါ့ဗျာ။ ထိုင်းမှာရှိတဲ့ အသိလိပ်စာတွေထည့် ဖုန်းနံပါတ်ထည့် otp တွေတောင်းပြီး အားလုံးလည်းပြီးရော ဆရာသမားက ဘာပြောတယ်မှတ်လည်း "သွားမယ်လေ အကို"တဲ့
ဟင် ဘယ်ကိုသွားမှာလဲပေါ့ စဉ်းစားနေတုန်း တိုးတိုးလေးပြောတယ်
" အကို ပြောထားတာမေ့နေပြီလား ဘီယာဆိုင်လေ"တဲ့။
အမယ် သူက ကတိတော့တည်သားဟပေါ့။ ကိုယ်လည်း ပြန်ပြောလိုက်ပါတယ် ကနော်က ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ လိုသလိုလှည့်ဝတ်ပါတယ်ပေါ့။
ဒီလိုနဲ့ပဲ နွယ်သာကီမှတ်တိုင် မြောက်ဥက္ကလာ တရားရုံးရှေ့က လဖက်ရည်ဆိုင်ကိုသွားပြီး သံပရာရေသောက်လိုက်ပါတယ်။ ဆိုင်ထိုင်ရင်း စကားတွေပြောပြီး ပိုရင်းနှီးသွားတာပေါ့။
လူချင်းရင်းနှီးသွားပေမယ့် အလုပ်က မပြီးသေးဘူး Identify Verified တွေတောင်းတော့ ကျနော့် passport တွေ၊ သူ့ မိန်းမရဲ့ passport တွေ ထည့်ပြီး လုပ်တာ မရဘူးဗျာ။ Channel ကတော့ YPP ဖြစ်နေပေမယ့် ငွေလက်ခံစရာ AdSense က အဆင်မပြေ။ သူလည်း စိတ်တွေညစ်။ ကိုယ်လည်း စိတ်မကောင်းပေါ့ဗျာ။
စိတ်မကောင်းပေမယ့် သူ့ရဲ့ Studio မှာ သီချင်းတောင်သွားဆိုလိုက်သေးတယ်။
"လူအချင်းချင်း သတ်ဖြတ်တဲ့ကမ္ဘာကြီး မလိုချင်ဘူး မလိုချင်ဘူး" နားဒုက္ခခံနိုင်ရင် အောက်ကလင့်ကို နှိပ်ကြည့်သွားပေါ့။
https://www.youtube.com/watch?v=KmKe_...
သီချင်းက ဇော်ကြီးရေးတာပါ။
ဒီလိုနဲ့ ကျနော်က ထိုင်းကိုရောက်တော့ ပန်ရောင်ကဒ်ငှားပြီး ID တင်ပေးလိုက်လို့ သူ့အတွက် ကိုယ်ပိုင် AdSense အကောင့်အဆင်ပြေသွားတယ်။ AdSense PIN ကလည်း တစ်ပတ်နဲ့ ရောက်လာတယ်။ PIN Address Verified လည်းလုပ်ပြီးရော ဒေါ်လာ ၁၉၆ ဝင်လာတယ်။
ဩဂုတ်လ ၂၁ ရက်ကနေ့က AdSense ကနေ ကျနော့်ရဲ့ ဘဏ်အကောင့်ထဲ ငွေဝင်လာတယ်။
ထိုင်းဘတ် 5900 THB ဗျာ။
"ဝေးသွားတော့မှ ပြန်မလွမ်းကြေး" ဆိုတဲ့ သီချင်းလေးက 1M တောင်ပြည့်ပြီ။
နောက်က ဒေါ်လာ ၃၀၀ ကျော်ဝင်ဦးမယ်ဗျာ။
ကျန်တဲ့သူတွေ အားတက်ဖို့ အခုလိုရေးပြီးဖော်ပြပေးလိုက်ပါတယ်။
ကျနော်တို့ အလုပ်လုပ်ခဲ့ကြတယ်။
ယုံကြည်လောက်တဲ့အထိ လေ့လာပြီး ယုံကြည်ခဲ့ကြပါတယ်။
သူက ကျနော့်အိမ်ကနေထွက်တော့ လမ်းမှာပြောသွားတာလေး ကျနော်မှတ်မိတယ်။
လူတစ်ယောက်က ဘယ်လောက်ယုံကြည်ရလဲဆိုတာ သူပြောတဲ့စကားနဲ့ သူ့ရဲ့ မျက်နှာမှာပေါ်တယ်တဲ့။
ဒီစကားကို ကျနော် အမြဲအမှတ်ရနေပါတယ်။
နောက်ထပ်လည်း YouTube ကနေ ငွေတွေ အများကြီးရှာနိုင်ပါစေဗျာ။
Trust is key for collaboration, the open exchange of ideas, and a strong workplace culture.
ယုံကြည်မှုဆိုတာ ပူပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းစွာအတွေးအခေါ်ဖလှယ်ခြင်း၊ ခိုင်မာသောအလုပ်အကိုင်တို့ရဲ့ သောချက်ပါပဲ။
ထို့ကြောင့် YouTube, Google AdSense, Facebook ISA Services များ၊ မြန်မာပြည်မှနေပြီး Digital Creation လုပ်နေသူများ ငွေထုတ်လိုပါက % သက်သက်သာသာဖြင့် ငွေထုတ်နိုင်ပါကြောင့် Confidence ရှိစွာ အသိပေးလိုက်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
လင်းအောင်
ထိုင်းဖုန်း - 0809460056
Viber - +959954207014
LineID - laynak77

6 - 3

Mr. Linn Aung
Posted 5 months ago

YouTuber တစ်ယောက်ဖြစ်ဖို့ (သို့) YouTuber ခရီး အမြန်ဆုံး နီးကြပါစေ
***********************************************************************
ဒီနေ့တော့ YouTuber တစ်ဦးဖြစ်လာဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ YouTuber တစ်ယောက်ဖြစ်ဖို့အတွက် တီထွင်ဖန်တီးမှု၊ ဗျူဟာနှင့် ဇွဲလုံ့လရှိမှုတို့သည် အဓိကလိုအပ်ချက်ဖြစ်သည်။
YouTuber တစ်ဦးဖြစ်ရန် လိုအပ်သောအချက်များကတော့ -
အဆင့်(၁)။ ။ ပထမဆုံးအနေနဲ့ အလုပ်ကို သတ်မှတ်ပါ -
ကိုယ်တိုင်ဘယ်အရာကို စိတ်အားထက်သန်သလဲ၊ ဘယ်လိုထူးခြားမှုတွေရှိလဲဆိုတာကို အရင်ဆုံး သတ်မှတ်ပါ။ ကိုယ်က ဂိမ်းဆော့တာကိုလား၊ ထမင်းဟင်းချက်တာကိုလား၊ နည်းပညာပိုင်းတွေ ဖန်တီးရတာကိုလား၊ ဒါမှမဟုတ်ရင် ခရီးသွားရတာတွေကိုလားဆိုတာကို အသေအခြာလေး ဆုံးဖြတ်ချက်ချပါ။
အဆင့်(၂) အစီအစဉ်ဆွဲပါ။
ဒုတိယအချက်အနေနဲ့ကတော့ ကိုဖန်တီးမယ် ဗွီဒီယိုအမျိုးအစားကို အစီအစဉ်စနစ်တကျရေးဆွဲပါ။ သင်ခန်းစာလား ၊ ပစ္စည်းတွေကို မိတ်ဆက်ပေးမှာလား၊ ဒါမှမဟုတ်ရင် အခြားသော အကြောင်းအရာ တွေလား စသည်ဖြင့် အစီအစဉ်တွေ ရေးဆွဲပါ။
အဆင့်(၃) ယူကျုချန်နယ်တစ်ခု ဖွင့်ပါ။
တတိယအချက်အနေနဲ့ ယူကျုချန်နယ်တစ်ခုဖွင့်မယ်ဆိုရင်တော့ Gmail account တစ်ခုတော့ သေချာပေါက် ရှိရမှာဖြစ်ပါတယ်။ Gmail အကောင့်တစ်ခုရပြီဆိုရင်တော့ ယူကျုချန်နယ်တစ်ခု စဖွင့်လို့ရပါပြီ။ ချန်နယ်တစ်ခုဖွင့်ဖို့အတွက် လိုအပ်တဲ့ လိုဂိုတွေ၊ Background (banner)image တွေကို ကြိုတင်ပြင်ဆင်ထားရပါမယ်။
အဆင့်(၄) လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းရပါမယ်။
စတုတ္ထအချက်အနေနဲ့ကတော့ YouTuber လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းရမယ်ဆိုတဲ့ နေရာမှာ ဘာတွေလိုအပ်မလဲဆိုရင် ကင်မရာ၊ မိုက်ကရိုဖုန်း၊ တယ်လီဖုန်း၊ ဗွီဒိယိုတီးဖြတ်ဆော့ဝဲ၊ ကွန်ပျူတာ၊ စတဲ့လိုအပ်ချက်တွေဖြစ်ပါတယ်။ ကင်မရာဆိုတဲ့နေရာမှာတော့ ဒီနေ့ခေတ်မှာဆိုရင် smart phone တွေအသုံးပြုရုံမျှပင် အခြေခံစတင်မည့်သူများအတွက် လုံလောက်ပါတယ်။ အလင်းအမှောင်နဲ့ ပတ်သက်ပြီးလည်း လျှပ်စစ်မီးများကောင်းမွန်နေသည့်အတွက် အထူးပြောရန်မရှိပေ။ သို့သော် အဆင်ပြေသလို ဆောင်ရွက်နိုင်ပါသည်။
အဆင့်(၅) ဗီဒီယိုဖန်တီးခြင်းနှင့် တီးဖြတ်ခြင်း
ပဉ္စမအချက်အနေနဲ့ကတော့ ဗွီဒီယိုဖန်တီးတဲ့အခါမှာ ကြည့်ရှုသူတွေအဆင်ပြေစေဖို့အတွက် Adobe Premiere Pro, Final Cut Pro စတဲ့ ဆော့ဝဲတွေသုံးပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် စနစ်စကျ ဖန်တီးရပါမယ်။
အဆင့်(၆) သင့်ရဲ့ဗွီဒီယိုတွေကို အကောင်းဆုံးလုပ်ပါ။
သင့်ရဲ့ဖန်တီးမှုကို ဆွဲ‌ဆောင်မှုရှိစေဖို့အတွက် first impression လို့ခေါ်တဲ့ ခေါင်းစဉ်နဲ့ Video Thumbnails ကို သေချာဖန်တီး ပါ။ ခေါင်းစဉ်နဲ့ Video Thumbnails ဟာ လူကြည့်များခြင်း၊ စိတ်ဝင်စားခံရခြင်းမှာ အလွန်ကိုအရေးပါလှပါတယ်။ နောက်ပြီး Tags and Descriptions လို့ခေါ်တဲ့ Video နဲ့ ကိုက်ညီတဲ့ စာသားတွေကို အသေအချာဖော်ပြပေးပါ။
အဆင့်(၇) တိုးတက်အောင်လုပ်ပါ။
သင့်ရဲ့ ယူကျုချန်နယ်ကို လူကြည့်များဖို့နဲ့ တိုးတက်ဖို့အတွက်ဆိုရင် Facebook, TikTok, Instagram, Twitter စတဲ့ Platform တွေမှာပါ များများမျှဝေပေးပါ။ ကြည့်ရှုသူတွေရဲ့ like, comment, feedback တွေကို အသေအခြာ ပြန်လည်ဖြေကြားပေးခြင်း၊ reactions များပေးခြင်းတို့ကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အဆင့်(၈) အသေအချာလေး ဂရုစိုက်ပြီး ချန်နယ်ကို လေ့လာသုံးသပ်ပါ။
အဆင့်(၈)အနေနဲ့ကတော့ ကိုယ့်ရဲ့ ဖန်တီးမှုတွေမှာ ဘယ်အရာတွေကို လူတွေ အများဆုံးကြည့်သလဲ၊ ဘယ်အချိန်ဆိုရင် ကြည့်ရှုသူများလဲ။ နောက်ပြီး လူတွေက ကိုယ့်ဆီကနေ ဘယ်အရာတွေကို ပိုပြီး စိတ်ဝင်စားသလဲဆိုတာတွေကို အသေအချာ သုံးသပ်ပါ။ YouTube Analytics ကို အမြဲတမ်းကြည့်ပြီး လိုအပ်ချက်လေးတွေကို ပြင်ဆင်ပါ။
အဆင့်(၉) စိတ်ရှည်ရှည်နဲ့သာ ရှေ့ဆက်ပါ။
ဒီအချက်ကတော့ ကျနော်အကြိုက်ဆုံးအချက်ပါပဲ။ သူများကို မပြောခင်မှာ ကိုယ့်ကိုယ်ကိုပဲ ပြန်ပြော လိုက်ပါတယ်။ ဟဟ။ ဗွီဒီယိုတွေ ဖန်တီးမှုတွေကို အမြဲမပြတ်တင်ပါ။ ဒါမှသာ ကြည့်ရှုသူတွေနဲ့ စောင့်နေသူတွေအတွက် မျှော်လင့်ရကျိုးနပ်မှာပါ။ နောက်ပြီး ကိုယ့်ရဲ့ဖန်တီးမှုတွေလည်း ပိုပြီး တိုးတက်လာမှာပေါ့။
အဆင့်(၁၀) ငွေရှာခြင်းပါပဲ။
အားလုံးမျှော်နေကြတဲ့ ငွေရတယ်ဆိုတာကတော့ နောက်ဆုံးမှပါပဲ။ ဒီအတွက် YouTube Partner Program ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ဘာလိုအပ်သလဲဆိုရင်
အားလုံးပြောနေကြတဲ့ Subscribers 1000(1K) နဲ့ ကြည့်ရှုထားတဲ့ နာရီပေါင်း Watch hours (4000) လိုအပ်ပါတယ်။ နာရီပေါင်း (၄၀၀၀)ကတော့ တစ်နှစ်အတွင်းပါပဲနော်။
ဒါဆိုရင်တော့ ငွေရဖို့အတွက် YouTube Partner Program ကို စတင်ပြီးလျှောက်လို့ရပါပြီ။ YouTube Partner Program ရပြီဆိုရင်‌တော့ အခြားသော sponsorships, merchandise, and affiliate marketing စတာတွေကနေလည်း ဝင်ငွေတွေ ရရှိနိုင်မှာပါ။
ခင်ဗျားတို့ရဲ့ YouTuber ခရီး အမြန်ဆုံး နီးကြပါစေ။
မေတ္တာဖြင့်
လင်းအောင်
YouTube Channel ကိုလည်း Subscribe လုပ်သွားလို့ရပါတယ်ခင်ဗျာ။

15 - 0