Channel Avatar

Yan Naing @UCJEW90lXCBHrxTBdGN9tWmA@youtube.com

39.9K subscribers - no pronouns set

Music is a big part of my life. I love to do covers and orig


Yan Naing
2 months ago - 77 likes

ကျနော် ၂၀၂၁ ခုနှစ်မှာ Facebook account ကို deactivated လုပ်ခဲ့ပြီးကတည်းက
ဒီ YouTube channel ကလွဲပြီး Facebook, Tik Tok, Instagram, etc တခြား ဘယ်
social media platform မှာမှ သီချင်းတွေ မဆိုပါ/မတင်ပါ ခင်ဗျာ။ တကယ်လို့
Facebook, Tik Tok, Instagram နဲ့ အခြား platform တွေမှာ ကျနော့် နာမည်နဲ့
သီချင်းတွေတင် နေတာ တွေ့ခဲ့ရင် အဲဒီလူဟာ ကျနော် မဟုတ်ပါဘူး။ ကျနော့်ယောင်
ဟန်ဆောင်ပြီး လူတွေကို လိမ်လည်လှည့်ဖျားနေတဲ့ လူလိမ် လူကောက် တွေရဲ့
အကောင့် တုတွေသာဖြစ်ပါလိမ့်မယ်။ သတိထားကြပါခင်ဗျာ။
Tik Tok မှာ ကျနော့်နာမည်နဲ့ ကျနော့် သီချင်းဟောင်းတွေကို တင်ပြီး ဟန်ဆောင် လိမ်လည် နေတဲ့ account တွေရှိနေတယ်လို့လည်း ကြားရပါတယ်။
ဒီလိုလူတွေကြောင့် သီချင်းအသစ်တင်ဖို့ရာ စိတ်အနှောက်အယှက်လည်း အနည်းနဲ့အများတော့ ဖြစ်ရပါတယ်။
အချိန်တော်တော်ကြီးကြာမှ သီချင်း တစ်ပုဒ်တလေတင်တဲ့ ကျနော့်ကို အမြဲ အားပေး နားဆင်ပေးကြတဲ့ Youtube က မိတ်ဆွေအားလုံးကို ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Yan Naing
8 months ago - 27 likes

Please pick one for me :)