ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို Online Media Library အဖြစ် တင်ပြလာခဲ့သည်
ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဉာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။
ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPadနှင့် တချို့သော Mobile Device များပါ မကျန် တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။
သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်…