Channel Avatar

pu zaw yar @UCEl999o-hPpUVD2YxOzG5pQ@youtube.com

179K subscribers - no pronouns :c

ဘဝတွင် မသိ မဖြစ် သိထားသင့်သော ဗဟုသုတများကို နေ့စဉ် မျှဝေ တင်


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

pu zaw yar
Posted 5 days ago

" လူ့ဘဝကိုရောက်လာကြပြီ "

ဘာတွေယူသွားမလဲ ?

ဘယ်အရာတွေကို ထားခဲ့မလဲ ?

254 - 27

pu zaw yar
Posted 1 week ago

သိလိုရာ ဘာသာရေး ဗဟုသုတများကို
မေးခွန်းများစွာဖြင့် မေးမြန်းနိုင်ပါသည်။

မေးသူတစ်ယောက်စီတိုင်းရဲ့ မေးခွန်းများကို
သေချာစွာ ဗုဒ္ဓအတရားတော် နှင့်အညီ
အလှည့်ကျ ပြန်လည်ဖြေကြားပေးပါမည်။

puzawyar

465 - 78

pu zaw yar
Posted 3 weeks ago

" လူတိုင်းအတွက်‌ "

349 - 7

pu zaw yar
Posted 4 weeks ago

အိုင်းစတိုင်းက .....
ကျောက်သင်ပုန်းမှာ အခုလိုမျိုး ရေးခဲ့တယ် ။

9x1 = 09
9x2 = 18
9x3 = 27
9x4 = 36
9x5 = 45
9x6 = 54
9x7 = 63
9x8 = 72
9x9 = 81
9x10 = 91
ဒါကို ကျောင်းသားတွေ ထရယ်ကြပါလေရော ...။
သူ့လိုလူတစ်ယောက်က င်္သချာမှာ မှားရေးမိတာကိုး ။ 9 နဲ့ 10 နဲ့မြှောက်ရင် 90 ပဲ ဖြစ်ရမယ့်နေရာမှာ အိုင်းစတိုင်းက 91 လို့ ရေးထားတယ် ။

အိုင်းစတိုင်းကလည်း ရယ်နေတဲ့ ကလေးတွေ ရပ်သွားတဲ့အထိ စောင့်လိုက်ပြီးမှ စကားဆက်ပြောတယ် ...။

စာ ၁၀ ကြောင်း ရေးထားတယ် ၊ ပထမ (၉) ကြောင်းက မှန်ပေမယ့် ဘယ်သူမှ ငါ့ကို ဂုဏ်မပြုကြဘူး ၊ ဒါပေမဲ့ အမှားတစ်ကြောင်းအတွက် ငါ့ကို လှောင်ပြောင်ကြတယ် ၊ ဒါဟာ ဘာကိုရည်ညွှန်းသလဲဆိုရင် လူတွေဟာ ကျွန်တော်တို့ရဲ့ အမှန်တရားနဲ့ အားသာချက်ကို မြင်တာထက် ၊ အားနည်းချက်နဲ့ အမှားအတွက်ကိုပဲ ရွေးမြင်တတ်ကြလို့ပါပဲ တဲ့ ...။

ဒီဖြစ်ရပ်ကနေ သင်ခန်းစာ အများကြီးပေးသွားပါတယ် ။ ကျွန်တော်တို့ လူတွေဆိုတာ အမှားမကင်းနိုင်ပါဘူး ။

တစ်ချက်အမှား အတွက်နဲ့ လူတစ်ယောက်ကို မလဲပစ်လိုက်ပါနဲ့ ။ လူတော်တော်များများက သူတို့လည်း စင်းလုံးချော မကောင်းပေမဲ့ ကျွန်တော်တို့ကို အချိန်တိုင်း ပုံသေ စင်းလုံးချော ကောင်းစေချင်ကြတယ် ။ တစ်ခုခု အမှားလုပ်လိုက်တာနဲ့ သည်းခံ ခွင့်လွှတ် ပြုပြင်ပေးမယ့်အစား ၊ အပြစ်မြင် အပြစ်တင်ပြီး ရှောင်ထွက် စွန့်ခွါခြင်းလမ်းကိုသာ အများဆုံးက ရွေးချယ်သွားကြတယ် ...။

လူ့လောကမှာ နေထိုင်တဲ့အခါ ...
သင့်ရဲ့ အားနည်းချက်တစ်ခုအတွက်ကို လူတချို့က ဝေဖန် လှောင်ပြောင်တာမျိုး ခံရရင် ဒီစာပိုဒ်လေးကို သတိရလိုက်ပါ ။

တစ်နှစ်ပြီးတစ်နှစ် ...
အသက်ကြီးလာတဲ့အခါ ရင်ဘတ်ထဲမှာ
ရင့်ကျက်သထက် ရင့်ကျက်လာဖို့ လိုပါတယ် ။

လောကကြီးအကြောင်း ...
လူတွေအကြောင်း နဲ့ ကိုယ့်အကြောင်းကို ပိုသိလေ
လူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ရလေ ဖြစ်ပါတယ် ...။

လောကကြီးမှာ
ကိုယ်ကြီးပြင်ခဲ့ရတဲ့ ပတ်ဝန်းကျင် ..
ကိုယ်ရှင်သန် ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့
ရောက်ရှိနေတဲ့ အနေအထား မတူညီတဲ့အခါ
အမြင် ၊ ခံယူချက် နဲ့ လက်ခံမှုဆိုတာ ဘယ်တော့မှ မတူညီနိုင်ပါဘူး ...။

ဒါကြောင့်
နင်မှားတယ် ... သူမှားတယ်...
သူကောင်းတယ် ငါကောင်းတယ် ...
ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ငြင်းခုံ
လေကန်နေတာထက် ကိုယ်မှန်တယ် ထင်တဲ့အရာတွေ အနောက်ကို ဆက်လိုက်ပါ ...။

လူတွေကို အတတ်နိုင်ဆုံး မေတ္တာထားပါ ။
အတတ်နိုင်ဆုံး သည်းခံ ခွင့်လွှတ်ကြည့်ပါ ။
ဘယ်သူမှားမှား အတတ်နိုင်ဆုံး ပြိုင်မငြင်းပါနဲ့ ...။
တစ်ခါတရံ ကိုယ့်ဘက်က သည်းခံလိုက်လို့ ...
ငြိမ်အေးပြေလည်သွားတဲ့ အတ္တစစ်ပွဲတွေ အများကြီး ရှိလာပါလိမ့်မယ် ။

မေတ္တာဖြင့်ပြန်လည်မျှဝေသည်

750 - 28

pu zaw yar
Posted 1 month ago

ကိုရင်လေးတစ်ပါး ပျံတော်မူတဲ့ ကိစ္စ
‌ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနဲ့ အကူညီတောင်းထားပါတယ်
ဘယ်ကဘယ်လိုဖြစ်တယ် မသိပေမယ့်
မရိုးသားတဲ့ ကိစ္စမို့ အခုလို အကူညီတောင်းတာလို့
ထင်ပါတယ်ဗျ သိတဲ့သူများ ဝိုင်းဝန်းစုံစမ်းပေးကြပါအုံး🙏

593 - 34

pu zaw yar
Posted 1 month ago

တစ်ရက်ကို ဆွမ်းတစ်နပ်ပဲ ကလေးတွေကိုစားရတယ်ဟု
ပြောထားပါသော ဆရာလေး မိမိပြောစကားများအား
မိမိဘာသာ တာဝန်ယူရပါမည်။

သံဃာ့အသိုင်းအဝန်းမှ ရဟန်း သံဃာအများစု
ပြောဆိုကုန်ကြပြီဟု သိရပါတယ်။

ဒီနေ့ ည ဒီကိစ္စကို ရှင်းပါမည်
မယ်သီလော မယ်သီလံဆိုရင်တော့
အားနာနေမည် မဟုတ်ပါ။

ကျွန်ုပ်လည်း ဒီ Interview ကြောင့်
ကလေးတွေကို သနားလို့ တဆင့်လှူထားပါသည်။

258 - 14

pu zaw yar
Posted 1 month ago

နိုင်ငံတဝှမ်း ဆယ်လီ ဆယ့်တစ်လီ media ပေါင်းများစွာရှိသော်လည်း ရေဘေးကို ကူညီဖေးမ ‌လှူဒါန်းမှုများ တစ်စုံတစ်ခုမှ
မတွေ့ရပေ အာကိုးရသော ဘာမဏ္ဌိုင်ကြီးပါလိမ့်.....။

516 - 25

pu zaw yar
Posted 1 month ago

ကျွန်တော်သိတဲ့ အောက်တန်းစားဟူသည်
ဘဝချင်း ယှဉ်လာရင် ၊သူများနေသလို မနေရ
သူများစားသလို မစားနိုင်၊ သူများ‌နဲ့ယှဉ်ရင်
အရာရာမှာ နိမ့်ကျနေသော ဘဝမျိူးကို
အောက်တန်းစားဟု ကျွန်တော်တော့ မထင်မိပါ။

ကျွန်တော်ထင်မိသည်က မိမိကိုယ်တိုင်ကလည်း
စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျသလို
မိမိပတ်ဝန်းကျင် အနားကလူတွေကိုလည်း
မိမိကဲ့သို့ နိမ့်ကျစေချင်သော စိတ်ရှိသည်။

မိမိဆင်းရဲသလို မိမိအနားကလူတွေကိုလည်း
ချမ်းသာသွား အောင်မြင်သွားမှာမို့
အလွန်စိုးရိမ်စိတ်ရှိသည်။

ထို့ကြောင့်လည်း ၎င်းစိတ်ဓာတ်ပိုင်ရှင်များသည်
အောက်တန်းမှာပဲနေပြီး စားရသောက်ရတဲ့ ဘဝတွေနဲ့
တစ်သက်လုံး " ကြိုးစားလည်း မထူးပါဘူးကွာ ကံကဒီလောက်ပဲ ပေးတာကိုး " ဟုငြီးတွားပြီး မျောက်ထိုင်‌ထိုင် ခွေးမှိုင်မှိုင်နေရင်း။

‌နောက်ဆုံးတွင် မိမိသားသမီးများသည်လည်း
မိမိလို ဘဝဖြင့်ပင် ၊ မိမိထက် နိမ့်ကျသော ဘဝဖြင့်ပင်
အရိုးထုတ်ကြရတော့သည်။

ဤစာပိုဒ်များဖြင့် ကျွန်ုပ်၏ ဆိုလိုရင်းကား

ရှေ့က Community တွင် ကျွန်တော်တင်ခဲ့သော
ပိုစ့်ကို မနာလို မရှုစိတ်ဖြင့် တိုက်ခိုက်သော
Comment များအတွက် မဟုတ်ပေ။

ကြိုးစားလျှင် ဘုရားပင် ဖြစ်နိုင်သော ယောကျာ်းဘဝကို
ရထားသူများဖြစ်ပါလျှက် ဘဝကို အိပ် စား ကာမ လိုက်စားရင်း
အချိန်ကုန်နေသူများ မဖြစ်ဖို့ အထူးလိုအပ်ပါတယ်။

ဒီခေတ် ဒီကာလတွင် စီးပွားရေး သမားတိုင်းနီးပါးက
မိမိ တို့ရရှိထားတဲ့ အခွင့်အလမ်းတွေကို သူတစ်ပါးကို
ချပြပြီး " ရော့ မင်းလည်းစား " ဆိုတာမျိုး
မရှိသလောက်ပင်ရှားနေပြီ ဖြစ်ပါတယ်။

ဘာကြောင့်ဆို ကျွန်တော်ကိုယ်တိုင်လည်း
စီးပွားရေးသမားတစ်ယောက်ဖြစ်လို့ ကောင်းစွာသိပါတယ်။

ကျွန်တော်ဟာ YouTubers တစ်ယောက် မဟုတ်ပါ
စီးပွားရေးသမားတစ်ယောက်ပါ၊ ဒါကြောင့် ခေတ်ကာလ
အချေနေမှာ လူတိုင်းခက်ခဲနေကြတာကြောင့် မိမိတက်နိုင်သော
အပိုင်းနဲ့ ကူညီပေးလိုသော ဆန္ဒအပြင် ဘာမှမရှိပေ။

ရေးထားသည့် ပိုစ့်ကိုပြန်ဖတ်ကြည့်ပါ
လိုရင်းတိုရှင်းအပြင် ဘာတစ်ခုမှ ပဏာရအောင်ရေးမထားပေ။

ဒါကြောင့် ကြိုက်ရင် လုပ် မကြိုက်ရင် မလုပ်နဲ့
ကျွန်တော်ကိုယုံလို့ လာလုပ်ပြီး ဆုံးရှုံးရင်
ကျွန်တော့်မှာ တာဝန်ရှိတယ် ကျွန်တော် 100%
တာဝန်ယူမယ် ။ ဒီလောက်ပဲ ကျန်တာကတော့ ကိုယ့်အတွေးက
ကိုယ့် ဘဝရဲ့ Level ဆိုတာ နားလည်မှာပါ။

ပူဇော်ရာ

367 - 34

pu zaw yar
Posted 1 month ago

Edit ( ပိတ်ပါပြီ )

လက်ထဲ ငွေကိုင်ထားပြီး ထိုင်စားနေယုံဆိုရင်
ကျွန်တော်နဲ့အတူ စီးပွားရေးလုပ်ကြည့်ပါ
ဆုံးရှုံးမှုမရှိ 100% အာမခံပါတယ် ။

ယုံကြည်မှလာပါ ဝူရှုးဝါးတွေ မလာပါနဲ့
ဒါက ဒုတိယအကြိမ် ထပ်ခေါ်ခြင်းပါ။

Ph , deleted

စိတ်ချသေချာတဲ့ စီးပွားရေးမျိုးမှာ ရင်းနှီးမြုပ်နှံမှု
လုပ်ပေးမှာမို့ ၊ ငွေကြိုက်မှလာပါ။

ဒီလောက်ပါပဲ ။

303 - 54

pu zaw yar
Posted 1 month ago

စစ်ဘေးရှောင် ဒုက္ခရောက်နေသူများကို
အိမ်လခ တွေအမြတ်မထုတ်ကြပဲ ။

တက်နိုင်တဲ့ဘက်က ကူညီပေးကြပါလို့
မေတ္တာရပ်ခံပါတယ်ခင်ဗျ။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ
နေရာသစ် ပတ်ဝန်းကျင်အသစ်မှာ
သူတို့ပိုပြီး ဒုက္ခရောက်ကြပါလိမ့်မယ်။

မြို့ခံ နယ်ခံတွေက တက်နိုင်တဲ့အပိုင်းဆိုရင်
ကူညီဖေးမပေးကြပါ။

ပူဇော်ရာ

846 - 26