Channel Avatar

Khant Hmoo TV @UCDrzM1hUcT8OC62PQ4bLOUw@youtube.com

4.9K subscribers - no pronouns :c

한국에 사는 미얀마 남자 🇲🇲 🇰🇷


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Khant Hmoo TV
Posted 5 months ago

၆၂၊ မိုးရေလမ်းမှာ မောင်းနှင်စဉ် ရှေ့ကားက ရပ်နေတာကိုမြင်ပြီး ဘရိတ်အုပ်တဲ့အခါ ဖြစ်ပွားတဲ့ ပုံစံအဖြစ် (မမှန်သော) အရာ ၂ခု?

အဖြေ :
၂၊ မြေပြင်ရဲ့ ပွတ်တိုက်မှုအား လျော့နည်းသောကြောင့် မိုးရေလမ်းမှာကတော့ (공주거리) ဘရိတ်အုပ်ပြီးနောက် ဘရိတ် အလုပ် မလုပ်ခင်အထိ အရွေ့ (အကွာအဝေး) က ပို၍ ရှည်ကြာသွားပါတယ်။

၄၊ ကားတာယာရဲ့ (마모율) ရေဝတ်နှုန်း များလေလေ (제동거리) ဘရိတ် အလုပ် လုပ်ပြီးနောက် လုံးဝရပ်တန့်သွားတဲ့အထိ အရွေ့ (အကွာအဝေး) က တိုးတောင်လေလေ ဖြစ်ပါတယ်။

*(공주거리) ဘရိတ်အုပ်ပြီးနောက် ဘရိတ် အလုပ် မလုပ်ခင်အထိ အရွေ့ (အကွာအဝေး)

*(제동거리) ဘရိတ် အလုပ် လုပ်ပြီးနောက် လုံးဝရပ်တန့်သွားတဲ့အထိ အရွေ့ (အကွာအဝေး)

6 - 0

Khant Hmoo TV
Posted 10 months ago

ဒီပုံက မေးခွန်းအသစ်ဖြစ်ပါတယ်၊ အောက်က အဖြေ ၄ ခုအထဲကနေ မှန်ကန်တဲ့ ရှင်းပြချက် တစ်ခုကို ရွေးရမှာ ဖြစ်ပါတယ်။

အဖြေမှန် = နံပါတ် ၂၊ မော်တော်ယာဉ် သီးသန့်လမ်းဖြစ်ခြင်းကို ဖော်ပြသော(အသိပေးသော) ဆိုင်းဘုတ် (အမှတ်အသား) ဖြစ်ပါတယ်။

(자동차 전용도로 표지) ၈ ထောင့်ပုံနဲ့ အဖြူနောက်ခံ အလယ်မှာ အပြာရောင် ဂဏန်း၊ အဲဒီ ဂဏန်းအပေါ်မှာ အနီရောင် ဘားနဲ့ လာပါတယ်၊ အထဲက ဂဏန်းဟာ မြို့နယ်ဒေသတွေ အပေါ်မူတည်ပြီး အပြောင်းအလဲရှိတက်ပါတယ်။

‪@khanthmootv‬

18 - 4

Khant Hmoo TV
Posted 1 year ago

၁၄၇၊ ယာဉ်မောင်းက လမ်းဘေးလူသွားလမ်းကို ဖြတ်ပြီး အဆောက်အဦး စသဖြင့်ကို ဝင်ရောက်ဖို့ လုပ်ပါတယ်။ ယာဉ်မောင်းက လုပ်ဆောင်ရမယ့် အစဉ်လိုက်ဖြင့် မှန်တဲ့အရာ?

၃၊ အချက်ပြမီး - ခဏရပ် - ဘယ်•ညာကြည့် - ဖြည်းဖြည်းဝင်သွား

#khanthmoo

0 - 0

Khant Hmoo TV
Posted 1 year ago

၁၄၆၊ ရထားလမ်းကို ဖြတ်သန်းရင်းနဲ့ ပျက်သွားသဖြင့် ရထားလမ်းအလယ်မှာ ကားမမောင်းနိုင်တဲ့အခါ ယာဉ်မောင်းရဲ့ လုပ်ဆောင်ချက်ဖြင့် မမှန်(မှား)တဲ့အရာ?

၄၊ ကားပျက်တဲ့ အကြောင်းအရင်းကို စစ်ဆေးရမည်။

2 - 0

Khant Hmoo TV
Posted 1 year ago

၁၄၂၊ ယာဉ်လမ်းစည်းကမ်းဥပဒေအရ လမ်းမမှာ ၁၃ နှစ်အောက် ခလေးက ( ) ကိုစီးနေတဲ့အခါ ခလေးရဲ့အန္ဒရာယ်ကင်းဖို့အတွက် အသက်ကာကွယ်ရေးကရိယာကို တပ်ဆင်ရမယ်။ ( ) မှာ မပါဝင်တဲ့အရာ?

၂၊ ဘေးဘယ်ညာ တစ်ဘီးစီးပါတဲ့ မော်တာစကိတ်

1 - 0

Khant Hmoo TV
Posted 1 year ago

၁၄၁၊ ယာဉ်လမ်းစည်းကမ်းဥပဒေအရ ယာဉ်မောင်းကတော့ လမ်းဘေး အဆောက်အဦး (သို့) ကားပါကင် စသဖြင့်မှ လမ်းမကို ဝင်တဲ့အခါ ( ) လုပ်ပြီးနောက် အန္ဒရာယ်ကို စစ်ဆေးရင်းနဲ့ ( ) လုပ်ရမယ်။ ( ) ထဲမှ မှန်တဲ့အရာ?

၃၊ အရင်ဆုံး ရပ်၊ ဖြည်းဖြည်းမောင်း

3 - 0

Khant Hmoo TV
Posted 1 year ago

၁၃၆၊ ယာဉ်လမ်းစည်းကမ်းဥပဒေအရ ယာဉ်လမ်းမရှင်းထားသော လမ်းဆုံးကို ဝင်ရောက်တဲ့ ယာဉ်မောင်းရဲ့ ဦးစားပေးမောင်းနှင်မှု သက်မှတ်ချက်ဖြင့် မှန်တဲ့အရာ?

၃၊ လမ်းဆုံးမှာ ဘယ်ကွေ့ဖို့လုပ်တဲ့ ယာဉ်ကတော့ အဲဒီ လမ်းဆုံးမှာ ညာဘက်ကွေဖို့လုပ်တဲ့ ယာဉ်ကို လမ်းကြောင်း ဦးစားပေးမယ်။

0 - 0

Khant Hmoo TV
Posted 1 year ago

၁၂၄၊ ယာဉ်မောင်းက လမ်းအလယ်မျဉ်း ကျူကျော်မှုကို ခဏခဏပြုလုပ်ပြီး သူတစ်ပါးကို ဒုက္ခပေးခြင်း (သို့) ယာဉ်လမ်းကို အန္ဒရာယ်ဖြစ်စေးသော အပြုအမှုကတော့ ယာဉ်လမ်းစည်းကမ်းဥပဒေအရ ( ) မှာပါဝင်သည်။ ( ) ထဲမှ မှန်တဲ့အရာ?

၂၊ မဆင်မခြင်မောင်းနှင်ခြင်း

0 - 0

Khant Hmoo TV
Posted 1 year ago

၁၂၂၊ လမ်းမှာ အင်ဂျင်ပါဝါ ၁၂၅ အောက်ဆိုင်ကယ်ကို မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းကို တွေ့တဲ့အခါ အမှန်ကန်ဆုံး ဖြေရှင်းနည်းလမ်းကတော့?

၃၊ ဗီဒီယို စသဖြင့် လက်တွေ့ကျတဲ့ သက်သေအချက်အလက်ကို လုံခြုံအောင်ထားပြီး ရဲစခန်းမှာ တိုင်ကြားပါ။

3 - 0

Khant Hmoo TV
Posted 1 year ago

၁၂၁၊ အဝေးပြေးလမ်း မောင်းနေစဉ် ယာဉ်ပေါ်ပါ ကုန်ပစွည်းက မောင်းနေတဲ့ ကားလမ်းမပေါ် ပြုတ်ကျတဲ့အခါ ယာဉ်မောင်းရဲ့ လုပ်ဆောင်ချက်ဖြင့် မမှန်(မှား)တဲ့ အရာ?

၄၊ ကုန်တင်ပစွည်းကို ပြုတ်ကျအောင်လုပ်တဲ့ ယာဉ်မောင်းကို လက်တုံ့ပြန်မောင်းပါ။

0 - 0