in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c
လူဆိုတာ….
စိုက်သည့်အတိုင်းရိတ်
ဒေါသကို နေမဝင်စေနဲ့တဲ့ ငယ်ငယ်က အမေ မှာနေကျစကား နှစ်ခွန်းဆိုလည်း မမှားပါဘူး။
လူတွေက ဒေါသ မာနတွေကြောင့်ပဲ negative ဘက်ကို အမြဲ ဦးတည်တတ်ကြတယ်။ ဒေါသတွေကို ကိုယ်ကိုယ်တိုင်က လက်ကိုင်ထားမှ ကိုယ့်အထဲကနေ negative energy တွေထွက်ပြီး တစ်ခြားလူကို ထပ်ပြီး စိတ်ညစ်စရာ စိတ်ပျက်စရာတွေ ဒေါသတွေက တစ်ဆင့် ကူးစက်တတ်ကြတယ်။
လူမှန်ရင်တော့ ကိုယ်စိုက်တဲ့ မျိုးစေ့အတိုင်း တစ်ဖန်အပင်ပေါက်လာတဲ့အခါ ပြန်ရိတ်ကြတဲ့ အမျိုးကြီးပဲမဟုတ်လား။ ပြသနာဆိုတာက ရှောင်လွှဲလို့ရတဲ့ အထဲ မပါခဲ့ဘူး။ ကိုယ်ကိုယ်တိုင် ရင်ဆိုင် ကျော်ဖြတ်မှ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ lifestyle ဘဝမျိုးကို ပိုင်ဆိုင်ကြတာမျိုးပဲ။ ကိုယ့်မှာ negative တွေအရမ်းများနေရင် လျှော့ချလိုက်တာက ဘေးလူရော ကိုယ့်အတွက်ပါ အကောင်းဆုံး အရာ တစ်ခုပဲမဟုတ်လား။
နောက်တစ်ခုက အမြတ်ကိုနေမဝင်စေနဲ့တဲ့။ တနည်းအားဖြင့် အမြက်ဒေါသဟာ ကြီးလေလေ ကိုယ်အတွက် အားအင် လျှော့လေလေပါပဲ။ ကိုယ့်ရှီမှာပျော်ရွှင်တဲ့ positive energy တွေများ လေလေ သင့်ပတ်ဝန်ကျင်ကလည်း သင်နဲ့ အတူ အချိန်တွေကို ကုန်ဆုံးချင်လေလေပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း အမြတ်ဒေါသကိုဘယ်တော့မှ နေမဝင်စေ နောက်တစ်ရက် မကူးစေအောင် အမြဲ သတိထားပြီး နေနေတတ်တယ်။ ဒါကလည်း ကမ္ဘာကြီးမှာ ရှင်သန်ဖို့အတွက် ကောင်းသော ရွေးချယ်မှုထဲက တစ်ပဲ မဟုတ်လား။
#angelineselfhealingsession
3 - 0
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ
Self love doesn’t mean selfish. ကိုယ့်ကိုယ်ချစ်တတ်တာဟာ တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုးလို့မဆိုလိုနိုင်ပါဘူး။ ကိုယ့်ကိုယ်မချစ်တတ်သူဟာ အရာရာမှာ ရှုံးနိမ့်တတ်တယ်။ လူတစ်ယောက် ကိုယ့်ထဲမှာ ချစ်ခြင်းမေတ္တာမရှိဘူးဆိုရင် တခြားလူအပေါ် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ မျှဝေလို့မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့အခါ အရာရာ အဆင်ပြေလာသလို လောကကြီးနဲ့ ဆက်သွယ်တဲ့အခါမှာလည်း အရှုံးပဲရရ အမြတ်ပဲရရ အမြဲပြုံးပျော်နေထိုင်တတ်သွားတတ်ကြတယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မညှာတမ်း သိဖို့တော့ လိုအပ်အုံးမယ်။ ဒုတိယအနေကတော့ ကိုယ့်ရဲ့ ကောင်း၏ ဆိုး၏ကို သိရှိနားလည်ပြီးနောက် လက်ခံတတ်မှ ကိုယ့်ကိုယ်ကိုယ်ချစ်ပေးနိုင်ကြမှာလေ။ လူတော်တော်များများက ပထမအဆင့်နဲ့ပဲ ရပ်သွားကြတယ်။ ဒုတိယအဆင့် ကိုယ့်ကိုယ်ကို လက်ခံတတ်ခြင်းက ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း တစ်မျိုးပါပဲ။ အဲ့အဆင့်ကို သင်ကျော်နိုင်ပြီဆို ဘဝရဲ့ ရှင်သန်မှုတိုင်းက အဓိပ္ပါယ် စရှိလို့ လာတတ်တယ်။
ကယ်… ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သွားတော့ အရာရာဟာ အဆင်ပြေသွားကြပြီမို့လား။ အရာရာအဆင်ပြေတယ်ဆိုတဲ့အထဲမှာ မိမိ၏ မိသားစု ချစ်သူ ဆွေမျိုး သူငယ်ချင်း အလုပ် အကုန် ပါသတဲ့ရှင်။ မိမိကိုယ်ကိုယ်မချစ်တတ်ပဲ သူများ သားသမီးကို ချစ်ခြင်းမေတ္တာ သွားပေးမိတဲ့အခါ နှစ်ဖက်လုံး နစ်နာခဲ့ရတာကိုရော ပြန် မြင်ရောင် မိကြတယ်မလား။
#miles #relationshit
#angelineselfhealingsession
3 - 1
ဘဝမှာလေ ကိုယ့်ဘက်က responsibility အပြည့်ယူတတ်တဲ့ အမေကနေမွေးဖွားခဲ့တော့ ကိုယ်ကိုယ်တိုင်ကလည်း သူများအပေါ် အလုပ်အကြွေး ကျေးဇူးအကြွေး အသက်ရှင်ခဲ့သမျှ ကြာကြာအတင်မခံရလေအောင် တစ်သက်လုံး ကြိုးစားပြီး relationship ကိုတည်ဆောက်လာခဲ့တယ်။
ဒါပေမယ့်လည်း လောကကြီးက တအား ရီရတယ်လို့ဆိုရတာပေါ့….
ဘယ်အရာဖြစ်ဖြစ် သူတို့ကျွန်မအပေါ်ကျေးဇူး အတင်ခံရတဲ့သူတွေနဲ့ပဲပေးတွေ့ခဲ့တာ
သူတို့ကိုမေးချင်တာကလေ နင်တို့ဒီတစ်သက် အဲ့ကျေးဇူးတရားကို မဆပ်ပဲ အသက်ရှင်ကျန်တော့မှာလား
ကျေးဇူးတရားက တစ်နည်းမဟုတ်လည်း တစ်နည်းအားဖြင့် ပြန်ကျေပေးလည်း ရပါတယ် လူတွေရယ်
တစ်သက်လုံး သူများအပေါ် ကျေးဇူး အတင်မခံနိုင်သလို
ကျေးဇူးရှင်လည်း မဖြစ်ချင်ပါဘူး
ပေးကမ်းနိုင်တဲ့ လက်တစ်စုံ ဖြစ်တာနဲ့တင် ကျေနပ်ရပါတယ် လူတွေရယ် 🤍💫
#angelineselfhealingsession
1 - 0
Put God at the center of everything.