Channel Avatar

Ko Pauk @UC5wlIyBLwFo457Fst26Touw@youtube.com

287K subscribers - no pronouns :c

Official Ko Pauk Youtube Channel


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Ko Pauk
Posted 1 year ago

ကျွန်တော့်ရဲ့ မဆလ ခေတ် ရင်ဖွင့်သံ Video လေးကို July 5 ရက်နေ့ ညနေ ၆း၃၀ အချိန် ကျွန်တော့်ရဲ့ YouTube Channel ( youtube.com/@directorkopaukofficial ) ကနေ တင်ဆက်‌ပေးသွားမှာ ဖြစ်တာကြောင့် ကျွန်တော့်ရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးဖို့ Channel လေးကို Subscribe မလုပ်ရသေးရင် လြပ်ထားကြဖို့ မေတ္တာရပ်ခံပါတယ်။

ကျွန်တော့်ရဲ့ YouTube Channel မှ ရရှိတဲ့ ဝင်ငွေရဲ့ (၉၀) ရာခိုင်နှုန်းကို စစ်ဘေးရှောင်ပြည်သူများနှင့် တောင်ပေါ်ဒေသ ပညာရေးလိုအပ်ချက်ရှိသော နေရာများကို လှူဒါန်းပေးလျှက် ရှိတာကြောင့် ကျွန်တော့် ပရိတ်သတ်တွေရဲ့ ကြည့်ရှုမှုတွေဟာ အထောက်အပံ့ ဖြစ်တာမို့ အမြဲဝင်ရောက် ကြည့်ရှုပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

(ဝင်ရောက် ကြည့်ရှုပေးတဲ့အခါမှာလည်း VPN ခံ၍ ဝင်ကြည့်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ YouTube ဟာ မြန်မာနိုင်ငံကို ပိတ်ထားတာကြောင့် VPN မခံပဲ ကြည့်ရှုတဲ့အခါ Channel ရဲ့ဝင်ငွေ နည်းပါးလွန်းတာကြောင့် VPN ခံပြီးကြည့်ရှုပေးကြဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ VPN ခံတဲ့အခါ US အမေရိက၊ Canada ကနေဒါ၊ Norway နော်ဝေ၊ Denmark ဒိန်းမတ် စတဲ့ နိုင်ငံတွေကို ရွေးချယ်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်ခင်ဗျာ။)

ကျွန်တော့် ပရိတ်သတ်အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စစ်အာဏာရှင် လက်အောက်မှ အမြန်ဆုံး လွတ်ကင်းပါစေ‌ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

အောက်က Channel Link ၃ ခုမှာ နောက်ဆုံးတစ်ခုက ကျွန်တော့် Channel Link ဖြစ်ပြီး အပေါ်နှစ်ခုကတော့ ကျွန်တော့်မိတ်ဆွေ တောထဲက ညီလေးရဲ့ Channel လေးတွေပါ အဲ့ Channel ၂ခုကိုလည်း Subscribe လုပ်ပေးကြပါဦး တောတောင်သဘာဝ ရှုခင်းတွေ နဲ့ ဗဟုသုတတွေ Share ပေးရင်း ကျွန်တော့်လိုပဲ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ပညာရေးအတွက် ကူညီချင်ပါတယ်ဆိုလို့ ကျွန်တော့် Channel ကနေ ထည့်ကြော်ငြာပေးတာပါ။ .

youtube.com/@traveltonaturecandle
youtube.com/@KnowledgebyCaNDLE
youtube.com/@directorkopaukofficial



#silveraward
#youtube
#aungsansuukyi
#ဒါရိုက်တာကိုပေါက်
#theroadnottaken

4K - 51

Ko Pauk
Posted 1 year ago

ကျွန်တော့်ရဲ့ မသောက်မိသော မိုးခါးရေ ဇာတ်ကားကို ယခု YouTube Channel ကနေပြီးတော့ နေ့စဉ် မြန်မာစံတော်ချိန်ညနေ (၆) နာရီခွဲတိတိတွင် တစ်ပိုင်းနှုန်းဖြင့် (၆) ပိုင်းခွဲပြီး ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် ယခင် ကြည့်ရှုအားပေးပြီးတဲ့ ကျွန်တော့် ပရိတ်သတ်တွေရော မကြည့်ရှုရသေးတဲ့ ပရိတ်သတ်တွေအနေနဲ့ရော ဝင်ရောက်ကြည့်ရှု အားပေးကြပါဦးခင်ဗျာ။

ကျွန်တော့်ရဲ့ YouTube Channel မှ ရရှိတဲ့ ဝင်ငွေရဲ့ (၉၀) ရာခိုင်နှုန်းကို စစ်ဘေးရှောင်ပြည်သူများနှင့် တောင်ပေါ်ဒေသ ပညာရေးလိုအပ်ချက်ရှိသော နေရာများကို လှူဒါန်းပေးလျက် ရှိတာကြောင့် ကျွန်တော့် ပရိတ်သတ်တွေရဲ့ ကြည့်ရှုမှုတွေဟာ အထောက်အပံ့ ဖြစ်တာမို့ အမြဲဝင်ရောက် ကြည့်ရှုပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

(ဝင်ရောက် ကြည့်ရှုပေးတဲ့အခါမှာလည်း VPN ခံ၍ ဝင်ကြည့်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ YouTube ဟာ မြန်မာနိုင်ငံကို ပိတ်ထားတာကြောင့် VPN မခံပဲ ကြည့်ရှုတဲ့အခါ Channel ရဲ့ဝင်ငွေ နည်းပါးလွန်းတာမို့လို့ VPN ခံပြီးကြည့်ရှုပေးကြဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ VPN ခံတဲ့အခါ US အမေရိက၊ Canada ကနေဒါ၊ Norway နော်ဝေ၊ Denmark ဒိန်းမတ် စတဲ့ နိုင်ငံတွေကို ရွေးချယ်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ )

ကျွန်တော့် ပရိတ်သတ်အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စစ်အာဏာရှင် လက်အောက်မှ အမြန်ဆုံး လွတ်ကင်းပါစေ‌ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

#ဒါရိုက်တာကိုပေါက်

7.8K - 157