Channel Avatar

Dhamma Buddha @UC5V6aNTBI1_mT8pilj9q9Lg@youtube.com

34K subscribers - no pronouns :c

ဓမ္မမိတ်ဆွေများအားလုံး ကျေးဇူးရှင်ဆရာတော်ကြီးများ၏တရားများကိ


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Dhamma Buddha
Posted 12 hours ago

ပဋ္ဌာန်းပါဠိတော် ၇ရက်သားသမီးမေတ္တာပို့ 🙏
https://youtu.be/ojyBWS25EeE

3 - 0

Dhamma Buddha
Posted 13 hours ago

ခန္ဓာငါးပါး ဝိပဿနာရှုရန်
၁။
ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊
မြင့်ရှည် ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏။
ဖြစ်ပျက် နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။
ပညာစက္ခု၊ မြော်ထောက်ရှုသော်၊
သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ အနတ္တာ၊ မှန်လှစွာ၏။
ငါ,ငါ့ဥစ္စာ၊ ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမျှ၊ မဟုတ်ကြသည်။
ဓမ္မသက်သက်ပါတကား ... ။
၂။
ဝေဒနာမည်၊ ခန္ဓာသည်လည်း၊
မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏။
ဖြစ်ပျက် နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။
ပညာစက္ခု၊ မြော်ထောက်ရှုသော်၊
သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ အနတ္တာ၊ မှန်လှစွာ၏။
ငါ,ငါ့ဥစ္စာ၊ ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမျှ၊ မဟုတ်ကြသည်။
ဓမ္မသက်သက်ပါတကား ... ။
၃။
သညာတွင်မည်၊ ခန္ဓာသည်လည်း၊
မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏။
ဖြစ်ပျက် နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။
ပညာစက္ခု၊ မြော်ထောက်ရှုသော်၊
သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ အနတ္တာ၊ မှန်လှစွာ၏။
ငါ,ငါ့ဥစ္စာ၊ ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမျှ၊ မဟုတ်ကြသည်။
ဓမ္မသက်သက်ပါတကား ... ။
၄။
သင်္ခါရမည်၊ ခန္ဓာသည်လည်း၊
မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏။
ဖြစ်ပျက် နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။
ပညာစက္ခု၊ မြော်ထောက်ရှုသော်၊
သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ အနတ္တာ၊ မှန်လှစွာ၏။
ငါ,ငါ့ဥစ္စာ၊ ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမျှ၊ မဟုတ်ကြသည်။
ဓမ္မသက်သက်ပါတကား ... ။
၅။
ဝိညာဏ်ခြောက်မည်၊ ခန္ဓာသည်လည်း၊
မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏။@
ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမာ၊ နှစ်မပါဘူး။
ပညာစက္ခု၊ မြော်ထောက်ရှုသော်၊
သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ အနတ္တာ၊ မှန်လှစွာ၏။
ငါ,ငါ့ဥစ္စာ၊ ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမျှ၊ မဟုတ်ကြသည်။
ဓမ္မသက်သက်ပါတကား ... ။
(မင်းကွန်းဆရာတော်ဘုရားကြီး)

#မူရင်းမျှဝေသူကိုCrdပေးပါသည်။
ဒါနထည်းတွင် ဓမ္မ ဒါနသည်
အမြတ်ဆုံးသော ဒါနဖြစ်ပေသည်။ 🙏

281 - 10

Dhamma Buddha
Posted 1 day ago

ပရိတ်ကြီး(၁၁)သုတ် 🙏
- ဖားအောက်ဆရာတော်
https://youtu.be/_mmoIWYEdSU

7 - 0

Dhamma Buddha
Posted 1 day ago

#အခိုက်အတန့်_ကို_ထာဝရလို့မှတ်နေရင်
➖➖➖➖➖➖➖➖➖➖➖➖➖
လောကမှာ
အရာအားလုံးဟာအခိုက်အတန့်တွေပါပဲ
ပျော်ရွှင် ကြည်နူးရတာလည်း အခိုက်အတန့်

ဝမ်းနည်း ကြေကွဲရတာလည်း အခိုက်အတန့်
စွဲလမ်းတပ်မက်ဖွယ်
အရာတွေဟာလည်းအခိုက်အတန့်

ထိတ်လန့်တုန်လှုပ်စရာတွေဟာလည်း
အခိုက်အတန့်တွေပါပဲနော်

ပိုင်ဆိုင်ရချိန်
ကြည်နူးစိတ်ပျံ့ခြင်းတွေဟာလည်း အခိုက်အတန့်

ဆုံးရှုံးရချိန်
ပူဆွေးငိုကြွေးခြင်းတွေဟာလည်းအခိုက်အတန့်

လူတွေဟာ
အခိုက်အတန့်ကို ထာဝရလို့ မှတ်နေလို့သာ
ဘယ်အရာကိုမှ မလွှတ်ချချင် ဖြစ်နေကြတာ

စွဲလမ်း တပ်မက်နေကြတာ
ခိုက်ရန် ဖြစ်နေကြတာ

တကယ်တမ်းတော့ အရာရာရာဟာ
အခိုက်တန့်တွေပါပဲလို့
နားလည်သဘောပေါက်နိုင်မယ် ဆိုရင်

ကြည်နူးရလည်း ကျေနပ်တယ်
ကြေကွဲရလည်း ကျေနပ်လိမ့်မယ်
အရာရာဟာ အခိုက်အတန့်ပါပဲ

#မူရင်းမျှဝေသူကိုCrdပေးပါသည်။
ဒါနထည်းတွင် ဓမ္မ ဒါနသည်
အမြတ်ဆုံးသော ဒါနဖြစ်ပေသည်။ 🙏

291 - 10

Dhamma Buddha
Posted 2 days ago

ဓမ္မစကြာ ပါဠိတော် 🙏
- ရွှေဆံနွယ်ဆရာတော်
https://youtu.be/jYO4NFjnRTU

19 - 0

Dhamma Buddha
Posted 2 days ago

🍁🌹 မိတ်ဆွေကောင်းရှိအောင် ဘယ်လို လုပ်မလဲ🍁🌹
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷

အတ္တမှီ - အမှုကိစ္စသည်၊ ဇာတ-
ဖြစ်သည်ရှိသော်၊ သဟာယာ-
အဆွေခင်ပွန်း ရှိမှ၊ သုခါ- ချမ်းသာ၏။

အဓိပ္ပာယ်က အမှုကိစ္စကြီးငယ်
တစ်စုံတစ်ရာ ပေါ်ပေါက်လာရင်
မိတ်ကောင်းဆွေကောင်း ရှိမှ
ချမ်းသာမယ်တဲ့။ ဒီချမ်းသာဟာ
လူ့ဘဝမှာ အလွန် အခြေခံကျတဲ့
ချမ်းသာ ဖြစ်ပါတယ်။ ဘာပြုလို့လဲ
စဉ်းစားကြည့်ပါ။ လူရယ်လို့ ဖြစ်လာရင်
အမှုကိစ္စကြီးငယ်ဆိုတာ မတွေ့ဘဲ မနေဘူး။ သေချာပေါက် တွေ့ရမှာ။ လူ့ဘဝဆိုတာ
အမှုကိစ္စကြီးငယ်တွေနဲ့ တည်ဆောက်
ထားတာလို့တောင် ဆိုနိုင်တယ်။
ဒါကြောင့် အသက်တစ်ရာ မနေရသော်လည်း
အမှုတစ်ရာ တွေ့တတ်တယ်လို့ ဆိုကြတာ
မဟုတ်လား။ အရေးအကြောင်း
တစ်စုံတစ်ရာ ဖြစ်လာပြီဆိုတာနဲ့
အဲဒါ မိတ်ဆွေကောင်းရှိတဲ့သူတွေ
သက်သာခွင့်၊ ချမ်းသာခွင့် ရကြမယ်။
မိတ်ဆွေကောင်း မရှိဘူးဆိုရင်တော့
အဲဒီအချိန်မှာ ကူမယ့် ညီမယ့်လူ
မရှိဘဲနဲ့ နှာခေါင်းကျည်ပွေ့တွေ့ပြီး
ဒုက္ခရောက်ရမှာပါပဲ။

ဒါကြောင့် အရေးကြုံလာရင် ဒုက္ခ
မရောက်ရအောင် မိတ်ဆွေကောင်းဆိုတာ
ရှိထားရမယ်။ လောကမှာ တချို့ပြဿနာ၊
တချို့အခက်အခဲတွေက ကိုယ်
တစ်ယောက်တည်း ရှင်းလို့မလင်းနိုင်ဘူး။
ကိုယ့်မိသားစု တစ်ခုတည်းနဲ့လည်း
မရှင်းနိုင်ဘူး။ မိတ်ကောင်းဆွေကောင်းကို
ရှိမှ အဆင်ပြေတာ။ ဆက်ဆံရေးတွေ
ကျယ်ပြန့်လာတဲ့ အခုခေတ်ကာလမှာ
ကိုယ့်တစ်နိုင်ငံတည်း ဖြေရှင်းလို့မရတဲ့
ပြဿနာတွေတောင် ရှိတယ်။

ဒါကြောင့် နိုင်ငံတွေ အချင်းချင်း မင်းတို့
အခက်အခဲတွေ့ရင် တို့ကူညီပါ့မယ်။
တို့ အခက်အခဲရှိရင်လည်း မင်းတို့
ကူညီပါဆိုပြီးတော့ မဟာမိတ်ဖွဲ့ထားတဲ့
နိုင်ငံတွေတောင် ရှိတယ်မဟုတ်လား။
ဒါကြောင့် အမှုကိစ္စတွေ များပြားလွန်းတဲ့
လူ့လောကကြီးမှာ အခက်အခဲ တွေ့လာရင်
ဝိုင်းဝန်းပြီး ဖြေရှင်းပေးမယ်။
မိတ်ဆွေကောင်းတာ မရှိမဖြစ်ကို
လိုအပ်ပါတယ်။

ဒါဖြင့် မိတ်ဆွေကောင်းရှိအောင်
ဘယ်လိုလုပ်မလဲ။အကောင်းဆုံးကတော့
ကိုယ့်မိတ်ဆွေတွေရဲ့အပေါ်မှာ
ကိုယ်ကိုယ်တိုင်က မိတ်ဆွေကောင်း
ပီသအောင် မေတ္တာစေတနာနှင့်
ဆက်ဆံ ပေါင်းသင်းပါ။ ဒါဆိုရင်
ကိုယ့်မိတ်ဆွေတွေဟာလည်း ကိုယ့်
အပေါ်မှာ မိတ်ဆွေကောင်းတွေ
ဖြစ်လာကြမှာပါ။ ကိုယ်ကိုယ်တိုင်က
မိတ်ဆွေကောင်း ပီသအောင်
မဆက်ဆံဘဲနဲ့ ကိုယ်ကျိုးကိုပဲ ကြည့်ပြီးတော့
အတ္တကြီးကြီးနဲ့ ဆက်ဆံမယ်ဆိုရင်တော့
ကိုယ့်မိတ်ဆွေတွေကလည်း သူတို့အကျိုး
သူတို့ကြည့်ပြီး ကိုယ့်ကို ဆက်ဆံသွားကြမှာပါပဲ။
ဒါကြောင့် မိတ်ကောင်းဆွေကောင်း ရှိချင်ရင်
မိတ်ဆွေတွေရဲ့အပေါ်မှာ ကိုယ်ကိုယ်တိုင်က
မိတ်ဆွေကောင်း ပီသအောင် ဆက်ဆံရမယ်။
ဒါမှ မိတ်ဆွေကောင်း ရပြီး အရေးကြုံလာရင် ချမ်းသာကြမှာ ဖြစ်ပါတယ်။

သစ္စာရွှေစည်ဆရာတော်

သုခ(၁၂)ပါး တရားတော် စာအုပ်မှ ကူးယူ ပူဇော်သည်။

#မူရင်းမျှဝေသူကိုCrdပေးပါသည်။
ဒါနထည်းတွင် ဓမ္မ ဒါနသည်
အမြတ်ဆုံးသော ဒါနဖြစ်ပေသည်။ 🙏

568 - 12

Dhamma Buddha
Posted 3 days ago

မဟာသမယသုတ် ပူဇော်ခြင်း🙏
- အရှင်သုစိတ္တမော်ကျွှန်း
https://youtu.be/yK3kUTBhxZc

21 - 0

Dhamma Buddha
Posted 3 days ago

မ မေ့ နဲ့
<><><>

ဆုတ်ကပ် ခေတ်ကြီးထဲ
ရောက်နေတာကို
မမေ့နဲ့ •••

မြင်နိုင်တဲ့ အန္တရာယ် ရှိသလို
မမြင်နိုင်တဲ့ အန္တရာယ်ရှိတယ် ဆိုတာကိုလည်း
မမေ့နဲ့ •••

သရဏဂုံသုံးပါးနဲ့ ငါးပါးသီလ မြဲအောင်
ထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း
မမေ့နဲ့ •••

ဒီ တစ်ဘဝတည်းနဲ့
ပြီး မသွားဘူးဆိုတာလည်း မမေ့နဲ့ •••

ပြုပြီးသော အကုသိုလ်များ ကြေပျောက်ဖို့ရန်
ဝိပဿနာ ပွားများအားထုတ်ဖို့ရန်လည်း
မမေ့နဲ့ •••

#မဟာဗောဓိမြိုင်_ဆရာတော်_ဘုရားကြီး

#မူရင်းမျှဝေသူကိုCrdပေးပါသည်။
ဒါနထည်းတွင် ဓမ္မ ဒါနသည်
အမြတ်ဆုံးသော ဒါနဖြစ်ပေသည်။ 🙏

463 - 14

Dhamma Buddha
Posted 4 days ago

ဘုရားဂုဏ်တော်ကိုးပါး-ပဋ္ဌာန်း-ပရိတ်ကြီး
- အရှင်ဥတ္တရ(မဟာစည်) 🙏
https://youtu.be/ChrzRr-RdgU

13 - 0

Dhamma Buddha
Posted 5 days ago

နံနက်ခင်း ပဋ္ဌာန်းပါဠိတော် 🙏
- အရှင်ဥတ္တရ (မဟာစည်နည်လှည့်ဓမ္မကထိက)
https://youtu.be/rVxME4ENaX8

17 - 0