in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c
ဒီရက်ပိုင်း ရေဘေးအတွက် နိုင်သလောက်လေး
ကူညီပံ့ပိုးဖြစ်တာလေး မျှဝေတာဖြစ်ပါတယ်...
နောက်ပိုင်းပြန်လည်ထူထောင်ရေးမှာလည်း အခက်ခဲနေတဲ့သူတွေအတွက် တကယ်အလုပ်လုပ်ပေးနေတဲ့အဖွဲ့တွေဆီကို ကိုယ်နိုင်သလောက် ပါ၀င်ကူညီပေးကြဖို့လည်း တိုက်တွန်းပါရစေခင်ဗျာ။
46 - 0
ခဏခဏမေးကြလို့ video လေးလုပ်ပေးထားပါတယ်..
ဒီနေ့ညနေ ၆နာရီမှာ video ကြည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာ..
22 - 0
ခက်ခဲတဲ့ကာလဆိုတော့ ကိုယ်သိတာလေးတွေ လိုအပ်မယ်ထင်တဲ့သူတွေကို မျှဝေပေးတဲ့အခါ အမှားနည်းပြီး ပိုမိုအဆင်ပြေစေနိုင်ပါတယ်... ဒါဟာလည်း ကူညီခြင်းတမျိုးပါပဲ 😊
37 - 0
ကျနော် @BestSharewithLove Channel က
video တွေ ခဏခဏတော့ မတင်ပေးနိုင်ပါဘူးခင်ဗျာ
ခဏခဏအသုံးချလို့ရတဲ့ မုန့်လုပ်နည်းတွေပဲ မကြာမကြာတင်ပေးတာမို့ ရှေ့က video တွေ မလေ့လာရသေးတဲ့သူတွေ Channel ထဲမှာ သုံးတည့်နိုင်တာလေးတွေ ရှာကြည့်လို့ရပါတယ်ခင်ဗျာ
မုန့်လုပ်နည်း video တွေကြည့်ပြီး အတွေ့အကြုံလေးတွေ Video တွေအောက်က comment တွေမှာ မျှဝေပေးသွားလို့ရပါတယ်ခင်ဗျာ 😊💙
34 - 2
Video အသစ်မလုပ်ပေးနိုင်တာတောင်ကြာသွားပြီဆိုတော့ ညနေ ၆နာရီကြရင် Best Share with Love Page နဲ့ YouTube Channel မှာ အီကြာကွေးပြုလုပ်နည်း video အသစ် တပြိုင်တည်း တင်ပေးပါမယ်ခင်ဗျာ...
အဆင်ပြေတဲ့နေရာမှာ လေ့လာနိုင်ပါတယ်...
မကြာခင် video အသစ်မှာ ဆုံပါမယ်ခင်ဗျာ...
40 - 0
ဒီ SS က ကျနော့် ချန်နယ်မှာလာမေးထားတဲ့ comment ကို SS ရိုက်ထားတာပါ...
ပထမဆုံး အခုလို ဦးဦးလို့ အခေါ်ခံရတာဖြစ်သလို
ဦးဦးလို့ခေါ်ကတည်းက အသက်ငယ်တဲ့အရွယ်ဖြစ်မယ်ထင်တယ်...
ကျနော့် ချန်နယ်ကို အခုလိုအရွယ်တွေ လာကြည့်တာကို သိစေတဲ့ Comment လေးဖြစ်လို့လည်း အမှတ်တရ post တင်တာဖြစ်ပါတယ်...
ဝါသနာပါတဲ့သူတွေအတွက် ပိုမိုလေ့လာရလွယ်အောင်လည်း နောက် video တွေမှာ ပိုဂရုစိုက်သွားပါမယ်ခင်ဗျာ ☺☺
အခုလို ဦးဦးရဲ့ Video တွေကို အားပေးလို့လည်း Comment ပိုင်ရှင်လေးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ 💙
မသိတာတွေရှိရင်လည်း မေးပါခင်ဗျာ..
သေချာဖြေပေးပါ့မယ် ☺
29 - 0
FB က နိုင်ငံတော်တော်များများသုံးမရဘူးနော်
စိတ်မပူနဲ့ ကျနော် video တွေ YouTube မှာ ကြည့်လို့ရပါသေးတယ် 😄
မနက်ဖြန်တောင် အသစ်တပုဒ်တင်ပေးဖို့ရှိသေးတယ်...
😊
စောစောအိပ်ပါ...
မနက်ဖြန် video အသစ်မှာ ပြန်ဆုံပါမယ်ခင်ဗျာ 💙
29 - 2
မင်္ဂလာပါ...
ကျွန်တော်တို့ Best Share with Love channel သည်
ကျွန်တော်တို့ ၂၀၀၉ ခုနှစ်မှစ၍ ဖြတ်သန်းလာရသော အတွေ့အကြုံများကိုအခြေခံ၍
ပေါင်မုန့်၊ ကိက်မုန့်ပြုလုပ်နည်းများအပြင် မုန့်လုပ်ရာတွင်သိသင့်သည့် ဗဟုသုတများကို
မျှ၀ေသွားမှာဖြစ်သလို အခါအားလျှော်စွာ အစားအသောက်နှင့်ပတ်သက်သည့်များကိုပါ မျှ၀ေသွားမှာဖြစ်ပါသည်။
အစားအသောက်နှင့် မုန့်များ၊ မွေးနေ့ကိက်များကို ကိုယ်တိုင်လုပ်ရတာ၀ါသနာပါသူများ၊
Bakery အလုပ်ကို စိတ်၀င်စားသူများ၊ တစ်ပိုင်တစ်နိုင် Home made မုန့်များလုပ်ရောင်းချင်သူများအတွက်
Subscribe မဖြစ်မနေလုပ်ထားသင့်ပါသည်။
မုန့်လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ပတ်သက်သည့်ဗဟုသုတများလည်း အခါအားလျှော်စွာ မျှ၀ေပေးသွားပါမည်။
Viewer များသိလိုသည်များကို ကျွန်တော်တို့ Best Share with Love Channel မှ တင်ထားသော video များ အောက်တွင်လည်း
Comment များဖြင့် မေးမြန်းနိုင်သလို၊ မေးမြန်းသည်များကိုလည်း အတက်နိုင်ဆုံး သိထားသမျှ အတွေ့အကြုံဗဟုသုတများကို အခြေခံ၍
ပြန်လည်ဖြေကြားပေးသွားပါမည်။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။
Subscribe လုပ်သွားပေးဖို့လည်း မျှော်လင့်ပါတယ်ခင်ဗျာ။