ကံကောင်းခြင်းတံခါးလာခေါက်တဲ့အခါ - နိုင်းနိုင်းစနေ

8 videos • 1,459 views • by HLA Burmese Audio Books Good Day everyone! 🍀 Hla Audio Books Youtube Channel မှာ ဆရာမနိုင်းနိုင်းစနေရဲ့ "ကံကောင်းခြင်းတံခါးလာခေါက်တဲ့အခါ" ဘာသာပြန်စာအုပ်လေးဖတ်ပြထားပါတယ်။ ဒီစာအုပ်လေးက လွန်ခဲ့တဲ့ ၄နှစ်လောက်က လှယဉ်ဖတ်ဖြစ်ခဲ့တဲ့စာအုပ်လေးပါ။ ကံကောင်းခြင်းဆိုတာဘာလဲ ကံကောင်းခြင်းတွေက ဘယ်လိုလူမျိုးတွေမှာဖြစ်ပေါ်တတ်တာလဲဆိုတာ ဒီစာအုပ်လေးက အဖြေပေးပါလိမ့်မယ်။ ဒါလေးဖတ်ပြီး အတွေးသစ်လေးတွေရတယ် စိတ်ဓာတ်ခွန်အားလည်းရတယ်။ အဲ့ဒါကြောင့် အားလုံးအတွက် လှယဉ်ဖတ်ပြထားပါတယ်။ ဒီစာအုပ်ကို ဘာသာပြန်ဆိုရေးသားထားတဲ့ ဆရာမ နိုင်းနိုင်းစနေကို ကျေးဇူးအထူးတင်ပါတယ်။ မူရင်းစာအုပ်ကို စာရေးဆရာ Alex Rovira, Fernando Trias de Bes ရေးသားထားပြီး Good Luck လို့အမည်ရပါတယ်။ အရမ်းစိတ်ပင်ပန်းလာလို့ပဲဖြစ်ဖြစ် ခုံပေါ်မှာခဏလေးထိုင်အနားယူရင်း Ear phone လေးနဲ့ ဒီ အသံစာအုပ်လေးကို နားဆင်ပေးပါဦး။ Subscribe button လေးကိုလည်း နှိပ်ပေးထားပါဦး။ စာအုပ်ကသိပ်မထူပေမယ့် လှယဉ်အပိုင်းလေးတွေခွဲပြီးဖတ်ပြထားပါတယ်။ အပိုင်း-၁ ကနေ ၈ အထိရှိတယ်။ နားဆင်ကြည့်ပါဦးရှင်။ https://youtu.be/MyLiLL0_4K0 လှယဉ်ကိုဖတ်စေချင်တဲ့စာအုပ်လေးတွေရှိရင်လည်း comment လေးမှာ ရေးပေးခဲ့နော်။ 💕 သာယာတဲ့နေ့လေးဖြစ်ပါစေ 🍀