Channel Avatar

PyaePhyoAungKM @UCYYkiqmkCOViC3HVmPOL7sQ@youtube.com

93K subscribers - no pronouns :c

☕ လ္ဘည်ရည်ဖိုး ပေးလိုက 09697867969 သို့ kpay WavePay မှ လွှဲ


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

PyaePhyoAungKM
Posted 6 hours ago

အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် တည်ဆောက်ထားသည့်မိတ်ဆွေနိုင်ငံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီး မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီး မစ္စတာပူတင်တို့ မတ်လ ၄ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။

ရုရှားသမ္မတ မစ္စတာပူတင်က “အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်များကို အတူတူပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆွေတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ရုရှားနိုင်ငံခရီးစဉ် အတွင်း ဆွေးနွေးပွဲများ၊ ဆွေးနွေးမှုများ အောင်မြင်မှုရရှိခဲ့ပါတယ်။ ရရှိထားတဲ့ရလဒ် တွေကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အသီးသီးမှာ ဆတက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်ပါတယ်" ဟု ပြောကြား ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က "မြန်မာ နိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူလူထုကနေပြီးတော့မှ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်ပါကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးရပ်တည်ချက်များ ပြည့်မီဖို့ ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းရဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ မြန်မာနိုင်ငံအပေါ်စဉ်ဆက်မပြတ် ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ နောင်အနာဂတ်မှာလည်း ကျွန်တော် တို့နှစ်နိုင်ငံကြားက အပြည်ပြည်ဆိုင်ရာမျက်နှာစာမှာ ၁ အပြည်ပြည်ဆိုင်ရာမျက်နှာစာမှာ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်" ဖြစ်ကြောင်း ပြောကြားခဲ့သည် ။

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံစီးပွားရေးအတွက် အထူးလိုအပ်သည့် လျှပ်စစ် ဓာတ်အားပေါပေါများများထုတ်လုပ်ပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ တိုးတက်ရေး၊ မြန်မာနိုင်ငံတွင် အသေးစားအဏုမြူဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးအတွက် သဘောတူညီမှုရရှိခဲ့သည်။

အကျိုးရလဒ်အနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့်ပတ်သက်၍ အလုပ်အကိုင်အခွင့် အလမ်းများနှင့် ပညာရပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရရှိမည်ဖြစ်သည်။

စက်မှုနှင့် အဆင့်မြင့်နည်းပညာနယ်ပယ်တွင် ပူးတွဲစီမံကိန်းများကို အကောင် အထည်ဖော်လျက်ရှိပြီး ရုရှားနိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဂြိုဟ်တုမှ ရရှိထားသည့်အချက်အလက်များ လေ့လာရေးစင်တာကို ဖွဲ့စည်းထားသည်။

ရုရှား နိုင်ငံ၏ အောင်မြင်နေသော အာကာသနယ်ပယ်နှင့်ပတ်သက်၍ ဗဟုသုတများစွာ ရရှိနိုင်သည်။

ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုနယ်ပယ်တွင် မြန်မာနိုင်ငံ၌ ရုရှား ယဉ်ကျေးမှုဗဟိုဌာနကို ဖွင့်လှစ်ရန်ရှိပြီး ရန်ကုန်မြို့တွင် ပထမဆုံး အော်သိုဒေါ့ ခရစ်ယာန်ရုရှားဘုရားရှိခိုးကျောင်းတည်ဆောက်ရန် အစီအစဉ်ရှိသည်။

ရုရှားနိုင်ငံ တွင် မြန်မာနိုင်ငံယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဗဟိုဌာနနှစ်ခု တည်ဆောက်ထားပြီး ဖြစ်သည်။ မကြာသေးမီကာလက ရုရှား-မြန်မာ ကုန်သွယ်ရေးကော်မရှင်အစည်း အဝေးကို နေပြည်တော်တွင်ကျင်းပခဲ့ပြီး နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကော်မရှင်ကို ဖွဲ့စည်းထားကာ ကော်မရှင်အနေဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထူးခြားမှုအနေဖြင့် လာမည့် မေလ ၉ ရက်နေ့ တွင် ကျရောက်မည့် (၈၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မော်စကိုမြို့တော် တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုတပ်ဖွဲ့ ရင်ပြင်နီချီတက်ပွဲတွင် ပါဝင်ချီတက်ရန်နှင့် မြန်မာနိုင်ငံအကြီးအကဲကို အခမ်းအနားသို့တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများ ရုရှားဘာသာစကားသင်ယူရန်အတွက် မြန်မာ နိုင်ငံရှိ ထင်ရှားသော ရန်ကုန်နှင့် မန္တလေးရှိ နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် သင်ကြားပေးလျက်ရှိသည်။ ရုရှားနိုင်ငံတက္ကသိုလ်တွင် မြန်မာ နိုင်ငံမှ သင်တန်းသား သင်တန်းသူ ၃၀၀ ခန့် တက်ရောက်သင်ကြားလျက်ရှိသည်။

ပညာရခန်းသာယာတာသကြားခဲ့သည်ရှိသည်။ ရုရှားနိုင်ငံ တက္ကသိုလ်အသီးသီးမှ ပညာရပ်များ သင်ယူတတ်မြောက်ခဲ့သည့် မြန်မာ နိုင်ငံမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း တစ်သောင်းခန့်ရှိပြီဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏ ယခုခရီးစဉ်အတွင်း စိန့်ပီတာစဘတ်မြို့ နှင့် နိုဗာစီ ဘစ်ရစ်ခ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ရုံးများကိုလည်း တရားဝင်ဖွင့်လှစ်သွား မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်မှ စတင်တည်ထောင် ခဲ့သော ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၇ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ရာ နှစ်ပေါင်းရှည်ကြာလာသည်နှင့်အမျှ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ပိုမို နက်ရှိုင်းလာသလို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ သိပ္ပံ နှင့်နည်းပညာ၊ လျှပ်စစ်စွမ်းအား၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍတို့အပါအဝင် အကျိုးတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မကြာမီကာလအတွင်း ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

370 - 5

PyaePhyoAungKM
Posted 16 hours ago

မြန်မာနိုင်ငံသည် Su-47 Berkut လေယာဉ်များကို ဝယ်ယူသည်ဟူသော သတင်းများ မှန်ကန်ခြင်း မရှိပါ။
(ရုရှားထုတ် ပဉ္စမမြှောက်မျိုးဆက် Su 57 ဆိုလျှင်တော့လည်း မပြောတတ်ပါ )

Su-47 လေယာဉ်သည် ရုရှား၏ စမ်းသပ်လေယာဉ်တစ်စင်းဖြစ်ပြီး၊ ထုတ်လုပ်မှုအဆင့်သို့ မရောက်ရှိခဲ့သောကြောင့်၊ မည်သည့်နိုင်ငံကိုမျှ ရောင်းချခြင်း မရှိနိူင်ပါ။

မြန်မာနိုင်ငံသည် လေတပ်အင်အားကို မြှင့်တင်ရန် ရုရှားနှင့် အခြားနိုင်ငံများမှ စစ်လေယာဉ်များကို ဝယ်ယူခဲ့သော်လည်း၊ Su-47 ကဲ့သို့သော စမ်းသပ်လေယာဉ်များကို ဝယ်ယူထားခြင်း မရှိပါ။

မြန်မာနိုင်ငံ၏ လေတပ်တွင် ရုရှားနှင့် တရုတ်နိုင်ငံမှ စစ်လေယာဉ်များ၊ ဥပမာ Su-30 MiG-29 နှင့် JF-17 Thunder များ ပါဝင်သည်။

ထို့ကြောင့်၊ Su-47 လေယာဉ် ၆ စီးကို မြန်မာနိုင်ငံက ရရှိထားသည်ဟူသော သတင်းသည် မှားယွင်းနေပါသည်။

သတင်းအချက်အလက်များကို စစ်ဆေးရန် ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ အတည်ပြုချက်များကို ရယူသင့်ပါသည်။

246 - 10

PyaePhyoAungKM
Posted 2 days ago

ဗိုလ်ချုပ်မှုးကြီးမင်း‌‌ေအာင်လှိုင် မီဒီယာများကိုတွေ့ဆုံပြောကြားသောမိန့်ခွန်း

လေးစားအပ်ပါတဲ့ အဆွေတော် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ နိုင်ငံသမ္မတကြီး မစ္စတာဗလာဒီမာပူတင်နှင့် တက်ရောက်လာကြတဲ့ နှစ်ဖက်က ဧည့်သည်တော်များခင်ဗျာ။

ကျွန်တော်က သမ္မတကြီး မစ္စတာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကိုချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးပါ ပြီးယုံကြည်ရတဲ့ မိတ်ဆွေနိုင်ငံ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုတွေနဲ့ အခြေခံ တည်ဆောက်ထားတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ကျွန်တော်တို့အနေနဲ့ တန်ဖိုးထားပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။

၁၉၄၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သံတမန်ဆက်ဆံရေးဟာ နှစ်ပေါင်း (၇၇) နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှု ဟာလည်း ပိုမိုနက်ရှိုင်းလာပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေ ဟာလည်း ပိုမိုအောင်မြင်တိုးတက်လာတာကိုလည်း ဝမ်းမြောက် ဖွယ်ရာ တွေ့ရှိရပါတယ်။

ကျွန်တော်တို့ချစ်ကြည်ရေးခရီးစဉ်မှာအဆွေတော်သမ္မတကြီး မစ္စတာပူတင်နဲ့ နှစ်နိုင်ငံရဲ့ နိုင်ငံတကာ အခြေအနေအရပ်ရပ်ကို ကျယ်ပြန့်စွာ ဆွေးနွေးနိုင်ခဲ့ပါတယ်။

အလားတူ ရုရှားနိုင်ငံအစိုးရအဖွဲ့ ဝန်ကြီးချုပ် H.E. Mr. Mikhail Vladimirovich Mishustin နဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့လည်း တွေ့ဆုံပြီးတော့မှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။

ယနေ့ တွေ့ဆုံပွဲမှာလည်း ကျွန်တော်တို့နှစ်ဦးဟာ နှစ်ဖက်သဘောတူညီ ချက်များစွာကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်ပါတယ်။ အထူးသဖြင့် သမ္မတကြီးအနေဖြင့်လည်း အသေးစိတ်အားဖြင့် ရှင်းပြပြီးဖြစ်ပါ တယ်။

နှစ်ဖက်ယုံကြည်စိတ်ချစွာ ဆွေးနွေးမှုများကြောင့် သဘော တူညီချက် (၁၀) ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ခရီးစဉ်အတွင်းမှာ စိန့်ပီတာစဘတ်မြို့ နဲ့ နိုဗာစီတစ်ရစ်ခ် မြို့တို့မှာ မြန်မာကောင်စစ်ဝန်ရုံးများကိုလည်း တရားဝင်ဖွင့်လှစ် သွားမှာဖြစ်တာကြောင့် နှစ်ဖက်အကြား ဆွေးနွေးဖလှယ်မှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြီး တိုးချဲ့ဆောင်ရွက်သွား နိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။

ယခုခရီးစဉ်ကနေ တစ်ဆင့် ကျွန်တော်တို့နှစ်နိုင်ငံအကြားမှာ ချစ်ကြည်ရင်းနှီးမှုဟာ ပိုမိုနက်ရှိုင်းစေပြီးတော့မှ နှစ်ဖက်အကြားမှာ ကုန်သွယ်ရေး၊ စီးပွား ရေး၊ ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ လျှပ်စစ်စွမ်းအား၊ စက်မှုနဲ့ စွမ်းအင်ကဏ္ဍတို့အပါအဝင် အကျိုးတူကဏ္ဍစုံ ပူးပေါင်းဆောင်ရွက် မှုတွေလည်း မကြာခင်ကာလအတွင်းမှာ ယခုထက်ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူလူထုကနေပြီးတော့မှ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီးတည်ငြိမ်အေးချမ်း ရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်ပါကြောင်း ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးရည်မှန်းချက်များပြည့်မီဖို့ ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းရဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ မြန်မာ နိုင်ငံအပေါ်မှာ စဉ်ဆက်မပြတ်ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူး တင်ရှိပါကြောင်း အလေးအနက် ကျွန်တော်ပြောကြားလိုပါတယ်။

နောင်အနာဂတ်မှာလည်း ကျွန်တော်တို့နှစ်နိုင်ငံကြားမှာ အပြည်ပြည် ဆိုင်ရာမျက်နှာစာမှာ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားလိုပါတယ်။

အဆွေတော်သမ္မတကြီးခင်ဗျာ - မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်မြင့်မားစေဖို့အတွက် ကျွန်တော့်အနေနဲ့ အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်လောင်း ဆန္ဒပြုပါတယ်။

ကျွန်တော်တို့ချစ်ကြည်ရေး ခရီးစဉ်ကို အစစအရာရာ ပြည့်စုံအောင် ဆောင်ရွက်ပေးမှုများ၊ နွေးထွေးစွာကြိုဆိုမှုများအတွက် ကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းနဲ့ အဆွေတော် သမ္မတ ကြီးကို အခါအခွင့်သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်နိုင်ဖို့အတွက်ကိုလည်း ဖိတ်ကြားအပ်ပါတယ်။

985 - 77

PyaePhyoAungKM
Posted 2 days ago

ရုရှားသမ္မတ ဗလာဒီမာ ပူတင်
မီဒီယာများနှင့် တွေ့ဆုံပြီး ပြောကြားချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံကို အလည်အပတ်ခရီးလာရောက်တဲ့အတွက် ကြိုဆို ပါတယ်။ နှစ်နိုင်ငံအကြားမှာ စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။

ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး အကောင် အထည်ဖော် ဆောင်ရွက်မှုကို အဓိကထားဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာ ချက်ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။

၁၉၄၈ ခုနှစ်ကစပြီး ဆိုဗီယက်ပြည်ထောင်စုက နိုင်ငံများအနက် ရုရှားနိုင်ငံက မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ် ပြုခဲ့ပါတယ်။

နောင် ဆိုဗီယက်ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီတွေပေးခဲ့ပါတယ်။ ပြီးတော့ ပညာရှင်များကိုလည်း ကူညီ ပေးခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်၌ အရေးကြီးတဲ့ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

အခုလက်ရှိမှာလည်း ရုရှား နိုင်ငံက မြန်မာနိုင်ငံကို အားပေးကူညီလျက်ရှိပြီး မြန်မာစက်မှု စီးပွားရေး အခန်းကဏ္ဍမှာလည်း အကူအညီပေးပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းရေးအခြေအနေကိစ္စရပ်များ ကောင်းမွန်စေဖို့အတွက်ကို လည်း ထောက်ခံအားပေးနေပြီးတော့ ပူးတွဲကြေညာချက်ကို ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအတွက် ပြောင်းလဲအတည်ပြုခဲ့ပါတယ်။

ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ကျွန်တော်တို့ ဆတက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်စေဖို့ ပါရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏ ၄၀ ၄၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ခဲ့ပြီး ယခင်က ယခင်က သန်း ၂၀၀၀ ခန့် ရှိပါတယ်။

ကျွန်တော်တို့အပြန်အလှန်ကုန်သွယ်ရေးကို တိုးတက်စေဖို့ အဆင်သင့်ရှိပါတယ်။ ချေးငွေနဲ့ဘဏ္ဍာရေးနယ်ပယ်မှာလည်း ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ကလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မကြာခင်က ကုန်သွယ်ရေးကော်မရှင်အစည်းအဝေးကို နေပြည်တော် မှာ ကျင်းပခဲ့ပါတယ်။

စွမ်းအင်အခန်းကဏ္ဍမှာလည်း ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ် နေပါတယ်။ အခြားနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ မိမိတို့အနေနဲ့ အသင့်ရှိပါတယ်။

အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များတိုးတက်ရေး၊ မြန်မာနိုင်ငံတွင် အသေးစား အဏုမြူဓာတ်အားပေးစက်ရုံဆောက်လုပ်ရေးအတွက် သဘော တူညီခဲ့ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးအတွက်လိုအပ်တဲ့ လျှပ်စစ် ဓာတ်အား ပေါပေါများများပေးနိုင်ပါမယ်။

မြန်မာနိုင်ငံမှာ ဆောက်လုပ် ရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်အချို့ရှိခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ အလုပ်အကိုင်အခွင့် အလမ်းနဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

စက်မှုနှင့် အဆင့်မြင့်နည်းပညာနယ်ပယ်မှာ ကျွန်တော်တို့ ပူးတွဲ စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။

ရုရှားနိုင်ငံ အကူ အညီနဲ့ မြန်မာနိုင်ငံမှာ ဂြိုဟ်တုက ရရှိထားတဲ့အချက်အလက်များ လေ့လာရေးစင်တာကို ဖွဲ့စည်းထားပါတယ်။ အဆွေတော်ဝန်ကြီးချုပ် အနေနဲ့လည်း ရုရှားနိုင်ငံ ဒုံးပျံနှင့်အာကာသဗဟိုဌာနကို လေ့လာ ခဲ့ပါတယ်။

ရုရှားနိုင်ငံက အာကာသနယ်ပယ်မှာ အောင်မြင်မှုနဲ့ ပတ်သက်ပြီး ဗဟုသုတများစွာ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော် တို့ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနယ်ပယ်နဲ့ လူသားချင်းစာနာမှု နယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ပါမယ်။

မြန်မာနိုင်ငံမှာ ရုရှား ယဉ်ကျေးမှုဗဟိုဌာနကို ဖွင့်ဖို့ရှိပြီးတော့ ရန်ကုန်မြို့မှာ ပထမဆုံး အော်သိုဒေါ့ ခရစ်ယာန် ရုရှားဘုရားရှိခိုးကျောင်း တည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ ရုရှားနိုင်ငံမှာလည်း မြန်မာနိုင်ငံယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာဗဟိုဌာန နှစ်ခုရှိပါတယ်။

မြန်မာနိုင်ငံသူ/နိုင်ငံသားများ ား ရုရှားဘာသာစကားကိုသင်ယူဖို့ က်မြန်မာနိုင်ငံမှ ခေါင်းဆောင်များက အကူအညီပေးတဲ့အတွက် အတွက် များစွာကျေးဇူးတင်ပါတယ်။

ရုရှားဘာသာစကားကို မြန်မာနိုင်ငံမှာ နာမည်ကြီးတက္ကသိုလ်နှစ်ခုဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ်နဲ့ စစ်တက္ကသိုလ်မှာလည်း ရုရှားဘာသာစကားကိုသင်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရုရှားဘာသာစကားကို ယခုထက်ပိုမိုသင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်။

အခုရုရှား တက္ကသိုလ်မှာ မြန်မာနိုင်ငံမှ သင်တန်းသား သင်တန်းသူ ဦးရေ ၃၀၀ ခန့် တက်ရောက်ပညာသင်ကြားလျက် ရှိပါတယ်။ ရုရှားနိုင်ငံ တက္ကသိုလ်အသီးသီးကနေ ပညာရပ်များ သင်ယူတတ်မြောက်ခဲ့တဲ့ မြန်မာနိုင်ငံမှ သင်တန်းသား သင်တန်းသူ စုစုပေါင်းဆိုပါက ဦးရေ တစ်သောင်းခန့်ရှိခဲ့ပြီဖြစ်ပါတယ်။

မေလ ၉ ရက်နေ့မှာ (၈၂) ကြိမ် မြောက် အမျိုးသားအောင်ပွဲနေ့ကို မော်စကိုမှာကျင်းပမှာဖြစ်ပြီး တော့ အဆွေတော်ဝန်ကြီးချုပ်ကို အခမ်းအနားကို ပါဝင် တက်ရောက်နိုင်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။

မြန်မာနိုင်ငံက ကိုယ်စားပြုတပ်ဖွဲ့ကိုလည်း ရင်ပြင်နီချီတက်ပွဲမှာ ပါဝင်ချီတက် စေလိုပါတယ်။ နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးလိုပြီးတော့ နိုင်ငံတကာပြဿနာအများစုနဲ့ပတ်သက်ပြီး ရုရှား-မြန်မာ ရပ်တည် ချက်တွေက ကိုက်ညီပါတယ်။ တူညီပါတယ်။

နိုင်ငံတကာ မျက်နှာစာ မှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေရှိပြီးတော့ အရှေ့ပစိဖိတ် ဒေသများ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ ဆောင်ရွက် နေပါတယ်။ ရုရှားနဲ့ မြန်မာနိုင်ငံတို့ လုံခြုံရေးနယ်ပယ်မှာ တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်များကို အတူတူပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင် ပါတယ်။
အဆွေတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက် နိုင်ခဲ့ပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးပွဲများ၊ ဆွေးနွေး မှုများ အောင်မြ အောင်မြင်မှုရရှိခဲ့ပါတယ်။

ရရှိထားတဲ့ ရလဒ်တွေကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အသီးသီးမှာ ဆတက် ထမ်းပိုး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည် ပါတယ်။

မိမိရဲ့ဆွေးနွေးချက်များကို စိတ်ရှည်လက်ရှည် နားထောင် ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

(ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြောကြတာကိုရော ဆက်လက်တင်ပြပေးသွားပါမည် )

1.1K - 85

PyaePhyoAungKM
Posted 3 days ago

အခုမှ အရပ်သားပြည်သူဆိုပြီး မျက်ရည်မချုကြနဲ့

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသား တံတိုင်းအဖြစ်အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန်ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက် နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း။

( ၃-၉-၂ဝ၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအားပြောကြားသည့် အမှာစကားမှကောက်နုတ်ချက် )

471 - 83

PyaePhyoAungKM
Posted 3 days ago

နစကဥက္ကဋ္ဌ အား ရုရှားအစိုးရက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

1.4K - 114

PyaePhyoAungKM
Posted 3 days ago

နောက်ကွယ်မှာ
______________

တိတ်ဆိတ်ခြင်းရဲ့
နောက်ကွယ်
ဘလောင်ဆူနေတဲ့
ရင်အစုံတွေ ရှိတယ်။

တိတ်ဆိတ်ခြင်းရဲ့
နောက်ကွယ်
မငြိမ်းသေးတဲ့
သောကမီးတွေ ရှိတယ်။

တိတ်ဆိတ်ခြင်း ရဲ့
နောက်ကွယ်
ကမ္ဘာမကြေသေးတဲ့
မိစ္ဆာ ရှင်းပွဲတွေ ရှိတယ်။

#kazaw

211 - 22

PyaePhyoAungKM
Posted 4 days ago

ကမ္ဘာအလယ်မှာ မြန်မာ့တပ်မတော် ခြေဆန့်နေပြီ
VBCI 2 (France)

938 - 61

PyaePhyoAungKM
Posted 4 days ago

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီး သွားရောက် မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်း ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခဲ့သည့်(၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံရေးရာ ကိစ္စများကို ဆွေးနွေးခဲ့ရာ မြန်မာနှင့် ရုရှားတို့၏ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။

ယခုနှစ်သည် ရုရှားနှင့် မြန်မာတို့၏ နှစ်နိုင်ငံသံတမန် ဆက်ဆံမှု ၇၇ နှစ် ပြည့်မြောက်သော စိန်ရတုလွန်ကာလသို့ ရောက်ရှိလာသည့် နှစ်ဖြစ်သည်။
ရုရှားသည် မြန်မာနိုင်ငံနှင့် မိုင်ထောင်ချီဝေးကွာသည့် မိတ်ဆွေရင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာ့ရေးရာ မျက်နှာစာတွင် မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ပေးခဲ့သူဖြစ်သည်။
(၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံဆွေးနွေးရာ တွင်

ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလ ရှည်မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်တိုးတက်ကောင်းမွန် လျက်ရှိကြောင်း၊ ကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုများတွင် အလားအလာကောင်းများစွာကို တွေ့မြင်နေရကြောင်း ပြောကြားခဲ့မှုမှာ

အမှတ်ရဖွယ်ရာဖြစ်သကဲ့သို့ နိုင်ငံတော် အကြီး အကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ကြောင်းနှင့် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုမှစတင် ကာ

နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာ ခဲ့ပါကြောင်း ဂုဏ်ပြုချီးကျူးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ မှုမှာလည်း အမှတ်တရပင်ဖြစ်သည်။

ယခုသွားရောက်မည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည် ရေးခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊
ရုရှားဖက်ဒရေးရှင်း နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊
ရုရှားနိုင်ငံ ဒူးမား လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများအပါအဝင်
ရုရှား အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း

နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံ ရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ကသွားနှစ်ဖြစ်သည်ဟု

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာ‌ေစရန်ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း အချက်အချာ ကျသည့်နေရာ၌ တည်ရှိနေပြီး သယံဇာတအရင်းအမြစ်များ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်၊ သတ္တု၊ စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှု၊ သိပ္ပံနှင့်နည်းပညာ၊ သတင်း အချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေး၊ ဟိုတယ်/ခရီး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ပြန်ပြည့်မြဲစွမ်းအင် စသည်တို့အပါအဝင် ကဏ္ဍများစွာတို့တွင် နှစ်နိုင်ငံအကျိုးတူ ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများစွာ တို့ရှိနေသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက် အရ သွားရောက်မည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်သည် ရုရှားနှင့် မြန်မာ နှစ်နိုင်ငံတို့အကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုကို ထပ်လောင်းတိုးမြှင့်ခိုင်မာစေပြီး နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို အရှိန်အဟုန်မြင့်မားစွာ ဖော်ဆောင်နိုင်မည်ဖြစ် သည်ဟု အခိုင်အမာယုံကြည်ပါကြောင်း။ ။

745 - 72

PyaePhyoAungKM
Posted 5 days ago

ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ပွဲ

ကုသိုလ်ပြုနိုင်ရေးနိူး‌ဆော်လွှာ

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလမှစ၍ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၅ ခုနှစ် မေလခန့်တွင် ဗုဒ္ဓါ ဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနား ဆောင်ရွက်မည် ဖြစ်ပါသည်။

သဒ္ဓါကြည်လင် ပါရမီရှင်များမှ ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပါရန်နှင့် ရွှေစင်ရွှေပြား (၁၀)လက်မပတ်လည် ရွှေ(၁)ကျပ်သား တစ်ချပ်လျှင် ကျပ်(၂၅)သိန်းဖြင့်လည်းကောင်း၊
ရွှေစင် ရွှေပြား(၁)ပေပတ်လည် ရွှေ(၆)ကျပ်သား တစ်ချပ်လျှင် ကျပ်(၁၅၀)သိန်းဖြင့်လည်းကောင်း လှူဒါန်းနိုင်ပါ ကြောင်း၊
၂၀၂၅ ခုနှစ် မတ်လကုန်အတွင်း လှူဒါန်းသော ရွှေစင်ရွှေပြားများအား ယခု ဆောင် ရွက်နေသည့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း အစီအစဉ်တွင် ထည့်သွင်းလှူဒါန်းမည် ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးပျော်၍နှိုးဆော်အပ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
ဖုန်း - ၀၁-၃၇၅၇၆၇ ၀၁-၃၈၃၅၁၂၊ ၀၁-၃၃၅ဝ၂

720 - 21